လူသားကို ကယ်တင်ဖို့ ဘုရားရဲ့ပြင်းပြဆန္ဒကို ဘယ်သူမှ နားမလည်
22.03.2020
၁
ဘုရားသခင် ဖန်ဆင်းခဲ့သော ဒီကမ္ဘာကြီးမှာ
လူသားကို ဘုရားသခင် ပုံဖော်ကာ အသက်သွင်းခဲ့တယ်။
ထို့နောက် လူသားမှာ မိဘဆွေမျိုးများရှိလာ၍
တစ်ဦးတည်းမဟုတ်တော့ပေ၊
ဘုရားရဲ့ပညတ်ချက်အတိုင်း အသက်ရှင်ရ။
ဒါဟာ သက်ရှိတစ်ဦးစီအား အရွယ်ရောက် ကြီးထွားဖို့က
ပံ့ပိုးပေးတဲ့ ဘုရားသခင်ဆီက ဇီဝအသစ်ဖြစ်တယ်
ဒီဖြစ်စဉ်အားလုံး၌ သူတို့အားလုံးယုံကြည်….
သူတို့မိဘများရဲ့ချစ်ခြင်းမေတ္တာနှင့်
အို ဂရုစိုက်မှုကြောင့် ကြီးပြင်းတယ်လို့
ဘုရားသခင် နေ့နှင့်ည ကြည့်ရှုစောင့်ရှောက်ထားတဲ့ ဘယ်သူမှ
မိမိအသိစိတ်နှင့် ဘုရားကို မကိုးကွယ်ကြ။
မျှော်လင့်ချက်မဲ့နေသော လူသားပေါ်
စီမံထားသည့်အတိုင်း ဘုရား ဆက်လက်လုပ်ဆောင်၊
သူမျှော်လင့်တာက… တစ်နေ့
လူဟာ အိပ်မက်က နိုးထပြီး၊
ဘဝရဲ့အဓိပ္ပာယ် နှင့်ရည်ရွယ်ချက်ကို သိရှိကာ၊
ဘုရားသခင် လူသားအပေါ် ပေးခဲ့ရသမျှ အဖိုးအခ
လူသားတို့ သူ့ဆီပြန်လာဖို့ သူတောင့်တနေတာကို နားလည်လာမယ်။
ဟုတ်တယ်၊ လူသားတို့ သူ့ဆီပြန်လာဖို့ သူတောင့်တ။
၂
လူသားဟာ ဘုရားရဲ့စောင့်ရှောက်မှုအောက်တွင်
ကြီးပြင်းလာတယ်လို့ ဘယ်သူမှ မယုံကြည်။
လူသားတို့ကြီးထွားမှုမှာ
ပင်ကိုယ်သဘာဝအလျောက်လို့ သူတို့ ယူဆကြတယ်။
အသက်ပေးသူ၊ ထိုအသက် လာသည့်နေရာ၊
ပင်ကိုယ်သဘာဝမှ အံ့ဖွယ်အမှုများ ဖန်တီးပုံကို
သူတို့မသိကြသောကြောင့်ပင်။
အို၊ သူတို့ ယူဆကြတယ်…
သူတို့စားသည့် အစားအစာက အသက်ကို ပေးတာလို့၊
လူဟာ ဇွဲရှိလို့ အသက်ရှင်နေတာလို့၊
လူဟာ ယုံကြည်မှုများနဲ့ အသက်ဆက်တာလို့။
ဘုရားသခင်ရဲ့စောင့်ရှောက်မှုကို သူတို့ မမြင်ရကြပီ
ဘုရားသခင် အပ်နှင်းသောအသက်ကို အချည်းနှီးဖြစ်စေကြတယ်။
ဘုရားသခင် နေ့နှင့်ည ကြည့်ရှုစောင့်ရှောက်ထားတဲ့ ဘယ်သူမှ
မိမိအသိစိတ်နှင့် ဘုရားကို မကိုးကွယ်ကြ။
မျှော်လင့်ချက်မဲ့နေသော လူသားပေါ်
စီမံထားသည့်အတိုင်း ဘုရား ဆက်လက်လုပ်ဆောင် …
သူမျှော်လင့်တာက… တစ်နေ့
လူဟာ အိပ်မက်က နိုးထပြီး၊
ဘဝရဲ့အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်ကို သိရှိကာ၊
ဘုရားသခင် လူသားအပေါ် ပေးခဲ့သမျှ အဖိုးအခ၊
လူသားတို့ သူ့ဆီပြန်လာဖို့ သူတောင့်နေတာကို နားလည်လာမယ်။
ဟုတ်တယ်၊ လူသားတို့ သူဆီပြန်လာဖို့ သူတောင့်တ။
သူတောင့်တ
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