ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၇

27.08.2022

အကယ်၍ အမှု၏ အဆင့်သုံးဆင့်ကို သုံးပါးတစ်ဆူနှင့်ဆိုင်သည့် ဤအယူအဆနှင့်အညီ အကဲဖြတ်ပါက၊ အသီးသီး ဆောင်ရွက်ခဲ့သော အမှုများ မတူညီသည့်အတွက် ဘုရားသခင် သုံးပါးရှိရပေမည်။ အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ပုဂ္ဂိုလ်သုံးပါးထဲရှိ ဤဘုရားသခင်တစ်ဆူသည် မည်သည့်အရာ အတိအကျဖြစ်သည်ကို ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည့်အရာဖြစ်သနည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်သည် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အမှုကို ယေရှုကဲ့သို့ အလားတူ ဝိညာဉ်တော်က ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ဝိညာဉ်တော်များ မည်မျှရှိနိုင်သနည်း။ သင်၏ ရှင်းပြချက်အရ၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးတို့သည် တစ်ဆူဖြစ်သည်၊ သို့ဆိုပါက ဝိညာဉ်တော် သုံးပါးရှိပေသည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် တစ်ဆူမျှမရှိဟု ဆိုလိုပေသည်။ ဤသို့သော ဘုရားသခင်မျိုးသည် အဘယ်သို့ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်ဦးမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံပါက၊ သူသည် အဘယ်သို့ သားတော်တစ်ပါးနှင့် ခမည်းတော်တစ်ပါး ရှိနိုင်သနည်း။ ဤအရာအားလုံးသည် သင်၏ အယူအဆများ မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်း ရှိသည်မှာ သမ္မာကျမ်းစာထဲ၌ “သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။” ဟူ၍ ရေးသားသကဲ့သို့ ဖြစ်ပေသည်။ သင်ပြောသည့် ခမည်းတော်နှင့်၊ သားတော် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ စင်စစ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိပြီး၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်ပြီး လူတို့အလယ် နေထိုင်နိုင်သည့်အပြင် အရာအားလုံး၏ အထက်၌ ရှိနေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ အပါအဝင်ဖြစ်ပြီး နေရာတိုင်းတွင် ရှိသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်ပါးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ အကယ်၍ သင်တို့ ပြောကြသည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍ ဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင် သုံးဆူဖြစ်နေသည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးဖြစ်ပြီး၊ သားတော်က အခြားတစ်ပါး၊ ခမည်းတော်ကလည်း နောက်တစ်ပါး ဖြစ်နေပေသည်။ ၎င်းတို့၏ ဇာတိအဖြစ်တော်များသည် ကွဲပြားပြီး ၎င်းတို့၏ အနှစ်သာရများ ကွဲပြားပေသည်။ ထို့ကြောင့် ၎င်းတို့အသီးသီးသည် ဘုရားသခင် တစ်ဆူတည်း၏ အစိတ်အပိုင်းများ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်တော် တစ်ပါး ဖြစ်သည်။ ဤသည်မှာ လူသားအတွက် နားလည်ရန် လွယ်ကူသည်။ ဤသို့ဖြစ်ပါက၊ ခမည်းတော်သည် ဝိညာဉ်တော် သာ၍ပင် ဖြစ်သေးသည်။ သူသည် ကမ္ဘာမြေသို့ မည်သည့်အခါမျှ မဆင်းသက်ခဲ့သည် သာမက၊ မည်သည့်အခါမျှ လူ့ဇာတိ မခံယူဖူးပေ။ သူသည် လူ၏ နှလုံးသားထဲက ယေဟောဝါ ဘုရားသခင်ဖြစ်ပြီး၊ သေချာပေါက် ဝိညာဉ်တော်လည်း ဖြစ်၏။ သို့ဆိုလျှင် သူနှင့် သန့်ရှင်းသော ဝိညာဉ်တော် ကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းမှာ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှုလော။ သို့တည်းမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခမည်းတော်၏ ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုလော။ ဝိညာဉ်တော် အသီးသီး၏ အနှစ်သာရသည် အတူတူ ဖြစ်သလော။ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်သည် ခမည်းတော်၏ တန်ဆာပလာ တစ်ခုလော။ ဤအရာအား မည်ကဲ့သို့ ရှင်းပြ၍ရနိုင်သနည်း။ ထို့နောက်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းသည် ဝိညာဉ်တော်နှစ်ပါးကြားရှိ ဆက်နွှယ်မှုလော၊ သို့မဟုတ် လူသားတစ်ဦးနှင့် ဝိညာဉ်တော်တစ်ပါးကြားက