Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ယခု ကျွန်ုပ်တို့ ပိုင်ဆိုင်ပြီဖြစ်သည့်အတွက်)
17.07.2024
၁
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ယခု ကျွန်ုပ်တို့ ပိုင်ဆိုင်ပြီဖြစ်သည့်အတွက်
ကျွန်ုပ်တို့၏ ဝမ်းနည်ခြင်းက ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲ၊ ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲပြီ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နေ့စဉ် ကျွန်ုပ်တို့ စားသောက်ကာ မွေ့လျော်ခံစား။
ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူ အမြဲရှိ၊ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူ အမြဲရှိနေ။
ကိုယ်တော်၏ ရှင်သန်သော အသက်ရေက ကျွန်ုပ်တို့ အားဖြည့်ပေး
သမ္မာတရားကို နားလည်ဖို့၊ သမ္မာတရားကို နားလည်ဖို့လေ။
ကျွန်ုပ်တို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုများနှင့် ဉာဏ်ပညာ
အားလုံး ကိုယ်တော့်အပေါ် တည်မှီ၊ ကိုယ်တော့်အပေါ် တည်မှီနေ။
ညီအစ်ကိုတို့၊ ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ကြစို့၊
ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ မွေ့လျော်ကြစို့။
ဘုရားသခင်၏ နိုင်ငံတော်တွင် ကျွန်ုပ်တို့ အတူရှိကြသည်။
ညီအစ်မတို့၊ ကျွန်ုပ်တို့၏ စစ်မှန်သော နှလုံးများကို ပူဇော်ကြစို့။
ဘုရား၏ အိမ်တော်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် အလေးထားစို့။
၂
ကျွန်ုပ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် ရှိသရွေ့ ကျွန်ုပ် ရောင့်ရဲသည်၊ ကျွန်ုပ် ရောင့်ရဲသည်။
မိသားစု ပျော်ရွှင်မှုများ၊ လောကီ ကျော်ကြားမှုနှင့် ဥစ္စာပစ္စည်းကို ကျွန်ုပ် စွန့်လွှတ်မည်။
ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် အသက်ဖြစ်စေကာ ထိုနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်မည်။
အခက်အခဲ၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဆင်းရဲဒုက္ခတို့ကို ကျွန်ုပ် အောင်မြင်ကျော်လွှားမည်
ဘုရားသခင်၏ ရယူခြင်းခံရနိုင်ဖို့လေ။
ညီအစ်ကိုတို့၊ ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ကြစို့၊
ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ မွေ့လျော်ကြစို့။
ဘုရားသခင်၏ နိုင်ငံတော်တွင် ကျွန်ုပ်တို့ အတူရှိကြသည်။
ညီအစ်မတို့၊ ကျွန်ုပ်တို့၏ စစ်မှန်သော နှလုံးများကို ပူဇော်ကြစို့။
ဘုရား၏ အိမ်တော်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် အလေးထားစို့။
၃
ကျွန်ုပ်တို့ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသည်၊
ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရင်းလေ။
ကျွန်ုပ်တို့ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်ပေးထားပြီ။
ကျွန်ုပ်တို့၏ အနှောင်အဖွဲ့ရှိသမျှကို စွန့်ပယ်ဖို့သာ လိုအပ်သည်
အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်ုပ်တို့အပေါ် အမြဲ ပြုံးနေဖို့အတွက်လေ။
ညီအစ်ကိုတို့၊ ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ကြစို့၊
ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ မွေ့လျော်ကြစို့။
ဘုရားသခင်၏ နိုင်ငံတော်တွင် ကျွန်ုပ်တို့ အတူရှိကြသည်။
ညီအစ်မတို့၊ ကျွန်ုပ်တို့၏ စစ်မှန်သော နှလုံးများကို ပူဇော်ကြစို့။
ဘုရား၏ အိမ်တော်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် အလေးထားစို့။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
အခြား ဗီဒီယိုအမျိုးအစားများ