ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၃

21.07.2020

ဘုရားသခင်၏ အမှုတွင် အသစ်ဖွံ့ဖြိုးတိုးတက်မှုများ အမြဲရှိသောကြောင့် အမှုသစ်ရှိသကဲ့သို့ ခေတ်ကုန်သွားလျက် ဟောင်းသွားသောအမှုလည်း ရှိပေသည်။ ဤအမှုဟောင်းနှင့် အမှုသစ်သည် ဆန့်ကျင်ဘက် မဟုတ်ဘဲ အပြန်အလှန် ပြည့်စုံစေကြကာ အဆင့်တိုင်းသည် ယခင်အဆင့်နောက်သို့ လိုက်လာသည်။ အမှုသစ်ရှိသောကြောင့် ဟောင်းသောအရာများကို အဆုံးသတ်၍ ဖယ်ရှားရမည်။ ဥပမာ- ကာလကြာရှည်စွာ ကျင့်သုံးနေသော လက်တွေ့ကျင့်သုံးပုံများနှင့် လူတို့အကျင့်ပါလျက် ပြောနေကျစကားများသည် လူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံနှင့် သွန်သင်ချက်တို့ ပေါင်းလိုက်သောအခါ လူတို့၏စိတ်ထဲ၌ အယူအဆအမျိုးမျိုး ဖြစ်လာသည်။ လူ၏ ထိုသို့သော အယူအဆများ၏ ဖြစ်ပေါ်လာပုံထက် ပို၍ အခါအခွင့်သင့်သည်မှာ ရှေးကာလမှ သီအိုရီများ၏ နှစ်ပေါင်းများစွာအတောအတွင်း ပျံ့နှံ့မှုတို့နှင့်ပေါင်းလျက် ဘုရားသခင်သည် မိမိ၏ စစ်မှန်သော မျက်နှာနှင့် ပင်ကိုစိတ်သဘောထားကို ပြည့်ဝစွာဖော်ပြရန်ရှိနေသေးသည်ဟူသော အချက်ဖြစ်သည်။ လူတို့ ဘုရားသခင်ကို ယုံကြည်သည့် ကာလတစ်လျှောက်တွင် အယူအဆအမျိုးမျိုး၏ လွှမ်းမိုးမှုက ဘုရားသခင်အပေါ် ထင်မြင်ယူဆချက်များစွာကို အဆက်မပြတ်ပေါ်ထွက်စေကာ ဆင့်ကဲပြောင်းလဲစေသဖြင့် ဘုရားသခင်ကို အစေခံသည့် ဘာသာရေးသမား များစွာသည် ဘုရားသခင်၏ ရန်သူများ ဖြစ်သွားကြသည်ဟု ပြော၍ရသည်။ ဤသို့ဖြင့် လူတို့၏ ဘာသာရေး အယူအဆများ ပြင်းထန်လေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်လေလေဖြစ်ပြီး ဘုရားသခင်၏ ရန်သူဖြစ်လေလေပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အမှုသည် အမြဲအသစ်ဖြစ်၍ ဟောင်းနွမ်းခြင်းမရှိ၊ အယူဝါဒကို မည်သည့်အခါမျှ မဖြစ်ပေါ်စေဘဲ အနည်းနှင့်အများ ဆိုသကဲ့သို့ အစဉ်မပြတ် ပြောင်းလဲကာ အသစ်ပြုပြင်နေသည်။ ဤအမှုသည် ဘုရားသခင်၏ ပင်ကို စိတ်သဘောထား၏ ဖော်ပြချက်ဖြစ်သည်။ ၎င်းသည် ဘုရားသခင့်အမှုတော်၏ ပင်ကိုနိယာမဖြစ်သကဲ့သို့ ဘုရားသခင်က မိမိ၏စီမံခန့်ခွဲမှုကို ဆောင်ရွက်သည့် နည်းလမ်းများထဲမှတစ်ခု