ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၀

16.04.2021

သမ္မာကျမ်းစာကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းဟူ၍လည်း ခေါ်ပေသည်။ “ဓမ္မသတ်ကျမ်း” ဟူသည့်အရာက မည်သည့်အရာ ရည်ညွှန်းသည်ကို သင် သိပါသလော။ ဓမ္မဟောင်းကျမ်းထဲရှိ “ဓမ္မသတ်ကျမ်း” သည် ယေဟောဝါက အဲဂုတ္တုလူတို့ကို သတ်ဖြတ်ပြီး ဣသရေလအမျိုးသားတို့ကို ဖာရောမင်းထံမှ ကယ်တင်သောအချိန် ဣသရေလအမျိုးသားတို့နှင့် သူပြုသည့် ပဋိညာဉ်မှ လာခြင်းဖြစ်သည်။ ဟုတ်ပေ၏၊ ဤပဋိညာဉ်၏ သက်သေမှာ တံခါးထုပ်ပေါ် လိမ်းကျံထားသည့် သိုးသငယ်၏ အသွေးဖြစ်ပြီး၊ ယင်းမှတဆင့် တံခါးဘောင်၏ ထိပ်နှင့် နံဘေးများပေါ်တွင် သိုးသငယ်၏ သွေးများ ရှိသောသူအားလုံးသည် ဣသရေလအမျိုးသားများဖြစ်ကြောင်း၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူများဖြစ်ပြီး ၎င်းတို့သည် ယေဟောဝါ၏ အသက်ချမ်းသာပေးခံရလိမ့်မည်ဖြစ်ကြောင်း ဆိုထားသည့် ပဋိညာဉ်တစ်ခုကို ဘုရားသခင်သည် လူနှင့်အတူ တည်ထောင်ခဲ့ပေသည် (အကြောင်းမူကား ထိုအချိန်က ယေဟောဝါသည် အဲဂုတ္တု၏ သားဦးများနှင့် သိုးနွားတိရစ္ဆာန်တို့၏ သားဦးများကို သတ်ဖြတ်တော့မည်ဖြစ်သောကြောင့်ပေတည်း)။ ဤပဋိညာဉ်တွင် အဓိပ္ပါယ် အဆင့်နှစ်ဆင့် ရှိလေသည်။ အဲဂုတ္တု၏ လူများ သို့မဟုတ် ခြံမွေးတိရစ္ဆာန်များထဲမှ အဘယ်သူမျှ ယေဟောဝါအားဖြင့် ကယ်ဆယ်ခံရလိမ့်မည် မဟုတ်ပေ။ သူသည် ၎င်းတို့၏ သားဦးများနှင့် သိုးများနှင့် ကျွဲနွားတိရစ္ဆာန်တို့၏ သားဦးများ အားလုံးကို သတ်ဖြတ်လိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ အနာဂတ္တိ ကျမ်းများစွာတွင် အဲဂုတ္တုလူတို့သည် ယေဟောဝါ၏ ပဋိညာဉ် အကျိုးဆက်တစ်ခုအနေဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမခံရလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်ထားခဲ့ပေသည်။ ဤသည်မှာ ပဋိညာဉ်၏ ပထမအဆင့် အဓိပ္ပါယ်ဖြစ်သည်။ ယေဟောဝါသည် အဲဂုတ္တု၏ သားဦးများနှင့် ယင်း၏ ကျွဲနွားတိရစ္ဆာန် သားဦးများအားလုံးကို သတ်ဖြတ်ခဲ့ပြီး ဣသရေလအမျိုးသားအားလုံးကို ချမ်းသာပေးခဲ့သည်၊ ဆိုလိုသည်မှာ ဣသရေလ တိုင်းပြည်နှင့် ဆိုင်သော သူအားလုံးသည် ယေဟောဝါ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံခဲ့ရပြီး အားလုံး အသက်ချမ်းသာပေးခံခဲ့ရပေသည်။ သူသည် ၎င်းတို့နှင့်အတူ ရေရှည်အလုပ်လုပ်ရန် ဆန္ဒရှိခဲ့ပြီး သိုးသငယ်၏ အသွေးကို အသုံးပြုလျက် ၎င်းတို့နှင့် ပဋိညာဉ်တစ်ခု တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍၊ ယေဟောဝါသည် ဣသရေအမျိုးသားတို့ကို မသတ်ခဲ့သကဲ့သို့ ၎င်းတို့သည် အစဉ်ထာဝရ သူ၏ ရွေးချယ်ခြင်းခံရသောသူများ ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။ ဣသရေလအမျိုးသား ဆယ့်နှစ်မျိုးကြားတွင် သူသည် ပညတ်တော်ခေတ် တစ်ခုလုံးအတွက် သူ၏ အမှုကို စတင်ခဲ့သည်၊ ဣသရေလအမျိုးသားတို့ထံ သူ၏ ပညတ်တရားအားလုံးကို ဖွင့်ဟခဲ့ပြီး ၎င်းတို့ထဲမှ ပရောဖက်များနှင့် တရားသူကြီးများကို ရွေးချယ်ခဲ့ကာ ၎င်းတို့သည် သူ့အမှု၏ အဓိကကျသောနေရာတွင် ရှိခဲ့ကြသည်။ ယေဟောဝါသည် ၎င်းတို့နှင့်အတူ ပဋိညာဉ်တစ်ခု ပြုလုပ်ခဲ့သည်- ခေတ်မပြောင်းလဲခဲ့သော်၊ သူသည် ရွေးချယ်ထားသော သူတို့အလယ်တွင်သာ အမှုပြုလိမ့်မည်ဖြစ်သည်။ ယောဟောဝါ၏ ပဋိညာဉ်မှာ မပြောင်းလဲနိုင်သောအရာဖြစ်သည်၊ အကြောင်းမူကား ယင်းသည် အသွေးဖြင့် ပြုလုပ်ထားပြီး သူ၏ ရွေးချယ်ထားသော လူတို့နှင့်အတူ တည်ထောင်ထားသောကြောင့် ဖြစ်ပေသည်။ သာ၍ အရေးကြီးသည်မှာ၊ ခေတ်တစ်ခုလုံးအတွက် သူ၏ အမှုကို အစပြုဖို့ အသုံးပြုရန် သင့်လျော်သော နယ်ပယ်နှင့် ရည်မှန်းချက်တို့ကို သူ ရွေးချယ်ခဲ့ပြီး ဖြစ်သည်၊ ထို့ကြောင့် လူတို့သည် ပဋိညာဉ်ကို အထူးသဖြင့် အရေးကြီးသည်ဟု မြင်ခဲ့ကြလေသည်။ ဤသည်မှာ ပဋိညာဉ်၏ အဓိပ္ပါယ် ဒုတိယအဆင့် ဖြစ်သည်။ ပဋိညာဉ် တည်ထောင်ခြင်း မတိုင်မီ ရှိခဲ့သည့် ကမ္ဘာဦးကျမ်းကို ခြွင်းချက်ထားလျက်၊ ဓမ္မဟောင်းကျမ်းထဲရှိ အခြားကျမ်းအုပ်များအားလုံးသည် ပဋိညာဉ် တည်ထောင်ပြီးနောက်ပိုင်း ဣသရေလအမျိုးသားတို့ကြား ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်လေသည်။ အခါအားလျော်စွာ တပါးအမျိုးသားတို့၏ အဖြစ်အပျက်များ ရှိသည်မှာ မှန်ပေ၏၊ သို့သော် ခြုံငုံကြည့်လျှင်၊ ဓမ္မဟောင်းကျမ်းက ဣသရေလထဲ၌ ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဣသရေလအမျိုးသားတို့နှင့် ယေဟောဝါ၏ ပဋိညာဉ်ကြောင့်၊ ပညတ်တော်ခေတ်အတွင်း ရေးသားခဲ့သည့် ကျမ်းအုပ်များကို ဓမ္မဟောင်းကျမ်းဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ဣသရေလအမျိုးသားတို့နှင့်အတူ ပြုသည့် ယေဟောဝါ၏ ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားခြင်း ဖြစ်သည်။

