ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၁
24.06.2020
ယနေ့ခေတ်၌ ဘုရားသခင်၏ အလုပ်ကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသော ကာလ၌ ဘုရားသခင် လူ့ဇာတိခံယူသည်ကို သိခြင်း၊ သူ၏ အဓိက သာသနာလုပ်ငန်းက မည်သည်နည်းဆိုသည်ကို သိခြင်းနှင့် ဘုရားသခင်သည် မည်သည့်အလုပ်ကို လုပ်ရန် ကမ္ဘာမြေကြီးသို့ ရောက်လာသနည်းဟူသည့် အချက်တို့ကို သိဖို့ပင်ဖြစ်သည်။ (နောက်ဆုံးသော ကာလ၌) ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာသည်မှာ လောကမှ မထွက်ခွာမီ စံနမူနာကောင်းပြရန် ဖြစ်ကြောင်းကို ငါ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်က စံနမူနာကောင်း မည်သို့ ပြသနည်း။ နှုတ်ကပတ်တော်များပြောခြင်း၊ အလုပ်လုပ်ခြင်း၊ နေရာအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ပြသည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၌ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ဖြစ်သည်၊ ဤကမ္ဘာမြေကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်နေသော လောကကြီး ဖြစ်လာစေရန်၊ လူတိုင်းကို ဖြည့်ဆည်းပေးရန်၊ လူတိုင်း ဘုရားသခင်၏ စကားများအားဖြင့် ဉာဏ်အလင်း ရစေရန်နှင့် လူ၏ဝိညာဉ် နိုးထပြီး ရူပါရုံများကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက် ဘုရားသခင်သည် ပြောဆိုခြင်းသာ ပြုသည်။ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ လာသည်မှာ အဓိကအားဖြင့် နှုတ်ကပတ်တော်များပြောဆိုရန် လာခြင်းဖြစ်သည်။ ယေရှု လောကသို့လာသောအခါ၌ သူသည် ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေပြီး လက်ဝါးကပ်တိုင်ပေါ်၌ အသေခံသည့် ရွေးနုတ်ကယ်တင်ခြင်းအမှုကို ပြုခဲ့ပြီးဖြစ်သည်။ ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး အဟောင်းများအားလုံးကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ယေရှု၏ ရောက်ရှိလာခြင်းသည် ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံ ဘုရားသခင်၏ ရောက်ရှိလာခြင်းကမူ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ ဘုရားသခင် လောကသို့ ကြွလာခြင်းသည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို ပြည့်စုံစေရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် ဉာဏ်အလင်းပွင့်စေရန်၊ လူသား၏နှလုံးသားထဲ၌ နေရာယူထားသည့် မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် ယေရှုလောကသို့ ကြွလာသောအခါ၌ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းအဆင့် မဟုတ်ပါ။ ယေရှု ကြွလာခဲ့သောအခါက အံ့သြဖွယ်အမှုများ များစွာပြုခဲ့သည်၊ မကျန်းမာသော သူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ လက်ဝါးကပ်တိုင်ပေါ်၌ ရွေးနုတ် ကယ်တင်သည့် အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ထိုသို့ ဖြစ်သင့်သည်ဟု လူသားသည် မိမိ၏ အတွေးများထဲ၌ ယုံကြည်နေသည်။ အကြောင်းမှာ ယေရှု ကြွလာခဲ့သောအခါက သူသည် လူသား၏ နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ ပုံရိပ်အား ဖယ်ရှားသည့် အလုပ်ကို မလုပ်ခဲ့ပါ၊ သူကြွလာခဲ့သော အခါက လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်းကို ခံခဲ့ရသည်၊ မကျန်းမာသော သူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏ အတွေးများထဲ၌ ရှိသော မရေရာသည့် ဘုရားသခင်ကို ဖယ်ရှားနေသည်။ လူသား၏ နှလုံးသားထဲ၌ မရေရာသော ဘုရားသခင်၏ ပုံရိပ်မရှိတော့စေရန် ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ တကယ်ဖြစ်သော နှုတ်ကပတ်တော်များနှင့် လက်တွေ့လုပ်ဆောင်မှု၊ နေရာအနှံ့သွားလာလှုပ်ရှားမှု၊ လူသားတို့အကြား၌ သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး သာမန်ဖြစ်သော အလုပ်တို့အားဖြင့် လူသားကို ဘုရားသခင်သည် သူ၏စစ်မှန်မှုကို သိစေပြီး လူသား၏နှလုံးသားထဲမှ မရေရာသည့် ဘုရားသခင်ကိုလည်း ဖယ်ရှားနေသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာအားလုံးကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤအလုပ်သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်က ပြီးပြည့်စုံအောင် လုပ်ဆောင်မည့် အလုပ်ဖြစ်သည်။
သင်တို့သိရမည်မှာ-
၁။ ဘုရားသခင်၏ အမှုသည် သဘာဝလွန်ဖြစ်ရပ် မဟုတ်၊ သင်တို့၌ ယင်းနှင့် ပတ်သက်သော အယူအဆများ မရှိသင့်။
၂။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယခုအကြိမ်၌ ကြွဆင်းလာ၍ လုပ်ဆောင်သည့် အဓိက အလုပ်ကို သင်တို့ နားလည်ရမည်။
ဘုရားသခင်သည် မကျန်းမာသူများကို ကျန်းမာစေဖို့၊ နတ်ဆိုးများကို နှင်ထုတ်ဖို့၊ အံ့သြဖွယ် အမှုများကို လုပ်ဆောင်ဖို့၊ နောင်တတရားနှင့်ဆိုင်သော သတင်းကောင်းကို ဖြန့်ဝေဖို့၊ လူသားကို ရွေးနုတ် ကယ်တင်ခြင်းပေးဖို့ ကြွလာခြင်းမဟုတ်ပါ။ အကြောင်းမှာ ထိုအလုပ်များကို ယေရှုက လုပ်ဆောင်ပြီး ဖြစ်သလို ဘုရားသခင်သည် လုပ်ပြီးသား အလုပ်ကို ထပ်မလုပ်သောကြောင့် ဖြစ်သည်။ ယနေ့ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ဖို့၊ ကျေးဇူးတော်ခေတ်၌ လုပ်ဆောင်နေသော အလေ့အထများ အားလုံးကို ဖယ်ရှားဖို့လာခြင်းဖြစ်သည်။ လက်တွေ့ လုပ်ဆောင်တတ်သော ဘုရားသခင် ကြွလာသည်မှာ အဓိကအားဖြင့် သူသည် စစ်မှန်ကြောင်းကိုပြသဖို့ လာခြင်းဖြစ်သည်။ ယေရှု ကြွလာခဲ့သောအခါက နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်၊ အဓိကအားဖြင့် တန်ခိုးများ ပြသခဲ့သည်၊ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို ပြသခဲ့သည်၊ မကျန်းမာသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ သူသည် ဘုရားသခင် စင်စစ် ဖြစ်ကြောင်း၊ တည်ငြိမ်ပြီး ဘက်မလိုက်သော ဘုရားသခင် ဖြစ်ကြောင်းကို လူများသိမြင်စေရန်အတွက် အနာဂတ္တိစကားများ ပြောကြားခဲ့သည်။ နောက်ဆုံးတွင် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။ ယနေ့ကာလ၏ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို မပြ၊ မကျန်းမာသူများကိုလည်း ကျန်းမာအောင်မလုပ်၊ နတ်ဆိုးများကိုလည်း မနှင်ထုတ်ပါ။ ယေရှု ကြွလာခဲ့သောအခါက သူပြုခဲ့သော