Myanmar Testimony Video - ကြမ်းတမ်းသည့်ကာလများအတွင်းမှ ချီးမွမ်းခြင်း
14.01.2022
ဟန်မေသည် ဘုရားသခင်အား ယုံကြည်သည့်အတွက် အဖမ်းခံရ သည့် အသင်းတော်မှခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အသင်းတော်မှ ရန်ပုံငွေများ တည်ရှိသည့်နေရာအား သူမအနေနှင့် သူတို့အား ပြောပြ စေရန် သူမ၏ကျောဘက်မှ လက်ထိပ်ခတ်ပြီး သူမအား “တုတ်ထိုး” သည့်နည်းနှင့် ညှဉ်းပန်းနှိပ်စက်ကြသည်။ သူမအား ၁၉ ရက် ပေးမအိပ် သောကြောင့်၊ သူမ ဒုက္ခများစွာခံခဲ့ရပြီး အလွန်အားနည်းသွားသည်။ သူမသည် အလွန်ပင် မျှော်လင့်ချက်ကင်းမဲ့နေသည့်အချိန်တွင်၊ ဘုရား သခင်၏နှုတ်ကပတ်တော်များသည် သူမအား ယုံကြည်မှုနှင့်ခွန်အား ပေးပြီး သူမ အသက်ရှင်ကျန်ရစ်နိုင်အောင် ကူညီပေးသည်။ ဟန်မေ သည် ဘုရားသခင်နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့်တန်ခိုး များအား လက်တွေ့မျက်မြင်ကြုံတွေ့ခဲ့ရပြီး သူမ၏စိတ်နှလုံးထဲမှ ဘုရားသခင်အား ချီးမွမ်းသည်။
အခြား ဗီဒီယိုအမျိုးအစားများ