2022 Myanmar Movie Trailer - ကျွန်ုပ်၏ အိမ်နှင့် ဘုရားသခင်၏ အိမ်တော်

27.07.2022

လီမင်ကျီ၏ တစ်မိသားစုလုံးသည် ဘုရားသခင်ကို ယုံကြည်ကြသည်။ သူနှင့် သူ၏ ညီမလီလန်သည် ဘုရားသခင်အတွက် စိတ်ထက်သန်စွာ အသုံးခံသည်။ လီမင်ကျီသည် သူ၏ တာဝန်များကို အခြားမြို့တွင် နှစ်နှစ်ကြာထမ်းဆောင်သည်။ သို့သော် သူသည် သူ၏ ဇာတိမြို့သို့ ပြန်လာပြီးနောက်တွင် သူ၏ ညီမသည် အယူဝါဒများကို မကြာခဏပြောဆိုပြီး လူသစ်များကို ရေလောင်းသောအခါတွင် သူမ၏ ရာထူးဖြင့် သူတစ်ပါးတို့အား ဆူငေါက်သည်ကို သူ သိရှိရသည်။ လီမင်ကျီသည် သမ္မာတရားကို သူမရှာဖွေပြီး သူမ၏ ကိုယ်ပိုင်ပြဿနာကို ဖြေရှင်းလိမ့်မည်ဟု မျှော်လင့်လျက် လီလန်အား အကြိမ်များစွာ ပံ့ပိုးကူညီသည်။ သို့သော် မကြာမီတွင် လီလန်က သူမအား အကြံပေးသော ညီအစ်ကိုမောင်နှမများကို ဖိနှိပ်ပြီး လက်တုံ့ပြန်သည်ကို လီမင်ကျီနှင့် သူ၏ တွဲဖက်အမှုဆောင်များက သိရှိကြသည်။ ထို့ကြောင့် သူမအား ကူညီရန် သူမ၏ ပြဿနာများကို ထောက်ပြကြသော်လည်း သူမက လုံးဝ လက်မခံပေ။ ညီအစ်ကိုမောင်နှမများသည် လီလန်အကြောင်းကို ချင့်ချိန်နိုင်စွမ်းရှိကြပြီး သူမ၏ ပြဿနာများကို တစ်ယောက်ပြီးတစ်ယောက် တိုင်ကြားကြသည်။ ထို့ကြောင့် လီမင်ကျီနှင့် သူ၏ တွဲဖက်အမှုဆောင်များသည် စည်းမျဉ်းများနှင့်အညီ သူမအား သူမ၏ တာဝန်မှ ထုတ်လိုက်သည်။ သို့သော် လီလန်သည် ဤအခြင်းအရာနှင့်ပတ်သက်ပြီး မကျေမနပ်ဖြစ်သည်။ သူမသည် စုဝေးပွဲများတွင် ခေါင်းဆောင်များ၊ သင်းထောက်များကို တိုက်ခိုက်ပြီး ဝေဖန်အပြစ်တင်သည်။ ၎င်းတို့က သူမကို ဖိနှိပ်နေသည်ဟု ပြောသည်။ ညီအစ်ကိုမောင်နှမများကို အထင်မှားအောင်လုပ်သည်။ အစည်းအဝေးများတွင် ဘုရားနှုတ်ကပတ်တော်များကို ညီအစ်ကိုမောင်နှမများက ဖတ်သောအခါတွင် နှောင့်ယှက်သည်။ လီမင်ကျီသည် သူ၏ ညီမက မကောင်းမှုပြုသူဖြစ်ပြီး နှင်ထုတ်သင့်သည်ဟု သတိထားမိသည်။ သို့သော် သူမသည် ကယ်တင်ခြင်းတွင် သူမ၏ အခွင့်အရေးဆုံးရှုံးရမည်ကို သူ စိုးရိမ်သည်။ ထို့ကြောင့် သူသည် အကျပ်အတည်းဖြစ်နေရသည်။ သူသည် သူ၏ စိတ်ခံစားချက်များကို အခြေခံပြီး သူ၏ ညီမကို ကာကွယ်ပါသလား၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းခြင်းအားဖြင့် သူမအား နှင်ထုတ််ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းပါသလား။ ကျေးဇူးပြု၍ ဤဗီဒီယိုကို ကြည့်ရှုပါ။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။