Myanmar Praise Song (အကောင်းဆုံးယဇ်ကို ဘုရားအား ပူဇော်ခြင်း)
17.04.2020
ဆုံးမခြင်း၊ စစ်ကြောခြင်းနှင့် ဒုက္ခများကို
နှစ်များစွာ ခံရပြီးနောက်
နောက်ဆုံး လူသည် ပင်ပန်းနွမ်းလျနေသည်၊
နောက်ဆုံး လူသည် ပင်ပန်းနွမ်းလျနေသည်၊
အတိတ်က “ဘုန်းတန်ခိုး” နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ” တို့
ပျောက်ဆုံးသွားပြီ ဖြစ်သော်လည်း
ယင်းကို မသိလိုက်ခင် လူသားနှင့်ဆိုင်သောပြုမူနေထိုင်ပုံ၏ အခြေခံသဘောတရားများကို
နားလည်လာပြီး လူသားတို့ကို ကယ်တင်ရေးအတွက်
ဘုရားသခင်၏ နှစ်ပေါင်းများစွာ
ပေးအပ်လုပ်ဆောင်မှုကို ကျေးဇူးတင် လာသည်။
တဖြည်းဖြည်းနှင့် လူသားသည် ၎င်းကိုယ်တိုင်၏ရိုင်းပျကြမ်းတမ်းမှုကို ရွံရှာစက်ဆုပ်လာသည်။
သူမည်မျှရိုင်းစိုင်း သည်ကို စတင်မုန်းတီးလာသည်။
ဘုရားသခင်အပေါ် အထင်လွဲမှားမှုများအားလုံး၊
ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သောတောင်းဆိုချက်များကို စတင်မုန်းတီး လာသည်။
လူသည် အချိန်ကို နောက်ကြောင်းပြန်၍
သူ၏နောင်တရစရာများကို မပြောင်းလဲနိုင်ပေမဲ့
ဘုရား၏နှုတ်ကပတ်တော်နှင့်ချစ်ခြင်းမေတ္တာသည်
လူသားကို အသက်တာသစ်ရစေ
လူသည် အချိန်ကို နောက်ကြောင်းပြန်၍
သူ၏နောင်တရစရာများကို မပြောင်းလဲနိုင်ပေမဲ့
ဘုရား၏နှုတ်ကပတ်တော်နှင့်ချစ်ခြင်းမေတ္တာသည်
လူသားကို အသက်တာသစ်ရစေ
တစ်နေ့ထက်တစ်နေ့ လူ၏နာကျင်မှုများ
သက်သာပျောက်ကင်း၍ ခွန်အား ပြန်လည်ရရှိ
သူသည် ထ၍ အနန္တတန်ခိုးရှင်၏ မျက်နှာကို ငေးကြည့်ရာ
ဘုရားသည် သူနှင့်အမြဲရှိကြောင်း သိလိုက်ရသည်
သူ၏အပြုံးနှင့်ချစ်ခြင်းမေတ္တာသည် အလွန်လှပနေဆဲပါပဲ
သူ၏နှလုံးသားသည် လူသားအတွက် စိုးရိမ်ပူပန်၊
သူ၏လက်သည် ယခင်ကလို နွေးထွေးကာ သန်မာနေဆဲ
လူသားသည် ဧဒင်ဥယျာဉ်သို့ ပြန်ရောက်နေသည့်အလားဖြစ်သည်။
သို့သော် ဤအကြိမ်တွင်
မြွေ၏ ဖြားယောင်းသွေးဆောင်မှုများကိုလူသား နားမထောင်တော့ပါ။
ယေဟောဝါ၏ မျက်နှာမှ လှည့်မသွားတော့ပါ။
ဘုရားသခင် ရှေ့မှောက် လူသား ဒူးထောက်ကာ
ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး
မိမိ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်သည်-
အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။
ဘုရားသခင် ရှေ့မှောက် လူသား ဒူးထောက်ကာ
ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး
မိမိ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်သည်-
အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။
ဘုရားသခင် ရှေ့မှောက် လူသား ဒူးထောက်ကာ
ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး
မိမိ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်သည်-
အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။
အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