ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၂

22.09.2020

နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် မိမိလုပ်ဆောင်စရာရှိသည့် အမှုအရာများကို လုပ်ဆောင်ရန်နှင့် သူ၏ နှုတ်ကပတ်တော် သာသနာလုပ်ငန်းကို ထမ်းဆောင်ရန် လူ့ဇာတိကို ခံယူခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသောသူများကို ပြီးပြည့်စုံစေဖို့ရန်အလို့ငှာ လူသားများကြားတွင် သူကိုယ်တိုင် ဆင်းသက်လာခဲ့သည်။ ဖန်ဆင်းခြင်းကာလမှသည် ယနေ့ထိတိုင်အောင် ထိုကဲ့သို့ အမှုအရာကို နောက်ဆုံးသောကာလတွင်သာ လုပ်ဆောင်လျက်ရှိသည်။ နောက်ဆုံးသော ကာလတွင်သာ ဘုရားသခင်သည် ထိုကဲ့သို့ ကြီးမားသည့် အမှုအရာကို လုပ်ဆောင်သည်။ သူသည် လူ့အမြင်တွင် လွန်စွာခက်ခဲမည်ဟု ထင်ရသည့် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း၊ ကြီးမြတ်သည့် ဘုရားသခင် တစ်ပါးအနေနှင့် သာမန်လူသားတစ်ယောက်အဖြစ် ခံယူသည်အထိ နှိမ်ချမှု ရှိခဲ့သော်လည်း၊ ထိုအရာများကြောင့် သူ့အလုပ်၏ မည်သည့် သွင်ပြင်လက္ခဏာကမှ နှောင့်နှေးသွားခြင်းမရှိပေ။ သူ၏အစီအစဉ်များလည်း ရှုပ်ထွေးခြင်းသို့ မရောက်ခဲ့ပေ။ သူသည် မိမိ၏ မူရင်းအစီအစဉ်အတိုင်း လုပ်ဆောင်နေသည်။ လူ့ဇာတိကို ခံယူခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ လူသားများကို သိမ်းပိုက်ရန်ဖြစ်သည်။ အခြားရည်ရွယ်ချက် တစ်ခုမှာမူ သူချစ်သော သူများကို ပြီးပြည့်စုံစေရန်ဖြစ်သည်။ သူပြီးပြည့်စုံစေသော လူများကို သူ၏ မျက်စိနှင့် တပ်အပ်မြင်လိုသည့် စိတ်ဆန္ဒရှိသည်။ ပြီးလျှင် သူပြီးပြည့်စုံစေခဲ့သော လူများသည် သူ့အတွက် မည်ကဲ့သို့ သက်သေခံကြသည် ကိုလည်း တွေ့မြင်လိုသည်။ ပြီးပြည့်စုံစေမည့်သူများမှာ တစ်ယောက်တည်းသာမဟုတ်ပါ။ နှစ်ယောက်တည်း လည်း မဟုတ်ပါ။ အလွန်နည်းပါးသည့် လူနည်းစုတစ်စုဖြစ်သည်။ ထိုသူများသည် ကမ္ဘာ၏ နိုင်ငံအသီးသီးမှ လာကြသည်။ ကမ္ဘာအရပ်ရပ်မှလာသည့် နိုင်ငံသားအသီသီးတို့ ဖြစ်ကြသည်။ ဤမျှ များပြားသော အလုပ်ကို လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဤလူတစ်စုကို ရရှိဖို့ရန်၊ ဤလူတစ်စုမှ ဘုရားသခင်အတွက် သက်သေ ခံခြင်းများ ရှိလာဖို့ရန်နှင့် ဤလူတစ်စုအားဖြင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားဖို့ရန်အတွက် ဖြစ်သည်။ ဘုရားသခင်သည် အဓိပ္ပါယ်မရှိသောအလုပ်ကို မလုပ်၊ တန်ဖိုးမရှိသည့် အလုပ်ကိုလည်း မလုပ်ပေ။ ဘုရား သခင်သည် များစွာသော အလုပ်ကို လုပ်ရခြင်း၏ ရည်မှန်းချက်မှာ သူပြီးပြည့်စုံစေလိုသော သူများကို ပြီးပြည့်စုံစေရန် ဖြစ်သည်ဟု ပြောနိုင်သည်။ မည်သည့် ပိုလျှံသော အချိန်တွင် ဘုရားသခင်သည် ဤဘောင်ကို ကျော်လွန်ခဲ့သနည်း။ ဆိုးယုတ်သောသူများကို သုတ်သင်ရှင်းလင်းမည်ဖြစ်သည်။ သူသည် ဤအလုပ်များကို လုပ်နေခြင်းမှာ ဆိုးယုတ်သောသူများအတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း သိထားပါ။ ယင်းအစား သူ့အားဖြင့် ပြီးပြည့်စုံမှုကို ရရှိမည့် ထိုလူနည်းစုအတွက် သူ၏ အရာခပ်သိမ်းကို ပေးနေခြင်းဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့်အရာများ၊ သူမြွက်ဆိုခဲ့သည့်အရာများ၊ သူဖွင့်ပြခဲ့သည့် အံ့ဩဖွယ်ရာများနှင့် သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများသည် ထိုလူနည်းစုတစ်စုအတွက်သာ ဖြစ်သည်။ ထိုဆိုးယုတ်သော