ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၁

29.09.2020

နောက်ဆုံးသောကာလ အလုပ်က စည်းမျဉ်း အားလုံးနှင့် ပွင့်ထွက် လာပြီး သင့်အနေဖြင့် ကျိန်ခြင်းခံရသည်ဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်း ခံရသည်ဖြစ်စေ ငါ၏အလုပ်ကို သင်အကူအညီ ပေးနေသမျှ ယနေ့သိမ်းပိုက်ခြင်း၏ အကျိုးကို လုပ်ဆောင်နေသမျှ၊ သင့်အနေဖြင့် မောဘအမျိုး သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်သော်လည်း အလုပ်၏ ဤအဆင့်တွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို သင်ဖော်ဆောင်ပြီး အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ဆောင်နေသမျှ ကာလပတ်လုံး ဆိုင်ရာအကျိူးကို သင်ခံစားရရှိမည် ဖြစ်သည်။ သင်သည် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပြီး မောဘ၏ အမျိုးအနွယ်ဖြစ်သော်လည်း အချုပ်အားဖြင့် အသွေးအသားနှင့် တည်ဆောက် ထားသောသူ အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါများ ဖြစ်ကြပြီး ဘုရားသခင် ဖန်ဆင်းထားသော သူများဖြစ်ကြသည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ပြီး သင့်မှာ ရွေးချယ်ပိုင်ခွင့်မရှိပဲ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ မှန်ပါသည်၊ ယနေ့တွင် ဘုရားသခင်နှင့် သက်ဆိုင်သော အလုပ်ကို စကြဝဠာတစ်ခွင်လုံးတွင် ညွှန်ကြားထားပါသည်။ အဘယ်သို့သောသူမှ သင်ဆင်းသက်လာသည်ဖြစ်စေ အားလုံးအထက်မှာ သင်တို့သည် ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါများထဲမှ တစ်ဦးဖြစ်သည်။ မောဘ၏ အမျိုးအနွယ်ဖြစ်သည့် သင်တို့သည် ဘုရားသခင် ဖန်ဆင်းသောအရာများ၏ အစိတ်အပိုင်းဖြစ်ပြီး သင်တို့သည် ထိုက်တန်မှု နည်းပါးရုံမျှသာ ဖြစ်ခြင်းဖြစ်သည်။ ယနေ့ ဘုရားသခင်နှင့် သက်ဆိုင်သောအမှုကို ဖန်ဆင်းခံ သတ္တဝါများကြားနှင့် စကြဝဠာတစ်ခွင် သယ်ပိုးဆောင်ရွက်ဖို့ ရည်ရွယ်ထားသည့်အတွက် ဖန်းဆင်ရှင်က သူ့အမှုကို ဆောင်ရွက် စေဖို့ လူတစ်ဦးဖြစ်ဖြစ်၊ အကြောင်းကိစ္စတစ်ခုဖြစ်ဖြစ်၊ အရာဝတ္ထုတစ်ခုဖြစ်ဖြစ် လွတ်လပ်စွာ ရွေးချယ် နိုင်ပါသည်။ သင်မည်သည့်အမျိုးမှ ဆင်းသက်သည် ဆိုသည်ကို သူအလေးထားမည် မဟုတ်ပါ။ သင်ဟာ သူ၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်နေသမျှ၊ သူ၏အမှုဖြစ်သည့် သိမ်းပိုက်ခြင်းနှင့် သက်သေခံခြင်းနှင့် ဆိုင်သော အလုပ်အတွက် သင်အကျိူးပြုနိုင်သမျှ ကာလပတ်လုံး အဘယ်အရာကိုမျှ စောင့်ထိန်းမနေပဲ သူ၏အမှုကို သင့်အထဲ၌ သူလုပ်ဆောင်မည်ဖြစ်သည်။ ဤအချက်က လူတို့၏ အစဉ်အလာ သဘောထား ခံယူချက်ဖြစ်သည့် ဘုရားသခင်က တစ်ပါးအမျိုးသားတို့ အလယ်တွင် မည်သည့်အခါမျှ အလုပ်လုပ်မည် မဟုတ်၊ အထူးသဖြင့် ကျိန်ခြင်းခံပြီး နိမ့်ကျသောသူတို့နှင့် လုပ်မည်မဟုတ်၊ ကျိန်ခြင်းခံရ သော ထိုသူများ၊ ၎င်းတို့၏ နောက်ပိုင်း မျိုးဆက်များသည်လည်း ထာဝရပင် ကျိန်ခြင်းခံလိမ့်မည်။ ၎င်းတို့တွင် ကယ်တင်ခြင်း ရဖို့ အခွင့်အလမ်း လုံးဝမရှိ၊ ဘုရားသခင်က ဆင်းကြွပြီး တစ်ပါးအမျိုးသားတို့ မြေတွင် မည်သည့်အခါမျှ အလုပ်လုပ်မည်မဟုတ်၊ သူသည် သန့်ရှင်းသည့်အတွက် ညစ်ညမ်းသောမြေတွင် ခြေချမည် မဟုတ်ဟူသော အယူအဆကို ခြေဖျက်ပါသည်။ ဤယူဆချက်များကို နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အလုပ်က