2021 Gospel Testimony in Burmese | တာဝန်ဝတ္တရားကို ကျွန်မ မကြောက်တော့ပါ

24.08.2021

သူမသည် ခရစ်ယာန်တစ်ဦးဖြစ်ပြီး ရွေးကောက်ခြင်းတစ်ခု၌ အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်ခံရသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူမသည် အလုပ်အတွက် တာဝန်ယူရမည်ဖြစ်သောကြောင့်၊ သမ္မာတရားကို သူမ လက်တွေ့မလုပ်ဆောင်ဘဲ၊ ထိုသို့ဖြင့် အသင်းတော်၏အလုပ်ကို နှောင့်နှေးစေကာ၊ သူမ အစားထိုးခံရမည်ကိုလည်းကောင်း၊ ဖယ်ရှားခံရမည်ကိုလည်းကောင်း စိုးရိမ်ပူပန်လေသည်။ သူမသည် စိုးရိမ်ပူပန်လှသည်မှာ ဤတာဝန်ကိုပင် ငြင်းပယ်လိုလေသည်။ ဆုတောင်းခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းတို့အားဖြင့် အစားထိုးခံရခြင်းနှင့် သုတ်သင်ဖယ်ရှင်းခံရခြင်းတို့နှင့်ပတ်သက်သည့် သူမ၏ကြောက်စိတ်သည် ဘုရားသခင်ကို သူမ၏အထင်လွဲခြင်းမှ လာခြင်းဖြစ်ကြောင်း၊ သူမ ဖော်ထုတ်သည့်အရာသည် လှည့်စားတတ်သော ဆိုးယုတ်သည့် စိတ်သဘောထားဖြစ်ကြောင်း သူမ သဘောပေါက်၏။ ပြီးလျှင် လူတစ်ဦးတစ်ယောက် ကယ်တင်ခံရနိုင်ခြင်း ရှိမရှဆိုသည်မှာ သူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိအပေါ် အခြေခံ၍ ကြိုတင်ပြဌာန်းထားကြောင်းနှင့် သူလုပ်ဆောင်သည့် တာဝန်သည် မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် မသက်ဆိုင်ကြောင်းတို့ကိုလည်း သူမ နားလည်လာသည်။ နောက်ပိုင်းတွင် သူမ၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သူမ၏တာဝန်ကို ရဲရင့်စွာ ရင်ဆိုင်လျက်၊ လိုက်စားခြင်းနှင့်ပတ်သက်သည့် သူမ၏ မှားယွင်းသော အမြင်ရှုထောင့်များကို အမှားပြင်ဆင်ပြီး ရိုးသားမှုကို စတင် လက်တွေ့လုပ်ဆောင်လေသည်။ သူမသည် သမ္မာတရားကို လိုက်စားခြင်းနှင့် သူမ၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်းတို့အပေါ် အာရုံစိုက်သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သူမသည် လွတ်ငြိမ်းခြင်းနှင့် တည်ကြည်ခိုင်မာခြင်းတို့ကို သူမ ခံစားရလေသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။