ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၉

06.10.2020

ယနေ့ကာလ၏ လမ်းကြောင်းသည် လျှောက်ဖို့ မလွယ်လှပေ။ ယင်းအရာအား ရှာတွေ့ရန် ခဲယဉ်းပြီး ခေတ်ကာလတစ်လျှောက်တွင် အလွန်ပင် ရှားပါးသည်ဟု ပြော၍ရပါသည်။ သို့သော်လည်း လူသား၏ ဇာတိပကတိ တစ်ခုတည်းပင်လျှင် သူ့ကို ပျက်စီးစေရန် လုံလောက်မည် ဆိုခြင်းအား မည်သူ တွေးမိမည်နည်း။ ယနေ့အလုပ်သည် နွေဦးရာသီ၌ ရွာသောမိုးကဲ့သို့ အဖိုးတန်ပြီး လူသားအပေါ် ထားသော ဘုရားသခင်၏ ကြင်နာမှုပမာ တန်ဖိုးကြီးမားသည် ဆိုခြင်းမှာ သေချာပါသည်။ သို့သော်လည်း လူသားသည် ယနေ့ ဘုရားသခင် အလုပ်၏ ရည်ရွယ်ချက်ကို မသိလျှင်၊ သို့မဟုတ် လူသားမျိုးနွယ်၏ အခြင်းအရာကို နားမလည်လျှင်၊ ထိုအရာ၏ အဖိုးတန်မှုနှင့် တန်ဖိုးကြီးမားမှုကို မည်ကဲ့သို့ ပြောနိုင်ပါမည်နည်း။ ဇာတိပကတိသည် လူသားတို့ကိုယ်တိုင်နှင့် မသက်ဆိုင်သဖြင့် ၎င်း၏ အမှန်တကယ် ခရီးဆုံး ပန်းတိုင်သည် မည်သည့်နေရာကျမည် ဆိုသည်အား ရှင်းလင်းစွာ မည်သူမျှ မမြင်နိုင်ပေ။ သို့သော်ငြားလည်း ဖန်ဆင်းခြင်း၏ သခင်သည် ဖန်ဆင်းခံခဲ့ရသော လူသားမျိုးနွယ်ကို ၎င်းတို့၏ နဂိုမူလ အနေအထားသို့ ပြန်လှည့်စေပြီး၊ ဖန်ဆင်းခြင်း၏ အချိန်အစမှ ၎င်းတို့၏ နဂိုမူလ ပုံရိပ်ကို ပြန်လည်ရယူ ပေးမည် ဖြစ်ကြောင်းကို သင်သိထားသင့်သည်။ သူသည် လူသားထံ မှုတ်သွင်းပေးခဲ့သော ဇီဝအသက်ကို လုံးလုံးလျားလျား ပြန်နုတ်ယူပြီး လူ၏ အရိုးများနှင့် အသွေးအသား အားလုံးကို ပြန်ယူပြီး ဖန်ဆင်းခြင်း၏ သခင်ထံ ပြန်ပေးပေလိမ့်မည်။ သူသည် လူသားမျိုးနွယ်ကို လုံးလုံးလျားလျား အသွင်ပြောင်းပြီး အသစ်ပြင်ဆင်ကာ လူသားမျိုးနွယ် နှင့် နဂိုက မသက်ဆိုင်ပဲ ဘုရားသခင်နှင့် သက်ဆိုင်ခဲ့သော အမွေအနှစ် တစ်ခုလုံးကို လူများထံမှ ပြန်ယူမည်ဖြစ်သည်။ သူသည် ယင်းအရာအား လူသားမျိုးနွယ်ထံ မည်သည့်အခါမှ ပြန်ပေးမည် မဟုတ်တော့ပေ။ အကြောင်းမှာ လူသား မျိုးနွယ်သည် ထိုအရာထဲမှ မည်သည့်အရာကိုမျှ နဂိုကတည်းက မပိုင်ဆိုင်ခဲ့သည့်အတွက် ဖြစ်သည်။ သူသည် ထိုအရာအားလုံးကို ပြန်ယူလိမ့်မည်- ဤသည်မှာ တရားမမျှတသော လုယူမှုမျိုး မဟုတ်သော်လည်း ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ၎င်းတို့၏ နဂိုအနေအထားအတိုင်း ပြန်လည်ပြုပြင် ထိန်းသိမ်းပြီး