Christian Movie Trailer - ကျွန်ုပ်၏ အချိန်နှောင်းသော သက်သေခံချက်
12.09.2024
ကျောက်ရှန်မင်သည် ဧဝံဂေလိဟောခြင်းကြောင့် ရဲကဖမ်းဆီးမှုကိုခံရပြီး ရက်စက်၍ လူမဆန်သောနှိပ်စက်မှုကို ခံရသည်။ သူသည် နှိပ်စက်မှုကို မခံနိုင်သောကြောင့် ဘုရားသခင်အား ယုံကြည်သူဖြစ်သည်ဆိုသည်ကို ငြင်းဆန်သည်။ နောက်ပိုင်းတွင် သူသည် လွတ်လာပြီး ယုဒအဖြစ်သို့ သူမပြောင်းခဲ့သည်ကို၊ သို့မဟုတ် ဘုရားသခင်အား သစ္စာမဖောက်ခဲ့သည်ကို သူဝမ်းမြောက်ပြီး ဘုရားသခင်အတွက် သူ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့သည်ဟု ထင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ရှိ စာသားအချို့ကို သူ အမှုမဲ့အမှတ်မဲ့ ကြားလိုက်သောအခါတွင် သူသည် ရုတ်တရက် နိုးထလာပြီး သူ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် လုံးဝ ပျက်ကွက်ခဲ့သည်ကို သဘောပေါက်ခဲ့သည်။ သူသည် နောင်တကြီးစွာရသော၊ အပြစ်ရှိသည်ဟုခံစားရသော အခြေအနေသို့ ရုတ်ချည်းနှစ်မြုပ်သွားသည်။ နောက်ပိုင်းနှစ်များတွင် ထိုအတွေ့အကြုံအား သူစဉ်းစားမိသည့်အခါတိုင်း၌ သူသည် စိတ်ဆင်းရဲပြီး ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု ခံစားရသည်။ လျှပ်တစ်ပြက်အတွင်း၌ ၁၀ နှစ်ကုန်ဆုံးသွားပြီး သူသည် ဧဝံဂေလိဟောနေစဉ်တွင် နောက်တစ်ဖန် အဖမ်းခံရသည်။ သူသည် လွန်ခဲ့သော ၁၀နှစ်က သူ့ကိုယ်သူ ဝန်ပိစေခဲ့သော အကြွေးများနှင့် နောင်တများအတွက် ပြန်လည်ပေးဆပ်နိုင်မည်လော။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