ဆက်နွှယ်မှုလော။ ဤအရာအားလုံးသည် မည်သည့်ရှင်းပြချက်မျှမရှိသော ကိစ္စရပ်များဖြစ်သည်။ အကယ်၍ ၎င်းတို့ အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း ဆိုပါက၊ ၎င်းတို့သည် ဝိညာဉ်တော်တစ်ပါးတည်းကို ပိုင်ဆိုင်ကြသည့်အတွက်၊ ပုဂ္ဂိုလ်သုံးပါးအကြောင်း ပြော၍မရနိုင်ပေ။ အကယ်၍ ၎င်းတို့သည် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါးဖြစ်ပါက၊ ၎င်းတို့၏ ဝိညာဉ်တော်များသည် အစွမ်းခွန်အားတွင် ကွဲပြားမည် ဖြစ်ပြီး၊ ၎င်းတို့သည် တကယ်ကို ဝိညာဉ်တော် တစ်ပါးတည်း မဖြစ်နိုင်ပေ။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်သက်ဆိုင်သည့် ဤအယူအဆသည် အဓိပ္ပာယ်မရှိဆုံးဖြစ်သည်။ ဤအရာက ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့ကို အသီးသီး အဆင့်အတန်းနှင့် ဝိညာဉ်တော်ပါရှိလျက် ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲလိုက်သည်။ သို့ဆိုလျှင် သူသည် အဘယ်သို့ ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင် တစ်ဆူတည်း ဖြစ်နိုင်သေးသနည်း။ ငါ့ကိုပြောလော့၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ခမည်းတော်၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သလော။ အချို့က ၎င်းတို့ အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု ပြောကြသည်။ သို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနုတ်ခဲ့သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသားမျိုးနွယ်အား ရွေးနုတ်ခဲ့သူမှာ သားတော်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ သို့ဆိုလျှင် အနှစ်သာရအရ သားတော်သည် အဘယ်သူ ဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည် မဟုတ်ပေလော။ လူ့ဇာတိခံယူခြင်းက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ဖန်ဆင်းခံလူတစ်ဦး၏ ရှုထောင့်မှ ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေတည်ခြင်းမှတစ်ဆင့် မွေးဖွားခဲ့သည်ကို သင် သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် ရှိသည်။ သင်မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်နေဆဲဖြစ်သည်။ သားတော်နှင့်ဆိုင်သည့် ဤစိတ်ကူးသည် တကယ်ကို မမှန်ပေ။ အမှုအားလုံးကို ဆောင်ရွက်သူမှာ ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည့် ဘုရားသခင် ကိုယ်တိုင်သည်သာ သူ၏ အမှုကို ဆောင်ရွက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် မည်သူနည်း။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယင်းမှာ ယေရှု၏ အထဲ၌ အလုပ်လုပ်သော သန့်ရှင်းသော ဝိညာဉ်တော် မဟုတ်လော။ အကယ်၍ အမှုအား သန့်ရှင်းသော ဝိညာဉ်တော်က (ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်) ဆောင်ရွက်ခဲ့ခြင်း မရှိပါက၊ သူ၏ အမှုသည် ဘုရားသခင် ကိုယ်တော်တိုင်အား ကိုယ်စားပြုနိုင်ခဲ့မည်လော။ ယေရှုသည် သူဆုတောင်းသည့်အခါ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ခေါ်ဆိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သာမန်နှင့် ရိုးရိုးဇာတိခန္ဓာကို ယူတင်ဝတ်ဆင် ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ဤအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အတွင်း၌ ရှိသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့လျှင်ပင်၊ သူ၏အပြင်ပန်း သွင်ပြင်သည် ပုံမှန်လူသား တစ်ဦး၏ သွင်ပြင်ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော “လူသား” ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူ့ကို လူသားဟု ခေါ်ဆိုသည်ကို ထောက်ဆလျှင်၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ၊ မည်သည့် အခြေအနေတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အကာနှင့်ဖြစ်သည်) ဖြစ်သည်။ ထို့ကြောင့် ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းနှင့် တူပေသည်။ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ထိုသို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌနာတော်ကို