လူသားကို အသွင်ပြောင်းကာ အသစ်ပြုပြင်ရန်အတွက် ဖြစ်သည်။ လူများ စိတ်ကူးခဲ့သကဲ့သို့ ဇာတိပကတိကို ပြစ်တင် ဆုံးမပြီးနောက် ပြန်ယူခြင်းမျိုး မဟုတ်သော်လည်း ဤသည်မှာ လူသားအတွက် ကျိုးကြောင်းလျော်ညီသော ခရီးဆုံးပန်းတိုင် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ၏ ပျက်စီးခြင်းနောက်တွင် ၎င်း၏ အရိုးစုကို မလိုချင်ပဲ၊ အစအဦးကတည်းက ဘုရားသခင် ပိုင်ဆိုင်ခဲ့သော လူသား၏ နဂိုမူလ အခြေခံအရာများကို ပြန်လို ချင်သည်။ ထို့ကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား ရှင်းလင်းသုတ်သင်မည်မဟုတ် သို့မဟုတ် လူသား၏ ဇာတိပကတိအားလည်း ဖယ်ရှားမည် မဟုတ်ပေ၊ အကြောင်းမှာ လူသား၏ ဇာတိပကတိသည် လူသားနှင့် သက်ဆိုင်သော ကိုယ်ပိုင်ပစ္စည်း မဟုတ်သည့်အတွက် ဖြစ်သည်။ ထိုအစား ယင်းသည် လူသား မျိုးနွယ်အား စီမံခန့်ခွဲသော ဘုရားသခင်၏ အဖြည့်ခံပင် ဖြစ်သည်။ သူ “ဝမ်းမြောက်ဖို့” ရန်အတွက် လူသား၏ ဇာတိပကတိကို မည်သို့လျှင် ရှင်းရှင်းသုတ်သင် နိုင်မည်နည်း။ ယခုအချိန်တွင် တစ်ပြားမှပင် မတန်သော သင့်ဇာတိပကတိ၏ အရာအားလုံးကို အမှန်ပင် စွန့်လွှတ်ပြီးပြီလော။ နောက်ဆုံးသော ကာလမှ အလုပ်၏ သုံးဆယ် ရာခိုင်နှုန်းကို သင်နားလည် သဘောပေါက်နိုင်ပါက (သုံးဆယ် ရာခိုင်နှုန်း ဟုဆိုခြင်းမှာ ယနေ့တွင် ပြုသော သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြုမည့် နှုတ်ကပတ်တော်၏ အလုပ်အား နားလည်ခြင်းကို ဆိုလိုသည်။) နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့သော သင်၏ ဇာတိပကတိ အတွက် “အစေကျွန်ခံမှု” သို့မဟုတ် “နာခံမှု” ကို ဆက်လက် လုပ်ဆောင်မည် မဟုတ်ပေ။ လူသားမျိုးနွယ်မှာ ယခုဆိုလျှင် ယခင်က မကြုံစဖူးသည့် အခြေအနေထိ တိုးတက်သွားပြီး သမိုင်း၏ဘီးများကဲ့သို့ ရှေ့သို့ ဆက်၍ တိုးတက်တော့မည် မဟုတ်ဆိုခြင်းအား သင်သည် နှံ့နှံ့စပ်စပ် နားလည်သင့်သည်။ သင်၏ မှိုတက်နေသော ဇာတိပကတိကို ယင်ကောင်များ ဖုံးသွားသည်မှာ ကြာပြီဖြစ်သည့်အတွက် ယင်းသည် ဘုရားသခင်မှ ယနေ့အထိ ဆက်လည်အောင် လုပ်ထားခဲ့သော သမိုင်း၏ဘီးများကို မည်ကဲ့သို့ ပြောင်းပြန်လည်နိုင်သော အစွမ်း ရှိမည်နည်း။ သင်သည် အသံတိတ်နှင့်တူသော နောက်ဆုံးသော ကာလ၏ နာရီကို နောက်တစ်ကြိမ် တစ်ချက်ချက် မြည်စေပြီး