အမှုသည် ဘုရားသခင်၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုခဲ့သော်လည်း ဤတစ်ကြိမ်၌ ဘုရားသခင်သည် လုပ်ဆောင်ရန် အချိန်ကျပြီဖြစ်သော အဆင့် နောက်တစ်ဆင့်ကို လုပ်ဆောင်ရန် ကြွလာခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လုပ်ပြီးသား အလုပ်တစ်ခုကို ထပ်လုပ်လေ့ မရှိသောကြောင့် ဖြစ်သည်။ သူသည် အမြဲသစ်နေပြီး ဘယ်တော့မှ မဟောင်းနွမ်းသော ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် ယနေ့ သင်မြင်သမျှ အရာအားလုံးသည် လက်တွေ့ လုပ်ဆောင်တတ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏အမှုပင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း
နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံဘုရားက နူတ်ကပတ်တော်များဖြင့်သာ အဓိကလုပ်ဆောင်သည်
Ⅰ
နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံဘုရားက ကျေးဇူးတော်ခေတ်ကိုအဆုံးသတ် စုံလင်ခြင်းနှင့် ဉာဏ်အ လင်းဖြစ်သည့် နူတ်ကပတ်တော်များကို ပြောဆို ကာ လူနှလုံးသားအိမ်ထဲမှ ဘုရားအပေါ် ဝေဝါးသော အယူအဆများ ဖယ်ရှားဖို့ ယေရူကကွဲပြားသောအလုပ်တို့ကို လုပ်ဆောင်ခဲ့တာ ပါ သူဟာ အံသြဖွယ် အမှုကိုလုပ်ဆောင် ဖျားနာသူမျာအား ကျန်းမာစေခဲ့ပြီ ကောင်းကင်နိုင်ငံတော် အကြောင်း သတင်းကောင်းကို ဟောပြော ခဲ့တာပါ လူသားအားလုံး ကယ်တင်ဖို့ အတွက် ကားတိုင်ထက် အသေခံခဲ့ တယ် ဒါကြောင့် မို့ လူသည် ဘုရားအား အမြဲတမ်း အမြဲတမ်း ဒီလိုဖြစ်လိမ့်မယ် သဘောထားတတ်လာ၏ နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံဘုရားဟာ နူတ်ကပတ်တော် အားဖြင့် အလုံးစုံ ဖော်ပြကာ ပြည့်စုံစေသည် ပြည့်စုံ ပြည့်စုံစေသည် နူတ်ကပတ်တော်ထဲမှာ သူ့သဘာဝ ကို သင်မြင်တွေ့ရပြီး၊ နူတ်ကပတ်တော်ထဲမှာ သူသည် ဘုရားဖြစ်ကြောင်းကို သင်မြင်တွေ့ရ ပြီ
Ⅱ
နောက်ဆုံးသောကာလရဲ့လူ့ဇာတိခံဘုရားဟာ လူ့နှလုံးသားအိမ်ထဲမှ ဘုရားကို ဝေဝါးသော အယူအဆများအား ဖယ်ရှားပစ်ခဲ့တာ ပါ သူ့နူတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များ၊ လူတွေကြား ထဲ ဆောင်ရွက်ခဲ့ သူ၏ လက်တွေ့ကျပြီး သာမညဖြစ်သော အမှုတော်အားဖြင့် လူသည် ဝါးလွင့် နေသောဘုရားအဖြစ် မယုံကြည်တော့ဘဲ ဘုရားရဲ့လက်တွေ့ကျခြင်းကို သိရှိလာရသည် လူ့ဇာတိခံ ဘုရားရဲ့နူတ်ကပတ်တော် အားဖြင့် သူသည် လူသားကိုစုံလင်စေ ပြီးကာ အရာအားလုံး ဖြည့်ဆည်းပြီး ဒါဟာ နောက်ဆုံးသောကာလမှာ ဘုရား ပြီးပြည့်စုံအောင် လုပ်ဆောင် မည့် အမှုတော်ပါ လူ့ဇာတိခံဘုရားဟာ နူတ်ကပတ်တော်များသာမြွက်ဆိုတာ၊ ဒါဟာ ကမ္ဘာပေါ်က သူ့ရဲ့အမှုတော်ပါ သူ့နူတ်ကပတ်တော်များကနေ သူသည် တန်ခိုးကြီးပြီး၊ နှိမ့်ချပြီး၊ အကြီးမြတ်ဆုံးဖြစ်ကြောင်း သင်မြင်နိုင်သည် နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံဘုရားဟာ နူတ်ကပတ်တော် အားဖြင့် အလုံးစုံ ဖော်ပြကာ ပြည့်စုံစေသည် ပြည့်စုံ ပြည့်စုံစေသည် နူတ်ကပတ်တော်ထဲမှာ သူ့သဘာဝ ကိုသင်မြင်တွေ့ရပြီး၊ နူတ်ကပတ်တော်ထဲမှာ သူသည် ဘုရားဖြစ်ကြောင်းကို သင်မြင်တွေ့ရ ပြီ
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