Myanmar Christian Song - လူသားမျိုးနွယ်သည် ဘုရား၏အသက်အထောက်အပံ့ကို လိုအပ်၏ကျူး

03.08.2022

လူ့စိတ်နှလုံးမှာ ဘုရားမရှိရင် သူ့အတွင်းကမ္ဘာ မှောင်မိုက်နေမယ်၊

မျှော်လင့်ချက်မရှိ၊ အချည်းနှီးသာ။

လူ့ဘောင်အဓွန့်ရှည်ဖို့ လူများစွာ ကြိုးစားနေပါစေ

ဘုရားလမ်းပြမှုမပါဘဲနဲ့ လူတို့ အနှစ်မဲ့နေတုန်းပဲ။

ဘယ်သူမှ လူ့အသက်မဖြစ်နိုင် ဘယ်သီအိုရီ၊

သိပ္ပံပညာ၊ အသိပညာ၊ ဒီမိုကရေစီကမှ အပြည့်အဝ မဖြေသိမ့်ပေးနိုင်။

လူတို့ အပြစ်လုပ်ပြီး မတရားမှုတွေကို ညည်းညူနေကြဦးမှာ။

ဒါတွေက တောင့်တမှုနှင့် စူးစမ်းလိုစိတ်ကို မချုပ်ထိန်းဘူး။

လူသည် ကောင်းစွာစားရပြီး သာတူညီမျှလွတ်လပ်တဲ့ မျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခု ထက်မကလိုတယ်။

ဘုရားရဲ့ကယ်တင်ခြင်းနဲ့ အသက်ထောက်ပံ့မှု လူတို့ လိုအပ်တဲ့ အရာတွေဟာ ဒါတွေပဲ။

လူတို့ ဒီအရာတွေကို ဘုရားဆီက လက်ခံရရှိမှသာ လိုအပ်ချက်တွေ ပြည့်စုံနိုင်မှာပါ၊

လူတို့စူးစမ်းလိုစိတ်နဲ့ ဝိညာဉ်ရေးအနှစ်မဲ့မှု၊ ဒီအရာတွေ ဖြေရှင်းနိုင်မှာပါ။

ဒါတွေအားလုံးဟာ ဘုရား လူကို ဖန်ဆင်းထားလို့ပဲ။

အသိတရားမဲ့တဲ့ စွန့်လွှတ်ခြင်းနဲ့ လူ့ရဲ့စူးစမ်းရှာဖွေမှုဟာ

ဆင်းရဲဒုက္ခနဲ့ အမြဲကြောက်ရွံ့ခြင်းကိုသာ ပေးတယ်။

အနာဂတ် ရှေ့ခရီးကို ဘယ်လို ရင်ဆိုင်ရမယ် မသိဘဲ

သိပ္ပံပညာ၊ အသိပညာနဲ့ အနှစ်မဲ့မှုကို ကြောက်ရွံ့လို့နေ။

ဘယ်မှာပဲ နေနေ၊ လွတ်လပ်တဲ့ နိုင်ငံဟုတ်ဟုတ် မဟုတ်ဟုတ်၊

ဘယ်သူမှ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်။

အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ ဘယ်သူမှ ပန်းတိုင်၊

လျှို့ဝှက်ဆန်းကြယ်မှု စူးစမ်းရှာဖွေလိုစိတ်ကို ရှောင်မလွှဲနိုင်

ဒီအနှစ်မဲ့မှုကနေလည်း ထွက်မပြေးနိုင်။

ဒီလူမှုရေးဖြစ်စဉ်တွေဟာ လူတွေအတွက် သာမန်ပေမဲ့

ဘယ်မဟာလူသားမှ ဒီပြဿနာတွေကို မဖြေရှင်းနိုင်။

လူဟာ လူပဲမို့ ဘုရားရဲ့နေရာနဲ့အသက်ကို ဘယ်သူမှ အစားမထိုးနိုင်။

လူမျိုး၊ တိုင်းနိုင်ငံတစ်ခုခုက သူ့ကယ်တင်ခြင်းကို မရရှိရင်

အမှောင်ထုဆီ သူတို့ နင်းလျှောက်ပြီး

သူတို့ကို ဘုရားသခင် ဖျက်ဆီးလိမ့်မယ်။

လူသည် ကောင်းစွာစားရပြီး သာတူညီမျှလွတ်လပ်တဲ့ မျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခု ထက်မကလိုတယ်။

ဘုရားရဲ့ကယ်တင်ခြင်းနဲ့ အသက်ထောက်ပံ့မှု လူတို့ လိုအပ်တဲ့ အရာတွေဟာ ဒါတွေပဲ။

လူတို့ ဒီအရာတွေကို ဘုရားဆီက လက်ခံရရှိမှသာ လိုအပ်ချက်တွေ ပြည့်စုံနိုင်မှာပါ၊

လူတို့စူးစမ်းလိုစိတ်နဲ့ ဝိညာဉ်ရေးအနှစ်မဲ့မှု၊ ဒီအရာတွေ ဖြေရှင်းနိုင်မှာပါ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။