ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၆၈

15.04.2021

သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ဣသရေလ၏ ပြင်ပ၊ ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီးကြောင်း၊ ထိုအမှုသည် ဣသရေလ၏ နယ်ပယ်အပြင်ထိ ကျော်လွန်နှင့်ပြီး၊ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယင်းသည် ပရောဖက်ပြုချက်များ၌ မပါဝင်သည့် အသစ်သော အံ့သြဖွယ်အမှု၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အမှု၊ လူသားများ မည်သည့်အခါတွင်မျှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အမှုဖြစ်ကြောင်းကို လူများက မသိကြပေ။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာ မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအမှုတစ်ခု ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲ၌ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လက်တွေ့လုပ်ဆောင်မှုကို ရှာမကြည့်သည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပ၌ ပိုကြီးမြတ်သည့်အမှု ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သင် နားလည်ရမည်။ ဤသည်အားလုံးသည် သင်တို့ နားလည်သင့်သည့် အရာဖြစ်သည်။ သင်သည် အမှုအဟောင်းနှင့် အသစ်အကြား ခြားနားချက်ကို နားလည်ရမည်၊ ပြီးလျှင် သင်သည် သမ္မာကျမ်းစာကို မဖတ်သည့်တိုင်အောင် ၎င်းကို စိစစ်နိုင်စွမ်း ရှိရမည်၊ သို့မဟုတ်လျှင် သင်သည် သမ္မာကျမ်းစာကို ကိုးကွယ်မြဲ ကိုးကွယ်နေမည် ဖြစ်၍၊ သင်သည် အမှုသစ်ထဲကို ဝင်ရန်နှင့် အပြောင်းအလဲ အသစ်များကို ကြုံတွေ့ရန် ခဲယဉ်းလိမ့်မည်။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူတို့၏ ပြန်ပြောင်းဆင်ခြင် သုံးသပ်ချက်များ၏ သမိုင်းဖြစ်နေဆဲ ဖြစ်ပြီး၊ ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

နောက်ဆုံးသောကာလတွင် ဘုရားသည် သာ၍ကြီးပြီး ပို၍သစ်သောအမှုကို တစ်ပါးအမျိုးသားတို့ကြား ပြုလေပြီ

သင်တို့က ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်ကို ကြည့်လိုသည်၊ ဣသရေလလူမျိုးများ ယေဟောဝါ၏ လမ်းစဉ်ကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုသည်ဆိုလျှင် သင်တို့သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုကြရန်လိုမည်၊ အကယ်၍များ သင်တို့က ကျေးဇူးတော်ခေတ်၏ လုပ်ဆောင်ချက်ကို သိနားလည်ချင်လျှင်မူ သင်တို့သည် ဓမ္မသစ်ကျမ်းကို ဖတ်ရှုကြရန် လိုမည်။ သို့သော်လည်း နောက်ဆုံးသော ကာလ၏ အလုပ်ကို သင်တို့ မည်သို့များ မြင်ကြသနည်း။ သင်တို့သည် ယနေ့ ဘုရားသခင်၏ ရှေ့ဆောင်မှုကို လက်ခံလျက် ယနေ့၏ အမှုထဲကို ဝင်ရောက်ကြရန် လိုအပ်သည်။ ဤအရာသည် အသစ်သောအမှုဖြစ်သောကြောင့် သမ္မာကျမ်းစာထဲတွင် မတွေ့ရပ ယနေ့တွင် ဘုရားသည် လူ့ဇာတိအဖြစ်ကို ခံယူပြီး တရုတ်နိုင်ငံထဲက အခြားရွေးကောက်ခံသူများကို ရွေးထားပြီ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုကို ဆက်လက် ဆောင်ရွက်နေသည် ကျေးဇူးတော်ခေတ်မှ အမှုကို ဆက်ပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ခြင်းကို လူများမသိကြပါ။ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပ၊ ဣသရေလ၏ နယ်မြေအပြင်ထိ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်သည်။ ဘုရားအမှုတော်သည် ဘယ်လောက်အံ့ဖွယ်ကောင်းသနည်း။ လူသားများ မည်သည့်အခါမှာမှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အလုပ်ကို ပြုလုပ်ထားသည်။

ယနေ့၏ အမှုသည် လူသားတို့ မည်သည့်အခါကမှ မလျှောက်ရသေးသည့် လမ်းခရီးဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ထိုအရာသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုဖြစ်သည်၊ ထိုအရာသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုပင် ဖြစ်သည်။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သော အမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများသည် မည်သို့များ ပါဝင်နိုင်ခဲ့သနည်း။ မည်သူတို့ကများ ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် စာအုပ်ထဲမှာ ယခုလို ပိုမို ကြီးမြတ်ပြီး အမြော်အမြင်ကြီးမားသည့် အစဉ်အလာကို မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ ယနေ့အလုပ်သည် သမိုင်းမဟုတ်သေးပါ၊ သို့ဖြစ်၍ သင်က ယနေ့ ခရီးလမ်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာကို စွန့်ပစ်ရန် လိုပါမည်၊ ပရောပြုချက်များနှင့် သမိုင်းကြောင်းများကို ကျော်လွန်ရပါမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို စနစ်တကျ လျှောက်နိုင်ပါမည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် အရှိတရား အသစ်နှင့် အလုပ်သစ်ထဲကို ခြေချဝင်နိုင်မှာ ဖြစ်ပါသည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ခြင်းကို လူများမသိကြပါ။ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပ၊ ဣသရေလ၏ နယ်မြေအပြင်ထိ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်သည်။ ဘုရားအမှုတော်သည် ဘယ်လောက်အံ့ဖွယ်ကောင်းသနည်း။ လူသားများ မည်သည့်အခါမှာမှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အလုပ်ကို ပြုလုပ်ထားသည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ခြင်းကို လူများမသိကြပါ။ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပ၊ ဣသရေလ၏ နယ်မြေအပြင်ထိ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်သည်။ ဘုရားအမှုတော်သည် ဘယ်လောက်အံ့ဖွယ်ကောင်းသနည်း။ လူသားများ မည်သည့်အခါမှာမှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အလုပ်ကို ပြုလုပ်ထားသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။