နာရီလက်တံကို လက်ယာရစ် ဆက်လက် ရွေ့အောင် မည်ကဲ့သို့ လုပ်နိုင်မည်နည်း။ သိပ်သည်းသော မြူတွေထဲမှာ ဖုံးကွယ်နေပုံရှိသော ကမ္ဘာကြီးကို မည်ကဲ့သို့ ပြန်ပြီး အသွင်ပြောင်း နိုင်မည်နည်း။ သင်၏ ဇာတိပကတိသည် တောင်များ နှင့် မြစ်များကို ပြန်ရှင်သန်စေနိုင်သလော။ လုပ်ကိုင်နိုင်စွမ်း အနည်းငယ်သာ ရှိသော သင်၏ ဇာတိပကတိသည် သင်တမ်းတခဲ့သော လူသားမျိုးနွယ်၏ ကမ္ဘာကြီးကို အမှန်တကယ် ပြန်လည် ရယူနိုင်ပါ့မည်လော။ သင်၏ နောင်လာ နောက်သားများကို “လူသားများ” ပြန်ဖြစ်စေရန် သင်အမှန်တကယ်ပင် သင်ကြားပြသပေး နိုင်မည်လော။ သင် ယခု နားလည်ပြီလော။ သင်၏ ဇာတိပကတိသည် မည်သည်နှင့် အတိအကျ သက်ဆိုင်သနည်း။ လူသားကို ကယ်တင်ခြင်း၊ လူသားကို ပြီးပြည့်စုံစေခြင်းနှင့် လူသားကို အသွင်ပြောင်းခြင်းအတွက် ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ သင့်ကို လှပသော အမိမြေ မပေးဖို့ သို့မဟုတ် လူသား၏ ဇာတိပကတိအတွက် ငြိမ်းချမ်းသော အနားယူစရာ ယူလာပေးဖို့ မဟုတ်ပေ။ ထိုအစား သူ၏ ဘုန်းအသရေနှင့် သက်သေများအတွက်၊ လူသားမျိုးနွယ်အနေနှင့် အနာဂတ်၌ ပိုကောင်းသော ဝမ်းမြောက်မှု ရရှိနိုင်ရန်အတွက် ဖြစ်သည်။ သို့မှသာ၊ သူတို့သည် မကြာခင် အနားယူခြင်းကို ဝမ်းမြောက် ခံစားနိုင်မည် ဖြစ်သည်။ သို့သော်လည်း ယင်းသည် သင်၏ ဇာတိပကတိ အတွက်မဟုတ်ပေ၊ လူသားအတွက် ဘုရားသခင် စီမံခန့်ခွဲမှု၏ အဓိကအရာဖြစ်ပြီး လူသား၏ ဇာတိပကတိသည် အဖြည့်ခံမျှသာ ဖြစ်သည်။ (လူသားတစ်ယောက်သည် ဝိညာဉ်နှင့် ကိုယ်ခန္ဓာရှိသော အရာဝတ္ထု တစ်ခုဖြစ်ပြီး၊ ဇာတိပကတိမှာမူ ပုပ်ပျက်သော အရာတစ်ခု သက်သက်သာ ဖြစ်သည်။ ဆိုလိုသည်မှာ ဇာတိ ပကတိသည် စီမံခန့်ခွဲမှု အစီအစဉ်အတွက် တန်ဆာပလာ တစ်ခုပင် ဖြစ်သည်။) လူများကို ဘုရားသခင်၏ ပြည့်စုံအောင်လုပ်ခြင်း၊ လူများကို စုံလင်အောင်လုပ်ခြင်းနှင့် လူများကို ရရှိခြင်းက ဓါးသွားများနှင့် သူတို့၏ ဇာတိပကတိကို ပုံသွင်းခြင်းမှလွဲပြီး မည်သည့်အရာမှ ယူမလာပဲ အဆုံးမရှိသော ဆင်းရဲဒုက္ခ၊ မီး၏ လောင်ကျွမ်းခြင်း၊ မထောက်ထားသော တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုနှင့် ကျိန်ခြင်းသာမက အကန့်အသတ်မရှိသော စမ်းသပ်မှု များကိုလည်း ယူဆောင်လာခဲ့သည်။ ဤသည်မှာ လူသားကို စီမံခန့်ခွဲခြင်း၏ အတွင်းဇာတ်ကြောင်းနှင့် အမှန်တရားပင် ဖြစ်သည်။ သို့သော်လည်း ယင်းအရာ အားလုံးက လူသား၏ ဇာတိပကတိကို ဆန့်ကျင်ရန် ရည်ရွယ်ပြီး၊ (လူသားသည် မူလအားဖြင့် အပြစ်ကင်းသည့်အတွက်) ဤရန်လိုမှုများ၏ လှံတံထိပ်များ အားလုံးသည် လူသား၏ ဇာတိပကတိထံ ထောက်ထား ညှာတာမှု မရှိပဲ ဦးတည်နေသည်။ ဤအရာ အားလုံးသည် သူ၏ ဘုန်းအတွက်နှင့် သက်သေခံချက် အတွက်အပြင် သူ၏ စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်သည် လူသားမျိုးနွယ် အတွက်သာ မဟုတ်ပဲ၊ အစီအစဉ် တစ်ခုလုံး အတွက် ဖြစ်ပြီး သူလူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့စဉ်က သူ၏ မူလအလိုကို ဖြည့်ဆည်းဖို့ရန် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားများ တွေ့ကြုံရသည့် အရာများ၏ ကိုးဆယ် ရာခိုင်နှုန်းသည် ဆင်းရဲဒုက္ခများနှင့် မီးဖြင့်စမ်းသပ်မှုများ ဖြစ်သော်လည်း၊ လူသား၏ ဇာတိပကတိမှ တမ်းတခဲ့သော ချိုမြပြီး ပျော်စရာ ကောင်းသော နေ့များသည် အနည်းအကျဉ်းသာ ရှိသည် သို့မဟုတ် လုံးဝ မရှိသည် ဖြစ်ပြီး၊ ဘုရားသခင်နှင့် လှပသော အချိန်များကို ဖြတ်သန်းရင်း ပျော်ရွှင်ဖွယ်အချိန်များကို ဇာတိပကတိထဲမှာ ကြည်နူးခံစားဖို့သာ၍ မတတ်နိုင်ကြပေ။ ဇာတိပကတိသည် ညစ်ညမ်းဖွယ် ဖြစ်သည့်အတွက်ကြောင့် လူသား၏ ဇာတိ ပကတိမှ မြင်သည့်အရာ သို့မဟုတ် ပျော်မွေ့ခံစားသည့် အရာများသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုမှလွဲပြီး အခြားမရှိပဲ၊ ယင်းမှာ ပုံမှန်အသိစိတ် ချို့တဲ့နေသည့်အလား လူသားက မနှစ်သက်ပေ။ အကြောင်းရင်းမှာ သူသည် လူသားက မနှစ်သက်သော သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ထင်ရှားစေမည် ဖြစ်သည့် အတွက်ဖြစ်ပြီး၊ လူသား၏ စော်ကားမှုကို သည်းညည်းမခံပဲ ရန်သူများကို စက်ဆုပ် ရွံရှာသည့်အတွက်ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို လိုအပ်သော နည်းလမ်း အားလုံး မှတဆင့် ပွင့်ပွင့်လင်းလင်း ဖွင့်ပြသည့် အတွက်ကြောင့် သူ၏ စာတန်နှင့် နှစ်ပေါင်း ခြောက်ထောင် စစ်ပွဲ၏- လူသားမျိုးနွယ် အားလုံးကို ကယ်တင်ခြင်းအလုပ်နှင့် ဟောင်းနွမ်းသော စာတန်ကို ဖျက်ဆီးခြင်း အလုပ်- အလုပ်ကို နိဂုံးချုပ်ပြီး ဖြစ်သွားသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။