လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

304 |02.08.2020

သည် ဧကန်အမှန် အလွန်ကောင်း၏ သည် ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရသည့် ခရစ်ယာန်တစ်ဦး၏ သက်သေခံချက်ဖြစ်သည်။ အဓိက ဇာတ်ကောင်သည် သူမ၏ အသင်းတော်ထဲတွင် ရုပ်ရှင်ဒါရိုက်တာ တာဝန်ကို ယူပြီး၊ သူမ၏ အလုပ်က ရလဒ်အချို့ ရရှိသည်ကို မြင်ပြီးနောက်၊ သူမသည် မရှိမဖြစ်သော ပါရမီရှင်တစ်ဦးဖြစ်သည်ဟု စတင်ခံစားရလေသည်။ သူမ၏ စိတ်သဘောထားသည် သာ၍ သာ၍ မာနထောင်လွှားလာခဲ့သည်။ သူမသည် သူမ၏ တာဝန်တွင် အဆုံးအဖြတ်ပေးသူ အမြဲဖြစ်ချင်ပြီး ညီအစ်ကို မောင်နှမများ၏ အကြံပြုချက်များကို နားထောင်ဖို့ ငြင်းဆန်လေသည်။ အခြားသူများကိုလည်း တင်တင်စီးစီး ပြောဆိုသည်၊ သူမ၏ ညီအစ်ကို မောင်နှမများကို ချုပ်ချယ်ပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်လေသည်။ သူမ၏ တာဝန်မှ ဖယ်ရှားခံရပြီးနောက်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သူမကိုယ်သူမ သုံးသပ်ဆင်ခြင်ခြင်းမှတဆင့်၊ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့နှင့်ဆိုင်သော သူမ၏ ဆိုးယုတ်သည့် သဘာဝအပေါ် နားလည်မှုအချို့ ရရှိပြီး ယခင်ကဲ့သို့ မရိုင်းပျတော့ပေ။ ပြဿနာများ ကြုံရသည့်အခါ၊ သူမသည် သမ္မာတရားကို စိတ်ပါလက်ပါဖြင့် ရှာဖွေပြီး အခြားသူများ၏ အယူအဆများကို နားထောင်၏၊ နောက်ဆုံးတွင် လူသားပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်လေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဖြစ်သည်ကို သူမကိုယ်တိုင် ကြုံတွေ့ရလေသည်။

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်