ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၁

14.07.2020

ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် လူသားများနှင့်ဆိုင်သည့် သူ၏စီမံခန့်ခွဲမှုကို အသုံးပြုသည်။ လူများကို ဖောက်ပြန်ပျက်စီးစေခြင်းအားဖြင့်၊ စာတန်သည် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်စေပြီး၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်လေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏အမှုသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အမှု၏ မည်သည့်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ရည်ရွယ်ထားခြင်း မဟုတ်သနည်း။ မည်သည့်အဆင့်က လူများကို သန့်ရှင်းစေဖို့နှင့် ၎င်းတို့ကို ဖြောင့်မတ်စွာ ပြုမူစေကာ ချစ်ခြင်းကို ခံရနိုင်သည့် သူများ၏ ပုံရိပ်ကို အသက်ရှင်နေထိုင်စေဖို့ မရည်ရွယ်ပါသနည်း။ သို့သော်လည်း စာတန်သည် ဤအရာကို မလုပ်ဆောင်ပေ။ ၎င်းသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းသည် စကြဝဠာတစ်လျှောက် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့်ဆိုင်သည့် ၎င်း၏အလုပ်ကို အဆက်မပြတ် ဆောင်ရွက်သည်။ ဟုတ်ပေ၏၊ ဘုရားသခင်သည်လည်း စာတန်ကို အာရုံမစိုက်ဘဲ၊ သူကိုယ်တိုင်၏ အမှုကို သူလုပ်နေသည်။ စာတန်၌ ဩဇာအာဏာ မည်မျှရှိသည်ဖြစ်စေ၊ ထိုဩဇာအာဏာကို ဘုရားသခင်က ပေးထားခြင်း ဖြစ်ဆဲဖြစ်သည်။ ဘုရားသခင်သည် အမှန်တကယ်တွင် ၎င်းကို သူ၏ ဩဇာအာဏာအားလုံး ပေးခဲ့သည် မဟုတ်၊ ထို့ကြောင့် စာတန် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းသည် ဘုရားသခင်ကို လုံးဝ မကျော်လွန်နိုင်သကဲ့သို့၊ ဘုရားသခင်၏ လက်အတွင်းတွင် အမြဲ ရှိလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်တွင် သူ၏ မည်သည့်လုပ်ရပ်ကိုမျှ ထုတ်ဖော်မပြခဲ့ပေ။ သူသည် စာတန်အား ဩဇာအာဏာ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုကိုမျှ ပေးခဲ့ပြီး၊ ယင်းကို အခြားကောင်းကင်တမန်များ အပေါ် ဩဇာအာဏာသုံးခွင့်ပေးခဲ့သည်။ ထို့ကြောင့် မူလက ၎င်းကို ဘုရားသခင်ပေးခဲ့သည့် ဩဇာအာဏာသည် ကန့်သတ်ထားခြင်းကြောင့် စာတန်က မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းသည် ဘုရားသခင်၏ ဩဇာအာဏာကို မကျော်လွန်နိုင်ချေ။ ဘုရားသခင် အမှုပြုသည်နှင့်အမျှ၊ စာတန်သည် နှောင့်ယှက်၏။ နောက်ဆုံးသောကာလတွင် စာတန်၏ နှောင့်ယှက်မှုများ အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ အမှုသည်လည်း ပြီးစီးလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင် စုံလင်စေလိုသည့် လူမျိုးများသည်လည်း စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်သည် လူများကို ခိုင်မာစွာ ညွှန်ကြားသည်။ သူ၏ အသက်သည် တိုင်းတာ၍မရသကဲ့သို့ အကန့်အသတ်မဲ့ အသက်စမ်းရေ ဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ဖောက်ပြန်ပျက်စီး စေခဲ့သည်။ အဆုံးတွင် ဘဝ၏ အသက်စမ်းရေသည် လူသားကို စုံလင်စေလိမ့်မည် ဖြစ်ပြီး၊ စာတန်အတွက် ဝင်ရောက်စွက်ဖက်ဖို့ရန်နှင့် ၎င်း၏အလုပ်ကို ဆောင်ရွက်ဖို့ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ရယူနိုင်လိမ့်မည် ဖြစ်သည်။ ယခုတွင်ပင် စာတန်သည် ဤအရာကို လက်ခံဖို့ ငြင်းဆဲဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို အဆက်မပြတ် ဖက်ပြိုင်အံတုသော်လည်း၊ ဘုရားသခင်က ၎င်းကို အာရုံမစိုက်ချေ။ ဘုရားသခင်က၊ “ငါသည် စာတန်၏ အမှောင် အင်အားစုများနှင့် အမှောင်စွမ်းအား အားလုံးအပေါ် အောင်နိုင်လိမ့်မည်။” ဟု ပြောခဲ့သည်။ ဤသည်မှာ လူ့ဇာတိ၌ လုပ်ဆောင်ရမည့် အမှုဖြစ်ပြီး ယင်းမှာ လူ့ဇာတိခံယူခြင်းအား အရေးပါစေသည့်အရာလည်း ဖြစ်သည်။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် စာတန်ကို အနိုင်ယူခြင်း အမှု၏အဆင့်ကို ပြီးပြည့်စုံစေဖို့နှင့် စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးကို ဖယ်ရှားပစ်ဖို့ ဖြစ်သည်။ စာတန်အပေါ် ဘုရားသခင် အောင်နိုင်ခြင်းသည် ရှောင်လွှဲ၍မရပေ။ အမှန်တွင် စာတန်က အချိန်ကြာမြင့်စွာက ရှုံးနိမ့်နှင့်ပြီးသား ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ တကယ့် ရည်ရွယ်ချက်မှာ စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်၊ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဧဝံဂေလိတရားတော် စတင် ပျံ့နှံ့ခဲ့ချိန်တွင်- ဆိုလိုသည်မှာ၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏ အမှုကို စတင်ခဲ့ပြီး ဤအမှု သက်ဝင်လှုပ်ရှားခဲ့ချိန်တွင်- စာတန်သည် လုံးဝ ရှုံးနိမ့်ခဲ့ပေသည်။ ဘုရားသခင်က နောက်တစ်ဖန် လူ့ဇာတိခံယူခဲ့ပြီး မည်သည့် အင်အားစုကမျှ မရပ်တန့်စေနိုင်သည့် သူ၏ အမှုကို စတင်ခဲ့သည်ကို စာတန်က မြင်လျှင်မြင်ချင်း၊ ဤအမှု၏ မြင်ကွင်းတွင် ၎င်းသည် မှင်တက်သွားခဲ့ပြီး နောက်ထပ် မည်သည့်ဒုက္ခပေးခြင်းကိုမျှ မလုပ်ဆောင်ဝံ့ခဲ့ချေ။ ပထမတွင် စာတန်က ၎င်းသည်လည်း များပြားသည့် ဉာဏ်ပညာများကို အပ်နှင်းထားခြင်းခံခဲ့ရသည်ဟု တွေးထင်ခဲ့ပြီး၊ ဘုရားသခင်၏ အမှုကို ကြားဖြတ်ကာ နှောင့်ယှက်ခဲ့သည်။ သို့သော် ဘုရားသခင် နောက်တစ်ဖန် လူ့ဇာတိခံယူလိမ့်မည် သို့မဟုတ် သူ၏ အမှုတွင် ဘုရားသခင်သည် စာတန်၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ထုတ်ဖော်ပြခြင်းနှင့် တရားစီရင်ခြင်းအဖြစ် အသုံးတော်ခံစေဖို့ အသုံးပြုမည် ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားများကို သိမ်းပိုက်ကာ စာတန်ကို အနိုင်ယူမည်ကို သူ မမျှော်လင့်ထားခဲ့ချေ။ ဘုရားသခင်သည် စာတန်ထက် သာ၍ ဉာဏ်ပညာရှိပြီး သူ၏အမှုသည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် “ငါလုပ်သည့် အမှုသည် စာတန်၏ လှည့်ကွက်များကို တုံ့ပြန်ရာတွင် ဆောင်ရွက်သည်။ အဆုံးတွင် ငါသည် ငါ၏ အနန္တတန်ခိုးနှင့် စာတန်၏ တန်ခိုးအစွမ်းမဲ့ခြင်းကို ထုတ်ဖော်ပြမည်။” ဟု ယခင်က ငါ ဖော်ပြပြီးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူ၏အမှုကို ရှေ့တန်းတွင် လုပ်ဆောင်လိမ့်မည် ဖြစ်သော်လည်း၊ အဆုံး၌ စာတန်သည် နောက်ဆုံးတွင် ဖျက်ဆီးခံရသည်အထိ နောက်တွင် တရွတ်တိုက်ဆွဲ လိုက်ပါလိမ့်မည် ဖြစ်သည်- ၎င်းသည် အလွန့်အလွန် ထိတ်လန့်တုန်လှုပ်လိမ့်မည်။ ၎င်းသည် ချေမှုန်းကာ ဖျက်ဆီးခံရနှင့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်မှသာ အမှန်တရားကို သဘောပေါက်လိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ၎င်းသည် မီးအိုင်ထဲတွင် မီးရှို့ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ ၎င်းသည် လုံးဝ လက်ခံယုံကြည်သွားမည် မဟုတ်လော။ ထိုအခါတွင် စာတန်အတွက် အသုံးချစရာ အကြံအစည်များ နောက်ထပ် ရှိတော့မည် မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။