ရိုက်ချိုးခဲ့ပြီဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းခံသတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်သည်ကို သိပါ။ မိုးကောင်ကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို သူထိန်းသိမ်းအုပ်စိုးပြီး ဣသရေလူမျိုး တို့၏ ဘုရားသခင်မျှသာ မဟုတ်ပါ။ ထို့ကြောင့် တရုတ်ပြည်၌ ပြီးမြောက်ခဲ့သော ဤအမှုသည် အဆုံးစွန် အရေးပါသည့် အရာဖြစ်ပြီး တိုင်းနိုင်ငံတို့အလယ် နှံ့ပြားရမည် မဟုတ်ပါလား။ ကြီးမြတ်သော အနာဂတ်၏ သက်သေကို တရုတ်ပြည်တစ်ခု၌သာ ကန့်သတ်ထားလိမ့်မည် မဟုတ်ပါ။ သင်တို့ကို ဘုရားသခင် သိမ်းပိုက်ခြင်း ရှိမှသာ နတ်ဆိုးတို့ ယုံကြည်နိုင်ကြမည်လော။ သိမ်းပိုက်မှု ခံရခြင်း သို့မဟုတ် ဘုရားသခင်၏ တန်ခိုးကို သူတို့နားမလည်ကြပါ။ စကြဝဠာ တစ်ခွင်လုံးတွင် ရှိသည့် ဘုရားသခင် ရွေးကောက်ထားသော သူအားလုံးက ဤအမှု၏ အဆုံးစွန်သော အကျိုးများကို ရှုမြင်မှသာလျှင် ဖန်ဆင်းခံ သတ္တဝါအားလုံး သိမ်းပိုက်ခြင်းကို ခံရကြမည် ဖြစ်သည်။ မောဘ၏ အမျိုးအနွယ်ထက် မည်သူမျှ နောက်ကျန်သူ သို့မဟုတ် ယိုယွင်း ပျက်ဆီးသောသူ မရှိပါ။ ဤသို့ အယိုယွင်း အပျက်စီးဆုံးသောသူ၊ ဘုရားသခင်ကို မသိမှတ်သူ သို့မဟုတ် သိမ်းပိုက်သော ဘုရားသခင်ရှိသည်ဟု မယုံကြည်သူနှင့် နှုတ်ဖြင့် အသိအမှတ်မပြု၊ မချီးမွမ်းပဲ သူ့ကို မချစ်နိုင်သောသူတို့ သိမ်းပိုက်ခြင်းခံရမှသာ ဤသည်မှာ သိမ်းပိုက်ခြင်း၏ သက်သေဖြစ်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ပေတရုမဟုတ်သော်လည်း ပေတရုပုံရိပ်ကို ပုံဖော်ရှင်သန် ကြပြီး ပေတရုနှင့် ယောဘတို့၏ သက်သေကို သင်တို့ပိုင်ဆိုင်နိုင်ကြကာ ဤသည်မှာ အကြီးမားဆုံး သက်သေပင် ဖြစ်ပေသည်။ နောက်ဆုံးမှာ သင်က “ကျွန်ုပ်တို့သည် ဣသရေလအမျိုး မဟုတ်ပါ၊ သို့သော် အပစ်ပယ်ခံ မောဘ၏ အမျိုးအနွယ်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် ပေတရု မဟုတ်ကြပါ၊ သူ၏ အရည်အသွေးမျိုး မပိုင်ဆိုင်နိုင်ကြသလို ယောဘလည်းမဟုတ်ပါ။ ဘုရားအတွက် ဝေဒနာခံစားဖို့နှင့် ကိုယ့်ကိုယ်ကို ဆက်ကပ် အပ်နှံဖို့ ဆုံးဖြတ်ချက်ချသော ပေါလုနှင့်ပင်လျှင် ကျွန်ုပ်တို့ မနှိုင်းသာပါ၊ ကျွန်ုပ်တို့ သည် အလွန်ပင် နောက်ပြန်လှန်တတ်သော သူများဖြစ်ပြီး ထို့အတွက်ကြောင့် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာများကို ခံစားရဖို့ အရည်အချင်းမမီကြပါ။ ယနေ့ ဘုရားသခင်က ကျွန်ုပ်တို့ကို ချီမလျက် ရှိနေဆဲ ဖြစ်သောကြောင့် ကျွန်ုပ်တို့ သူ့အလိုကို ပြည့်စုံစေကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့တွင် လုံလောက်သော အရည်အသွေး သို့မဟုတ် အရည်အချင်း မရှိသော်လည်း ဘုရားသခင်၏ အလိုကို ပြည့်စုံစေချင်သည့် ဆုံးဖြတ်ချက် ကျွန်ုပ်တို့တွင်ရှိသည်။ ကျွန်ုပ်တို့သည် မောဘအမျိုးအနွယ်ဖြစ်ကြပြီး ကျိန်ခြင်းခံသော သူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ထုံးဖွဲ့ချက်ဖြစ်ပြီး ကျွန်ုပ်တို့ ပြောင်းလဲနိုင်စွမ်းမရှိကြပါ။ သို့သော် အသက်ရှင်သန်မှုနှင့် အသိတရားတို့ ပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ အလိုကိုပြည့်စုံစေဖို့ ကျွန်ုပ်တို့ သန္နိဋ္ဌာန် ချထားကြပါသည်” ဟု ဆိုရလိမ့်မည် ဖြစ်သည်။ သင့်တွင် ဤသန္နိဋ္ဌာန် ရှိသောအခါ၊ သိမ်းပိုက်ခြင်း ခံရသည်ကို သင်သည် သက်သေခံပြီးဖြစ်ကြောင်းကို ယင်းအရာက သက်သေထူပေး ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။