Christian Dance (အနန္တတန်ခိုးရှင်ဘုရားသခင်၏ အောင်မြင်ခြင်း အတွက် ချီးမွမ်း)

11.07.2024

အနန္တတန်ခိုးရှင် ဘုရားတွက် ချီးမွမ်းသီချင်း ဆိုကြ၊

ကျွန်ုပ်တို့၏ စိတ်နှလုံးများမှ သီချင်းသံ ပျံ့လွင့်သည်။

ဤကမ္ဘာတွင် လူ့ဇာတိခံယူသော ဘုရားကို ချီးမွမ်းကြ၊

လူကိုကယ်တင်ရန်နှင့် သန့်စင်စေရန် သမ္မာတရား ကို ဖော်ပြ။

ကျွန်ုပ်တို့ သူ့အသံကိုကြား၊ သူပေါ်လာခြင်းကို မြင်တွေ့၊

ဝမ်းမြောက်သောနှလုံးသားဖြင့် ဘုရား အိမ်တော်သို့ ကျွန်ုပ်တို့ ပြန်လာသည်။

ဘုရား၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ စားသောက် ကာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှု၌ ဝမ်းမြောက်၊

သမ္မာတရားကို နားလည်ပြီး ကျွန်ုပ်တို့ နှလုံးသားများ လွတ်မြောက်။

ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို ကျွန်ုပ်တို့ မြင်ကြ။

၎င်းတို့သည် ထာဝရအသက်၏ လမ်းဖြစ်သည်။

၎င်းတို့သည် ထာဝရအသက်၏ လမ်းဖြစ်သည်။

ဘုရားသခင်၏ ရွေးချယ်ထားသူများ အဘယ်ကြောင့် ဝမ်းမြောက်ခြင်းနှင့် ပြည့်ကြသနည်း။

ကောင်းကင်နိုင်ငံတော်၏ စားပွဲတော်ကို ကျွန်ုပ်တို့ တက်ရောက်သည်၊

ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်ကြသည်။

ဇိအုံသည် အဘယ်ကြောင့် မရပ်မနား ကောင်းချီးဩဘာပေးနေသနည်း။

ဘုရားသခင်၏ နိုင်ငံတော်သည် ကမ္ဘာသို့ ကြွရောက်လာခဲ့ပြီ။

အနန္တတန်ခိုးရှင် ဘုရားတွက် ချီးမွမ်းသီချင်း ဆိုကြ၊

သီချင်းသံက ဘုရားသခင်အတွက် ကျွန်ုပ်တို့၏ ချစ်ခြင်းကို အော်ဟစ်သီဆိုနေ။

ကျွန်ုပ်တို့ကို အလုံးစုံ သန့်စင်၊ ကယ်တင်သော

ဘုရားသခင်၏ ဖြောင့်မတ်သော၊ ဘုန်းအာနုဘော်ဖြစ်သော တရားစီရင်ခြင်းကို ချီးမွမ်းကြလော့။

နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းကို လက်ခံကာ

ပြီးလျှင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခြင်းခံရ။

စမ်းသပ်မှုနှင့် စစ်ဆေးမှုများကြောင့် ကျွန်ုပ်တို့ ဒုက္ခခံရသော်လည်း

ကျွန်ုပ်တို့၏ စိတ်သဘောထားများ ပြောင်းလဲသွားခဲ့ပြီး ကျွန်ုပ်တို့ သည် လူသစ်များဖြစ်လာ။

သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ကာ လွတ်မြောက်ပြီး အလင်း၌ နေထိုင်သည်။

ဘုရားကို ကျွန်ုပ်တို့ သန့်စင်စွာ၊ ရိုးသားစွာ ချစ်သည်။

ဘုရားကို ကျွန်ုပ်တို့ သန့်စင်စွာ၊ ရိုးသားစွာ ချစ်သည်။

လူအားလုံးက အဘယ်ကြောင့် ဘုရားသခင်ကို ကျိုးနွံနာခံကြသနည်း။

ဘုရားသခင်ကို ကျွန်ုပ်တို့ သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။

လူအားလုံးက အဘယ်ကြောင့် သူ့ကို အတူတကွ ချီးမွမ်းကြသနည်း။

ကျွန်ုပ်တို့ စာတန်ကို စွန့်ပစ်ကာ ကယ်တင်ခြင်း ရခဲ့ပြီ။

အနန္တတန်ခိုးရှင် ဘုရားတွက် ချီးမွမ်းသီချင်း ဆိုကြ၊

သီချင်းသံက ကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်စေသည်။

ဘုရားသခင်၏ အနန္တတန်ခိုးကို ပြသည့်၊

စာတန်ကို အနိုင်ယူကာ အောင်မြင်သူတစ်စုကို ဖြစ်စေသည့် သူ၏ နှုတ်ကပတ်တော်များကို ချီးမွမ်းလော့။

တိုင်းနိုင်ငံအားလုံးနှင့် နယ်မြေဒေသအားလုံးအနှံ့ ဘုရားနှုတ်ကပတ်တော်များ ပျံ့နှံ့။

ခရစ်တော်၏ ဖြောင့်မတ်သော နိုင်ငံတော် ပေါ်ထွက်ပြီ၊

နှုတ်ကပတ်တော်သည် မြေကြီးပေါ်တွင် စိုးမိုး၊

တိုင်းနိုင်ငံအားလုံး၊ လူများအားလုံး ဘုရားကို အတူ ကိုးကွယ်ကြ၊

ဘုရားသခင်၏ လူများအားလုံး အလင်းတွင် အသက်ရှင်ကာ သူ့ကို ကိုးကွယ်ရန် လာကြသည်။

ကမ္ဘာမြေပေါ် ကောင်းကင်နှင့်ဆိုင်သော ကောင်းချီးများကို မွေ့လျော်ရင်းလေ။

ကမ္ဘာမြေပေါ် ကောင်းကင်နှင့်ဆိုင်သော ကောင်းချီးများကို မွေ့လျော်ရင်းလေ။

အဘယ်ကြောင့် အရာခပ်သိမ်း အတူဝမ်းမြောက်ကြသနည်း။

ကြီးမြတ်သည့်အမှုကို ဘုရားသခင် ပြီးစီးကာ အောင်ခြင်းဖြင့် ပြန်ကြွလာ။

ကောင်းကင်နှင့် မြေကြီးက အဘယ်ကြောင့် လုံးဝ သစ်လွင်ပုံပေါ်သနည်း။

မိုးမျက်နှာကြက်တစ်လျှောက် ဘုရားသခင်၏ ဘုန်းအသရေ ထွန်းလင်း။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။