ဓမ္မသစ်ကျမ်းကို ကားတိုင်ထက် သွန်းခဲ့သည့် ယေရှု၏ အသွေးနှင့် သူ့ကို ယုံကြည်သူအပေါင်းတို့နှင့်အတူပြုခဲ့သည့် သူ၏ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားခြင်းဖြစ်သည်။ ယေရှု၏ ပဋိညာဉ်မှာ ဤသို့ဖြစ်သည်- သူသွန်းခဲ့သည့် အသွေးကြောင့် သူတို့အပြစ်ဖြေလွှတ်ခြင်းခံရရန်အတွက် လူတို့သည် သူ့ကို ယုံကြည်ဖို့သာ ရှိပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ကယ်တင်ခံရလိမ့်မည်ဖြစ်ကာ သူ့အားဖြင့် တဖန်ပြန်မွေးဖွားမည်ဖြစ်ပြီး အပြစ်သားများ ဖြစ်ကြတော့မည်မဟုတ်ပေ။ သူ၏ ကျေးဇူးတော်ကို ရရှိဖို့ရန် လူတို့သည် သူ့ကို ယုံကြည်ဖို့သာ ရှိပြီး ၎င်းတို့ သေဆုံးပြီးနောက် ငရဲတွင် ဆင်းရဲဒုက္ခခံရလိမ့်မည်မဟုတ်ပေ။ ကျေးဇူးတော်ခေတ်အတွင်း ရေးသားခဲ့သည့် ကျမ်းအုပ်များအားလုံးသည် ဤပဋိညာဉ်နောက်ပိုင်းတွင် ဖြစ်လာခဲ့ခြင်းဖြစ်ပြီး အထဲ၌ ပါရှိသည့် အမှုနှင့် မိန့်မြွက်ချက်များအားလုံးကို ၎င်းတို့အားလုံး မှတ်တမ်းတင်ထားလေသည်။ ၎င်းတို့သည် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်း သို့မဟုတ် ပဋိညာဉ် နှင့်ဆိုင်သော ကယ်တင်ခြင်းထက် ပိုမဖော်ပြပေ။ ၎င်းတို့အားလုံးသည် အတွေ့အကြုံများရှိကြသည့် သခင်၌ ညီအစ်ကိုများ ရေးသားထားသည့် ကျမ်းအုပ်များ ဖြစ်သည်။ ထို့ကြောင့် ဤကျမ်းအုပ်များကိုလည်း ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားလေသည်။ ၎င်းတို့ကို ဓမ္မသစ်ကျမ်းဟု ခေါ်ဆိုပေသည်။ ဤကျမ်းနှစ်ကျမ်းတွင် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်သာ ပါဝင်ပြီး နောက်ဆုံးသော ခေတ်နှင့် ဆက်နွယ်မှုမရှိပေ။ ထို့ကြောင့် သမ္မာကျမ်းစာသည် ယနေ့ နောက်ဆုံးသော ကာလ လူတို့အတွက် ကြီးကြီးမားမား အသုံးမဝင်လှပေ။ အလွန်ဆုံးအနေဖြင့်၊ ယင်းက ယာယီ ညွှန်းချက်တစ်ခုအနေဖြင့် အသုံးတော်ခံ၏၊ သို့သော် အခြေခံအားဖြင့် ယင်းသည် အသုံးဝင်သည့် တန်ဖိုး အနည်းငယ်သာ ရှိလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။