
Myanmar Christian Song - ဘုရားသခင်အသုံးပြုသောသူတို့၏ အသွင်သဏ္ဌာန်
10.05.2022
ဘုရားသခင်အသုံးပြုလူများ အခြားသူနဲ့ မတူနိုင်
သူတို့ ဆင်ခြင်တုံတရား ရှိကြပုံမပေါ်
အခြားသူများနှင့် ဆက်ဆံရေးလည်း ကောင်းဟန်မတူ
သို့သော် ထိုသူတို့ ပေါ့ပေါ့တန်တန် မပြောတတ်
လျောက်ပတ်စွာ ပြောဆိုတတ်ကြသည်
သူတို့စိတ်နှလုံးလည်း ဘုရားရှေ့မှောက် အစဉ်ငြိမ်ဝပ်၏
၁
ဘုရားသခင် အသုံးပြုသူများ
အပေါ်ယံဟန်ဆောင်မေတ္တာ မပြတတ်၊ အထင်ကြီးစေရန်လည်း မပြုမူတတ်
ဝိညာဉ်ရေးရာများ ပြောဆိုကြသည့်အခါ
စိတ်နှလုံး ဖွင့်ဟလျက်
လူတိုင်းကို ရက်ရောစွာ ဉာဏ်အလင်းပေး
ထိုဉာဏ်အလင်းကို ဘုရားရှေ့မှောက် စစ်မှန်သောအတွေ့အကြုံမှ သူတို့ရရှိခဲ့ကြ
သူတို့ ဘုရားကို ချစ်ကြောင်း ထိုသို့ ဖော်ပြကာ
ဘုရားအလိုတော်ကို ဖြည့်ဆည်း
ထိုသူတို့ လှုပ်ရှားတက်ကြွ၊ နှစ်လိုဖွယ်ကောင်းပြီး အပြစ်ကင်းစင်ကြ
တည်ငြိမ်အေးချမ်းမှု ရရှိပိုင်ဆိုင်
ဒါ ဘုရားသခင်အသုံးပြုသောသူတို့၏သွင်သဏ္ဌာန်
၂
ဘုရားသခင်အသုံးပြုသူတို့
ကဲ့ရဲ့လှောင်ပြောင်ခြင်းကိုခံရသည့်အခါ
အပြင်လူများ၊ အခြေအနေ၊ အမှုအရာတို့နှင့်
သူတို့ကို ထိန်းချုပ်၍ မရနိုင်
ဘုရားရှေ့မှောက် ငြိမ်ဝပ်နေကြဆဲပင်
ထိုသို့သောသူ ကိုယ်ပိုင် ထူးခြားသောသိမြင်မှု ရှိပုံရသည်
အခြားသောသူများ ဘယ်လိုအရာကို လုပ်နေပါစေ
သူတို့စိတ်နှလုံး ဘုရားကို ဘယ်တော့မှ မစွန့်ပစ်
ဘုရားသခင်အသုံးပြုသူများ
အခြားသူများ အူမြူးလျက် စကားစမြည်ပြောဆိုသည့်အခါ
ထိုသူတို့ တိတ်ဆိတ်စွာနေ၍ ဘုရားထံ ဆုတောင်း၊
သူ၏ရည်ရွယ်ချက်များ သိရန်ကြိုးစား၊ သူ့နှုတ်ကပတ်တော်ကို ဆင်ခြင်တွေးတော။
အခြားသောသူများနှင့် ကောင်းမွန်သောဆက်ဆံရေး ထိန်းသိမ်းဖို့
သူတို့ ဘယ်တော့မှ မစဉ်းစား
ထိုသို့သောသူမှာ ဘဝအတွေးအခေါ်များ ရှိပုံမပေါ်
၃
လူသားကို အသုံးပြုရာတွင် ဘုရား၏စံသတ်မှတ်ချက်မှာ
လူတို့စိတ်နှလုံးသားများ သူ့ဆီသို့ လှည့်နိုင်ကြ
သူ့နှုတ်ကပတ်တော်ကို တောင့်တ၊ သမ္မာတရားကို ရှာဖွေလိုခြင်းဖြစ်
ထိုသို့သောလူများ ဉာဏ်အလင်းနှင့်
သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ရရှိနိုင်သည်
ထိုသူတို့ လှုပ်ရှားတက်ကြွ၊ နှစ်လိုဖွယ်ကောင်းပြီး အပြစ်ကင်းစင်ကြ
တည်ငြိမ်အေးချမ်းမှု ရရှိပိုင်ဆိုင်
ဒါ ဘုရားသခင်အသုံးပြုသောသူတို့၏သွင်သဏ္ဌာန်
ထိုသူတို့ လှုပ်ရှားတက်ကြွ၊ နှစ်လိုဖွယ်ကောင်းပြီး အပြစ်ကင်းစင်ကြ
တည်ငြိမ်အေးချမ်းမှု ရရှိပိုင်ဆိုင်
ဒါ ဘုရားသခင်အသုံးပြုသောသူတို့၏သွင်သဏ္ဌာန်
ဒါ ဘုရားသခင်အသုံးပြုသောသူတို့၏သွင်သဏ္ဌာန်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