Myanmar Prayer Song - ဘုရားလူတို့၏ ဆုတောင်းချက်
12.06.2021
ဘုရား၏လူတို့ ပလ္လင်တော်ရှေ့ ပြန်လာ။ ဘုရားထံ ကျွန်ုပ်တို့ ဆုတောင်း
သူ့ပေါ်ထွန်းခြင်းတောင့်တသူကို ဘုရား ကောင်းချီးပေးပါစေ။
ထိုသူအားလုံး ဘုရား အသံတော်ကို ကြားပါစေ။
စောင့်ကြည့်နေသူတို့ကို ဘုရားအသိဉာဏ် ပွင့်လင်းစေ။
ရွေးနှုတ်သူကို ထိုသူအားလုံး မြင်ကြစေ၊ သူ ပြန်ကြွလာခြင်း၊
ကိုယ်ပိုင်အယူအဆများ၏ ချုပ်နှောင်မှုကို လူတို့ ကျော်လွှားကြစေ။
မှန်သောလမ်းကို လူသားတို့ ရှာဖွေသိရှိကြစေ။
ဘုရားသခင်ရွေးချယ်ထားသောသူအားလုံးသည် သိုးသငယ်၏ခြေရာအတိုင်းလိုက်ကြစေ။
သူတို့ဝိညာဉ်များ ဆာလောင်မှု မရှိတော့ဘဲ
နှုတ်ကပတ်တော်၏ ထောက်မခြင်းကို လူတို့ ရစေ။
စာတန်၏ အပြင်းထန်ဆုံး မုသားဖြင့် လှည့်စားမခံတော့ဘဲ
လူတို့ ပိုင်းခြားသိမြင်မှု ရကြစေ။
သတင်းကောင်း ဟောပြော၊ ကိုယ်တော်ကို သက်သေခံရန် ကျွန်ုပ်တို့ကို ဘုရား လမ်းပြပါစေ။
ကိုယ်တော့်အချစ်၌ ကျွန်ုပ်တို့ အမြဲရှိဖို့ သူ၏လူများနှင့်အတူ ဘုရားအမြဲရှိပါစေ
ကိုယ်တော့်အချစ်၌ ကျွန်ုပ်တို့ အမြဲရှိဖို့
ကျွန်ုပ်တို့ သိနားလည်ရန်၊ နှုတ်ကပတ်တော်၊ အလိုတော်ကို
နားလည်ရန် ကျွန်ုပ်တို့ကို ကိုယ်တော် အသိဉာဏ်ပွင့်လင်းစေ။
လူအပေါင်းတို့ နှုတ်ကပတ်တော်ကို တန်ဖိုးထားလိုက်နာကြစေ။
တာဝန်ကျေပွန်ရန် ကျွန်ုပ်တို့ကို ဘုရား စီရင်ဆုံးမပါစေ။
ကျွန်ုပ်တို့စိတ်သဘောထား ပြောင်းလဲရန် စုံစမ်းခြင်းများ ဘုရား တိုးမြှင့်ပါစေ။
လူတို့ အဆိုးနှင့်အကောင်း ကွဲပြားပါစေ။
သမ္မာတရားကို လူတိုင်း လက်တွေ့ကျင့်သုံး၍ ဘုရားပညတ်တော်အားလုံး နာခံစေ။
အသင်းတော်အသက်တာကို မနှောင့်ယှက်ဖို့ ဒုစရိုက်ပြုသူအားလုံးကို ဘုရား ဆုံးမပါစေ။
သူနှင့် တစ်လုံးတစ်ဝတည်းဖြစ်ရန် လူသားတို့ကို တိုး၍ ဘုရား စုံလင်စေပါစေ။
ချစ်ဖွယ်ဖြစ်သော ဘုရားကို လူတို့ အချစ်စစ် ပေးအပ်ကြပါစေ။
သူ့ထံ ပြန်လာသူများ ဘုရား ကောင်းချီးပေးပါစေ။ တို့အားလုံး အလင်း၌ အသက်ရှင်ကြစေ။
သူနှင့် တစ်လုံးတစ်ဝတည်းဖြစ်ရန် လူသားတို့ကို တိုး၍ ဘုရား စုံလင်စေပါစေ။
ချစ်ဖွယ်ဖြစ်သော ဘုရားကို လူတို့ အချစ်စစ် ပေးအပ်ကြပါစေ။
သူ့ထံ ပြန်လာသူများ ဘုရား ကောင်းချီးပေးပါစေ။ တို့အားလုံး အလင်း၌ အသက်ရှင်ကြစေ။
တို့အားလုံး အလင်း၌ အသက်ရှင်ကြစေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