Myanmar Movie Trailer - ကောင်းကင်နိုင်ငံသို့ သွားရာလမ်းသည် အန္တရာယ်အပြည့်တည်း
03.10.2023
ခရစ်ယာန်တစ်ယောက်ဖြစ်သူ ကျောင်ရှင်းသည် တရုတ်ပြည်မကြီးတွင် အိမ်တွင်းအသင်းတော်တစ်ခုမှ တရားဟောဆရာတစ်ယောက်ဖြစ်သည်။ သူသည် သူ၏ ညီအစ်ကိုမောင်နှမများအား စစ်မှန်သည့်လမ်းကို ရှာဖွေလေ့လာပြီး အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှုပြန်လည်ကြွလာခြင်းဖြစ်သည်ဟု သတ်မှတ်ရန်အတွက် ဦးဆောင်လမ်းညွှန်ပေးသည်။ သို့ရာတွင် အချို့မှာ တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေးအသိုင်းအဝိုင်းတို့၏ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အပေါ် ရူးသွပ်စွာ တွန်းလှန်ခြင်း၊ ရှုတ်ချခြင်းတို့ကြောင့် ဝေခွဲမရဖြစ်ခဲ့ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုဖတ်ခြင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ သက်သေခံများ၏ မိတ်သဟာယဖွဲ့ခြင်းတို့ကိုနားထောင်ခြင်းတို့အားဖြင့် သူတို့သည် ဘုရားသခင်အပေါ် လူသား၏ အာခံခြင်း အကြောင်းရင်းကို နားလည်လာသည်။ ကောင်းကင်နိုင်ငံတော်သို့သွားရာလမ်းသည် အဘယ်ကြောင့် ဆင်းရဲဒုက္ခများနှင့် ပြည့်နေသည်ကို သူတို့ရှင်းလင်းစွာ သိမြင်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဆိုးယုတ်သောအုပ်ချုပ်မှုနှင့် ဘာသာရေးလောက ခေါင်းဆောင်များ၏ သမ္မာတရားကိုမုန်းတီးသော၊ ဘုရားသခင်အားဆန့်ကျင်သော အနှစ်သာရတို့ကို သူတို့ သိမြင်လာကြသည်။ နောက်ဆုံးတွင် ကျောင်ရှင်းကဲ့သို့သောသူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားကို ပြတ်သားစွာလက်ခံခဲ့ကြသည်။
အခြား ဗီဒီယိုအမျိုးအစားများ