သင်တို့ မှတ်မိကြသေးသလော။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ...” သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်၏ နာမနှင့် ခေါ်ဆိုရန် စေခိုင်းခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့်အတွက်၊ သူသည် သင်တို့အားလုံးနှင့်တန်းတူ ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟူသည့် နာမနှင့် ခေါ်ဆိုခဲ့သည့်အတွက် ယေရှုသည် မိမိကိုယ်ကို သင်တို့နှင့် အဆင့်အတန်းတူသည့်သူအဖြစ်နှင့် ကမ္ဘာပေါ်တွင် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူသားတစ်ဦးအဖြစ် (ဆိုလိုသည်မှာ ဘုရားသခင်၏ သားတော်အဖြစ်) ရှုမြင်ခဲ့သည်။ သင်တို့သည် ဘုရားသခင်အား “ခမည်းတော်” ဟု ခေါ်ဆိုပါက၊ ဤသည်မှာ သင်တို့သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သောကြောင့် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှ ကြီးမားစေကာမူ၊ ကားစင်တင်ခြင်း မတိုင်မီတွင်၊ သူ၏ အမှုကို မပြီးစီးသေးသည့်အတွက် သူသည် သန့်ရှင်းသော ဝိညာဉ်တော် (ယင်းမှာ ဘုရားသခင်ဖြစ်သည်) အုပ်စိုးသည့် လူသား တစ်ဦးမျှသာ ဖြစ်ပြီး၊ ကမ္ဘာမြေ၏ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟု သူ၏ခေါ်ဆိုခြင်းသည် လုံးဝဥဿုံ သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) သူ၏ ထိုသို့ပုံစံဖြင့် ခေါ်ဆိုခြင်းက သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်ခဲ့သည်ဟု သက်သေမပြပေ။ ထို့ထက် ယင်းမှာ သူသည် မတူကွဲပြားသော လူတစ်ဦး ဖြစ်ခဲ့သည်မဟုတ်ဘဲ၊ သူ၏ ရှုထောင့်က သက်သက် ကွဲပြားခြားနားခဲ့ခြင်း ဖြစ်သည်။ ကွဲပြားသော ပုဂ္ဂိုလ်များ တည်ရှိခြင်းသည် အတွေးမှားတစ်ခု ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်း မတိုင်မီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင် ထားခံရသည့် လူသားတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး၊ ဝိညာဉ်တော်၏ သြဇာအာဏာကို အပြည့်အဝ မပိုင်ဆိုင်ခဲ့ပေ။ ယင်းမှာ သူသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှသာ ခမည်းတော် ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ ယင်းမှာ ဂေသရှေမန် ဥယျာဉ်တွင် သုံးကြိမ်သုံးခါ သူဆုတောင်းခဲ့သည့်အတိုင်း ဖြစ်သည်- “အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော။” သူသည် ကားတိုင်ပေါ် အတင်မခံခဲ့ရမီတွင်၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်။ သူသည် ခရစ်တော်၊ လူသားဖြစ်ခဲ့ပြီး၊ ဘုန်းအသရေနှင့်ဆိုင်သည့် ကိုယ်မဟုတ်ခဲ့ပေ။ ယင်းမှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို ခမည်းတော်ဟု ခေါ်ဆိုသူအားလုံး သားတော်ဖြစ်သည်ဟု သင်ပြော၍ မရနိုင်ပေ။ ဤအရာသည် မှန်ကန်ပါက၊ ယေရှုက သင်တို့ကို ပဌနာတော် သင်ပေးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အားလုံးသည် သားတော် ဖြစ်လာကြပြီးဖြစ်မည် မဟုတ်လော။ သင်တို့ လက်မခံသေးပါက၊ ငါ့ကိုပြောကြလော့၊ ခမည်းတော် (အဖ)ဟု သင်တို့ ခေါ်ဆိုသူမှာ မည်သူနည်း။ အကယ်၍ သင်တို့သည် ယေရှုကို ရည်ညွှန်းနေပါက၊ သင်တို့အဖို့ ယေရှု၏ ခမည်းတော်သည် မည်သူဖြစ်သနည်း။ ယေရှု ထွက်ခွာသွားပြီး နောက်တွင်၊ ခမည်းတော်နှင့် သားတော်တို့နှင့် ဆိုင်သည့် ဤစိတ်ကူး မရှိတော့ပေ။ ဤစိတ်ကူးသည် ယေရှု လူ့ဇာတိခံယူသည့် နှစ်ကာလများအတွက်သာ သင့်လျော်ခဲ့သည်။ အခြား အခြေအနေ အားလုံးအောက်တွင်၊ သင်က ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုသောအခါ၊ ဖန်ဆင်းခြင်း၏ သခင်နှင့် ဖန်ဆင်းခံ သတ္တဝါတို့အကြား ဆက်နွှယ်မှုတစ်ခု ဖြစ်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သည့် ဤသုံးပါးတစ်ဆူ စိတ်ကူးရပ်တည်နိုင်သည့် အချိန်ကာလ မရှိပေ။ ယင်းသည် ခေတ်ကာလများ တစ်လျှောက် မြင်ရခဲသော အတွေးမှားတစ်ခုဖြစ်ပြီး မတည်ရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။