Gospel Movie | သခင်က “သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသော သူတို့အဘို့ ဆုတောင်းကြလော့” ဟု မည်သည်ကို ဆိုလိုသနည်း။း (အသားပေးပြသချက်များ)

13.02.2020

တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာကတည်းက၊ ဘာသာရေး ယုံကြည်မှုအားလုံးကို လုံး၀ ချေမှုန်းရှင်းလင်းရန်နှင့် တရုတ်နိုင်ငံကို ဘုရားမဲ့ဝါဒ နယ်မြေတစ်ခုအဖြစ် တည်ထောင်ဖို့ရန်အလို့ငှာ ခရစ်ယာန်ဘာသာနှင့် ကက်သလစ်ဝါဒတို့ကို မရပ်မနား ဖိနှိပ်ကာ နှိပ်ကွပ်လာခဲ့သည်။ အထူးသဖြင့် ရှီကျင်းဖျင့် သမ္မတဖြစ်လာကတည်းက၊ ယုံကြည်မှုအပေါ် စီစီပီ၏ တိုက်ခိုက်မှုများက အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီး၊ တရားဝင် ခွင့်ပြုထားသည့် ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်သည်ပင်လျှင် ချေမှုန်းခံနေရကာ၊ လက်ဝါးကပ်တိုင်များလည်း ဖြိုချခံနေရသည်။

ချန်ဆုန်အန်း တက်ရောက်သည့် ကိုယ်ပိုင်မူသုံးရပ်သုံး ဘုရားကျောင်းသည်လည်း စီစီပီ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရပြီး၊ ဖြိုချခံရသည့်အချိန်တွင် ခရစ်ယာန်တစ်ဦးမှာ အရှင်လတ်လတ် မြေမြှုပ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ သို့သော် အသင်းတော်ထဲမှ တချို့သည် သူတို့၏ သင်းအုပ်များ၊ အကြီးအကဲများ၏ သွန်သင်ချက်များကို နာကြားပြီး၊ စီစီပီအစိုးရအတွက် ဆုတောင်းပေးကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့်၊ ""သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဘို့ ဆုတောင်းကြလော့။"" (ရှင်မဿဲ ၅:၄၄) ဟူသည့် သခင်ယေရှု၏ စကားများကို စောင့်ထိန်းနေခြင်းဖြစ်သည်ဟု ယုံကြည်နေကြလေသည်။ သို့သော် ယုံကြည်သူများစွာတို့သည် မရှင်းမလင်းဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် စီစီပီအတွက် ကောင်းကြီးမင်္ဂလာများကို သူတို့က နှစ်ပေါင်းများစွာ ဆုတောင်းပေးကြသော်လည်း၊ စီစီပီသည် နောင်တမရခဲ့ရုံသာမက၊ သူတို့၏ ဘုရားကျောင်းပင် အဖြိုခံခဲ့ရလေသည်။ သူတို့ တွေးကြသည်၊ စီစီပီအတွက် ဆုတောင်းခြင်းသည် ဘုရားအလိုတော်နှင့် အမှန်တကယ် ကိုက်ညီပါသလား။ ""သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဘို့ ဆုတောင်းကြလော့။"" ဟု ဆိုခြင်းမှာ သခင်ယေရှုက မည်သည့်အရာကို အမှန်တကယ် ဆိုလိုခဲ့ပါသနည်း။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။