Myanmar Gospel Movie | လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားအသုံးပြုသော လူတို့ကြား ပဓာနကျသော ကွာခြားချက်မှာ အဘယ်နည်း (အသားပေးပြသချက်များ)
22.04.2025
ဘုရားသခင်က ပြောသည်- “ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့စကားအဖြစ် ပြော၍ မရဘဲ၊ လူ့စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သာ၍ပင် ပြော၍ မရပေ။ ဘုရားသခင် အသုံးပြုသောသူသည် လူ့ဇာတိခံ ဘုရားသခင် မဟုတ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး မဟုတ်ပေ။ ဤတွင် ပဓာနကျသော ကွဲပြားမှုတစ်ခု ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဟု မိန့်ဆိုသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သူ၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် နှစ်ကြိမ် လူ့ဇာတိ ဖြစ်လာခဲ့ပြီး၊ နှစ်ကြိမ်စလုံးတွင် လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်နှင့်အတူ ပူးပေါင်းလုပ်ဆောင်သည့် ဘုရားအသုံးပြုခဲ့သော လူအချို့ ရှိခဲ့ပေသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသော လူများကြားတွင် ပဓာနကျသော ကွဲပြားခြားနားချက် အတိအကျမှာ အဘယ်နည်း။ လူ့ဇာတိခံ ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သို့ သိရှိရမည်နည်း။ အဖြေများကို ယခု ဗီဒီယိုအတိုထဲတွင် ထုတ်ဖော်ပြထားပါသည်။
အခြား ဗီဒီယိုအမျိုးအစားများ