ဖြစ်သည်။ ဘုရားသခင်သာ ဤနည်းဖြင့် အလုပ်မလုပ်ခဲ့ပါက လူသည် ပြောင်းလဲနိုင်လိမ့်မည် မဟုတ် သို့မဟုတ် ဘုရားသခင်ကို သိနိုင်လိမ့်မည် မဟုတ်၊ စာတန်သည်လည်း ရှုံးနိမ့်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏အမှုထဲတွင် တသမတ်တည်းမဟုတ်ဟု ထင်ရသော်လည်း စင်စစ်အားဖြင့် ပုံမှန်ဖြစ်သော ပြောင်းလဲမှုများ အစဉ်မပြတ် ဖြစ်ပေါ်သည်။ လူက ဘုရားသခင်ကို ယုံကြည်သည့် ပုံစံမှာမူ အတော်အတန် ကွာခြားသည်။ သူသည် ရင်းနှီးကျွမ်းဝင်ပြီးသား အယူဝါဒများနှင့် စနစ်ဟောင်းများကို ဖက်တွယ်ထားပြီး ထိုအရာများ ဟောင်းလေလေ သူ့အတွက် နှစ်လိုဖွယ်ရှိလေလေဖြစ်သည်။ လူ၏မိုက်မဲသောအသိဉာဏ်၊ ကျောက်တုံးကဲ့သို့ မာကျောသော အသိဉာဏ်က ဉာဏ်မမီနိုင်အောင် နက်နဲလှသည့် ဘုရားသခင်၏အမှုသစ်နှင့် နှုတ်ကပတ်တော်ကို မည်သို့ လက်ခံနိုင်မည်နည်း။ လူသည် အမြဲအသစ်ဖြစ်လျက် ဟောင်းနွမ်းခြင်း လုံးဝမရှိသည့် ဘုရားသခင်ကို ရွံ့မုန်းပြီး ဆံပင်ဖြူ၍ မလှုပ်ရှားနိုင်သည့် ရှေးပဝေသဏီသမျှ ဟောင်းနွမ်းသည့် ဘုရားသခင်ကိုသာ နှစ်သက်သည်။ ဤသို့နှင့် လူနှင့် ဘုရားသခင်တို့တွင် အကြိုက်တစ်မျိုးစီ ရှိကြသောကြောင့် လူသည် ဘုရားသခင်၏ ရန်သူဖြစ်သွားသည်။ ဤသို့ ဆန့်ကျင်ဘက်ဖြစ်ခြင်း များစွာတို့သည် ဘုရားသခင်က နှစ်ပေါင်းခြောက်ထောင်ခန့် အမှုသစ်ကို ပြုလုပ်လာခဲ့ပြီးချိန်ဖြစ်သော ယနေ့တွင်လည်း တည်ရှိနေသေးသည်။ သို့ဖြစ်၍ ၎င်းတို့ကို ကုစား၍မရပါချေ။ ဤအရာသည် လူ၏ခေါင်းမာခြင်း သို့မဟုတ် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက်များကို လူက မချိုးဖောက်နိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က မိမိဘက်တွင် မည်သူမျှမရှိသကဲ့သို့ မပြီးစီးသေးသည့် စီမံခန့်ခွဲခြင်းအမှုကို ဆက်လက် လုပ်ဆောင်နေချိန်တွင် ဘာသာရေးဆရာ၊ ဆရာမများသည် မှိုတက်၍ ဟောင်းနွမ်းနေသော စာအုပ်များနှင့် စာရွက်များကို ဖက်တွယ်ထားကြဆဲ ဖြစ်သည်။ အဆိုပါ ဆန့်ကျင်ကွဲလွဲချက်များသည် လူနှင့် ဘုရားသခင်၏ရန်သူကိုဖြစ်စေပြီး ပြန်လည်သင့်မြတ်စေရန် မဖြစ်နိုင်သော်လည်း၊ ထိုအရာများရှိနေခဲ့သော်လည်း မရှိသကဲ့သို့ ဘုရားသခင်က အမှုမထားပါ။ သို့ရာတွင် လူသည် မိမိ၏ ယုံကြည်ချက်များနှင့် အယူအဆများကို ဆက်လက် ဆုပ်ကိုင်ထားပြီး မည်သည့်အခါမျှ မစွန့်လွှတ်ချေ။ သို့ရာတွင် ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည့် အရာတစ်ခုရှိသည်မှာ လူသည်မိမိ၏ ရပ်တည်ချက်မှ သွေဖည်မသွားသော်လည်း ဘုရားသခင်၏ခြေများသည် အစဉ်အမြဲ ရွေ့လျားနေပြီး ပတ်ဝန်းကျင် အခြေအနေအရ မိမိ၏ ရပ်တည်ချက်ကို အမြဲပြောင်းလဲနေသဖြင့် အဆုံးတွင် မတိုက်လိုက်ရဘဲနှင့် ရှုံးနိမ့်သွားမည့်သူမှာ လူပင်ဖြစ်သည်။ ဘုရားသခင်မှာမူ ရှုံးနိမ့်သွားသည့် ရန်ဘက်အားလုံး၏ အကြီးဆုံးရန်သူဖြစ်သကဲ့သို့ ရှုံးနိမ့်သွားသည့် လူသားများနှင့် ရှုံးနိမ့်ဦးမည့် လူသားများအကြားတွင် ဗိုလ်စွဲသူလည်း ဖြစ်သည်။ မည်သူသည် ဘုရားသခင်ကို ယှဉ်ပြိုင်၍ အောင်နိုင်လိမ့်မည်နည်း။ လူ၏ အယူအဆများသည် ဘုရားသခင်ထံမှ လာပုံရပြီး ၎င်းတို့အနက် များစွာသည် ဘုရားသခင်ပြုသည့် အမှုနောက်တွင် ထွက်ပေါ်လာသည်။ သို့သော်လည်း ဘုရားသခင်သည် ဤအရာကြောင့် လူကို ခွင့်မလွှတ်သကဲ့သို့ မိမိအမှု၏ပြင်ပမှ “ဘုရားသခင် အတွက်” ထုတ်ကုန် တစ်သုတ်ပြီး တစ်သုတ် ထုတ်လုပ်နေသည့် လူကိုလည်း ဘုရားသခင် မချီးမွမ်းပါချေ။ ထိုအစား သူသည် လူ၏ အယူအဆများနှင့် ဟောင်းနေသော ဘာသာရေး ကိုင်းရှိုင်းသည့် ယုံကြည်ချက်များကို အလွန်ရွံ့မုန်းပြီး ထိုအယူအဆများ ဦးစွာထွက်ပေါ်လာသည့် နေ့ရက်များကိုပင် လျစ်လျူရှုလေသည်။ ထိုအယူအဆများသည် မိမိ၏အမှုမှ ထွက်ပေါ်လာသည်ဟု သူလုံးဝလက်မခံပေ။ အကြောင်းမှာ လူ၏ အယူအဆများကို လူက ပြန့်နှံ့စေပြီး ၎င်းတို့၏ အရင်းအမြစ်သည် လူ၏စိတ်ကူးနှင့် အသိဉာဏ်ပင် ဖြစ်ကာ ဘုရားသခင်ထံမှ မလာဘဲ စာတန်ထံမှ လာသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အစဉ်ပင် မိမိ၏အမှု ဟောင်းနွမ်း၍ သေဆုံးခြင်းမရှိဘဲ အသစ်ဖြစ်၍ အသက်ရှင်စေလိုပြီး၊ ထာဝရတည်၍ မပြောင်းလဲခြင်း မဟုတ်ဘဲ ခေတ်များနှင့် ကာလများအရ ပြောင်းလဲရန် လူတို့ကိုခိုင်မြဲစွာ ကိုင်စွဲစေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူကို အသက်ရှင်စေ၍ အသစ်ဖြစ်စေလိုသောကြောင့်ဖြစ်ပြီး မာရ်နတ်ကမူ လူကို သေဆုံးစေ၍ အိုမင်းစေသည်။ သင်တို့သည် နားမလည်သေးဘဲ ရှိနေသလော။ သင်သည် အမြင်ကျဉ်းမြောင်းသောကြောင့် သင်၌ ဘုရားသခင်အကြောင်း အယူအဆများ ရှိနေပြီး ၎င်းတို့ကို မစွန့်လွှတ်နိုင်ချေ။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားသခင်၏ အမှုသည် အဓိပ္ပာယ် အနည်းငယ်သာရှိသောကြောင့် သို့မဟုတ် ဘုရားသခင်၏ အမှုသည် လူမဆန်သောကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်က မိမိ တာဝန်များကို အစဉ်အမြဲ ဂရုမစိုက်သောကြောင့်လည်း မဟုတ်ပါ။ သင်၏အယူအဆများကို သင်မစွန့်လွှတ်နိုင်ရခြင်းမှာ ဘုရားသခင်က သင့်အတွက် အမှုအရာများကို ခက်ခဲစေသောကြောင့် မဟုတ်ဘဲ သင့်မှာ နာခံခြင်း မရှိသောကြောင့်နှင့် ဘုရားသခင်ဖန်ဆင်းသော သတ္တဝါနှင့် စိုးစဉ်းမျှ မတူသောကြောင့် ဖြစ်သည်။ ဤအရာ အလုံးစုံသည် သင့်ကြောင့်ဖြစ်လာပြီး ဘုရားသခင်နှင့်လုံးဝ မဆိုင်ပေ။ ဆင်းရဲဒုက္ခနှင့် ကံဆိုးခြင်းများသည် လူကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် အမြဲတမ်း ကောင်းပြီး သင့်အား အယူအဆများ မထွက်ပေါ်စေလိုဘဲ ခေတ်များ ကုန်လွန်သွားသည်နှင့်အမျှ ပြောင်းလဲ၍ အသစ်ပြုပြင်စေလိုသည်။ သို့သော် သင်သည် မြေဖြူနှင့် ဒိန်ခဲကိုပင် မခွဲခြားတတ်ဘဲ အမြဲတမ်း စစ်ကြောနေသည် သို့မဟုတ် ခွဲခြမ်းစိတ်ဖြာနေသည်။ ဘုရားသခင်က သင့်အတွက် အမှုအရာများကို ခက်ခဲအောင် လုပ်နေခြင်း မဟုတ်ဘဲ သင်သည် ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်း မရှိသကဲ့သို့ သင်၏ မနာခံခြင်းသည် ကြီးမားလှခြင်း ဖြစ်သည်။ သေးငယ်သော သတ္တဝါလေးက ဘုရားသခင် ယခင်က ပေးထားသည့်အရာ၏ အစိတ်အပိုင်း သေးသေးလေးကိုယူ၍ ဘုရားသခင်ကို တိုက်ခိုက်ရဲခြင်းသည် လူ၏ မနာခံခြင်းပင် မဟုတ်လော။ လူသည် ဘုရားသခင် ရှေ့၌ မိမိအမြင်ကို ဖော်ပြရန် လုံးဝ အရည်အချင်းမရှိဟု ပြောလျှင် တရားသည်။ တန်ဖိုးမရှိ၊ ပုပ်စော်နံ၍ ပုပ်သိုးနေသော မိမိစိတ်ကြိုက် ဆိုရိုးများကို ဖော်ပြခွင့် သာ၍ပင် မရှိသကဲ့သို့ မှိုတက်နေသော အယူအဆများကို ဖော်ပြရန် အရည်အချင်း လုံးဝမရှိပါ။ ၎င်းတို့သည် ပို၍ပင် တန်ဖိုးမရှိဖြစ်ကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။