Myanmar Movie Trailer - ကျွန်တော့်လူငယ်ဘဝ အမှတ်တရများ

ကျောက်ရှင်းလျန်သည် သူငယ်စဉ်ကတည်းက သူ၏မိဘများနှင့်အတူ ဘုရားသခင်ကို ယုံကြည်ခဲ့သည်။ ထို့နောက် ၂၀၁၄ခုနှစ်၊ မေလ၌ အသက် ၂၀ အရွယ်သာရှိစဉ်၌ သူသည် စုဝေးပွဲတစ်ခုတွင် ရဲများ၏ ဖမ်းဆီးခြင်းကို ခံရပြီး အယူဝါဒသွတ်သွင်းခံရရန်အတွက် ပညာရေးဖြင့် ပြောင်းလဲခြင်း စင်တာသို့ ခေါ်ဆောင်ခံရသည်။ ရဲများသည် သူ့အား အသင်းတော်အကြောင်းကို သစ္စာဖောက်စေရန် အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးစားရာတွင် နှိပ်စက်မှုနည်းမျိုးစုံကို အသုံးပြုကြသည်၊ နို့သီးခေါင်းနှင့် ခါးအောက်ပိုင်းကို မီးညှိထားသော ဆေးလိပ်ဖြင့် တို့ခြင်း၊ သူ၏ တစ်ကိုယ်လုံးနှင့် သူ၏ လိင်အင်္ဂါတို့ကို ရေနွေးပူအပြည့်ရှိသည့် ရေနွေးအိုးလေးလုံးဖြင့် ဖြန်းပက်ခြင်းတို့ပါဝင်သည်၊ ဤသို့ဖြင့် သူသည် သွေးရည်ကြည်ဖု အကြီးအငယ်တို့ဖြင့် တစ်ကိုယ်လုံးပြည့်သွားပြီး သူ၏ အရေပြားသည် ကြည့်ရှုရန် အလွန်ဆိုးဝါးခဲ့သည်။ ကျောက်ရှင်းလျန် ဝေဒနာခံစားရလျက် သေလိုသည့် ဆန္ဒဖြစ်ပေါ်လာသော်လည်း၊ သို့သော် ဘုရားနှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပွင့်လင်းစေခြင်းနှင့် လမ်းပြခြင်းတို့မှတစ်ဆင့် သူသည် သူ၏ ယုံကြည်ခြင်းကို ပြန်လည်ရရှိပြီး ရှေ့ဆက်ရန် သတ္တိကို ရရှိကာ ဘုရားအတွက် သက်သေရပ်တည်ရန် လုံးဝ စိတ်ပိုင်းဖြတ်ခဲ့သည်။ သူ၏ အရေပြားမသက်သာမီတွင်ပင် အယူဝါဒသွတ်သွင်းသည့် ဆရာများသည် အလှည်ကျအလုပ်လုပ်ရင်း၊ သူ့အား အယူဝါဒသွတ်သွင်းရန် အဆက်မပြတ်ကြိုးစားသည်။ ထိုစဉ်တွင် ရဲများသည် သူ့အား ဘုရားကို ငြင်းပယ်ပြီး သစ္စာဖောက်စေရန် ကြိုးစားလျက် အဆက်မပြတ် ခြိမ်းခြောက်အကျပ်ကိုင်သည်။ တရုတ်ကွန်မြူနစ်ရဲများနှင့် အယူဝါဒသွတ်သွင်းသည့် ဆရာများ၏ ဤလူမဆန်သည့် ညှဉ်းပန်းမှုကို ရင်ဆိုင်ရာတွင် ကျောက်ရှင်းလျန်သည် အဆုံး၌ သက်သေရပ်တည်နိုင်မည်လော။ သိရှိရန်အတွက် ကျွန်တော့်လူငယ်ဘဝ အမှတ်တရများကို ကြည့်ရှုပါ။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။