သူများအတွက် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပါ။ ထိုသူများသည် ဘုရားသခင်၏ အမျက်ဒေါသကို ဆွသူများ မဟုတ်ပါသလော။ ဘုရားသခင်သည် ပြီးပြည့်စုံမှုကို ရရှိမည့် ထိုလူနည်းတစ်စုအတွက် သမ္မာတရားနှင့် ဝင်ရောက်ခြင်း အကြောင်းများကို ပြောကြားသည်။ ထိုလူများအတွက် လူ့ဇာတိကို ခံယူခဲ့သည်။ မိမိ၏ ကတိတော်နှင့် ကောင်းချီးမင်္ဂလာများကိုလည်း ထိုလူများအတွက် နှင်းအပ်သည်။ သမ္မာတရား၊ ဝင်ရောက် ခြင်းနှင့် လူ့သဘောသဘာဝထဲမှ အသက်အကြောင်း ပြောရာတွင် ထိုဆိုးယုတ်သော သူများအတွက် ပြောခြင်း မဟုတ်ပေ။ သူသည် ဆိုးယုတ်သောသူများနှင့် စကားပြောခြင်းကို ရှောင်ကြဉ်လို၍ သမ္မာတရား အားလုံးကို မိမိ ပြီးပြည့်စုံစေလိုသည့် သူများလက်ထဲသို့ နှင်းအပ်လိုသောသူ ဖြစ်သည်။ သို့သော် ဘုရားသခင်၏ လုပ်ဆောင်ချက်ထဲတွင် ဆိုးယုတ်သောသူများက ဘုရားသခင်၏ ကြွယ်၀ခြင်းကို ခဏတာ ခံစားခွင့်ရရန် လိုအပ်သည်။ သမ္မာတရားကို လိုက်လျှောက်ခြင်းမရှိသူ၊ ဘုရားသခင်ကို စိတ်ကျေနပ်မှု မပေးနိုင်သူနှင့်၊ ဘုရားသခင်ပြုသည့် အမှုကို နှောင့်ယှက်နေသော သူများသည် ဆိုးယုတ်သောသူများ ဖြစ်သည်။ ထိုသူများ သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရကာ၊ ပြီးပြည့်စုံမှုကိုလည်း ရရှိနိုင်မည် မဟုတ်ပေ။ အပြန်အလှန်အားဖြင့်၊ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံမည့်သူများမှာမူ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်း ရှိသောသူများ၊ ဘုရားသခင်အား ကျေနပ်မှုရှိစေသော သူများနှင့် ဘုရားသခင်၏ အမှုတော် အတွက် မိမိတို့အသက်တာကို ဆက်ကပ်အပ်နှံထားသောသူများ ဖြစ်ကြသည်။ ဘုရားသခင် ပြီးပြည့်စုံ စေလိုသောသူများမှာ ထိုသူများအပြင် အခြားသူများမရှိပါ။ ဘုရားသခင် လုပ်ဆောင်နေသော အရာမှာလည်း ထိုသူများအတွက်သာ ဖြစ်သည်။ သူဟောကြားနေသည့် သမ္မာတရားမှာလည်း ယင်းကို လက်တွေ့လုပ်ဆောင် ကျင့်သုံးလိုသော ထိုသူများကို ရည်စူးပြောကြားနေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံး လုပ်ဆောင်မှု မရှိသောသူများကို မပြောကြားလိုပေ။ ထိုးထွင်းဉာဏ် တိုးတက်လာခြင်းနှင့် အမြော်အမြင် ကြီးထွားလာခြင်းဟု ပြောရာတွင် အမှန်တရားကို လိုက်လျှောက် ကျင့်သုံးနိုင်သော သူများကို ရည်စူးပြောဆို နေခြင်းဖြစ်သည်။ ပြီးပြည့်စုံစေမည့် သူများဟုပြောရာတွင် ထိုကဲ့သို့သောသူများကို ပြောနေခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ထိုသူတို့ကို ဦးတည်လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဉာဏ်ပညာရှိခြင်းနှင့် လူ့သဘောသဘာဝရှိခြင်း တို့သည်လည်း သမ္မာတရားကို လိုက်လျှောက်ကျင့်သုံးသော သူများအတွက် ဖြစ်သည်။ သမ္မာတရားအတိုင်း လိုက်လျှောက်အသက်ရှင်ခြင်း မရှိသည့်သူများသည် သမ္မာ တရားများစွာကို ကြားနာခွင့်ရကာ နားလည်သော်လည်း ဆိုးယုတ်သောသူများ အကြားတွင် ရှိနေသည့် အားလျော်စွာ သိရှိနားလည်ထားသည့် သမ္မာတရားသည် အယူဝါဒ သဘောတရားနှင့် စကားလုံးများသာ ဖြစ်သွားကြသည်။ ၎င်းတို့စိတ်သဘောထားထဲတွင် ထူးခြားသည့် ပြောင်းလဲမှု တစ်စုံတစ်ရာမျှ မဖြစ်ပေါ် စေပေ။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်အား သစ္စာမစောင့်ကြပေ။ ထိုသူများသည် ဘုရားသခင်ကို တွေ့သော်လည်း မရရှိကြ၊ ဘုရားသခင်၏ ပြစ်ပယ်ခြင်းခံရသူများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။