Myanmar Movie Trailer - ကယ်တင်ခြင်း

17.01.2024

ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း။ သခင်ယေရှုကို ယုံကြည်သူတို့သည် သခင့်ကို ရိုးသားစွာ ဆုတောင်းလျှင်၊ သူတို့၏အပြစ်တွေကို နောင်တရလျှင်၊ ဝန်ချတောင်းပန်လျှင်၊ သူတို့၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရပြီး ကယ်တင်ခြင်းကို ပေးအပ်ခြင်းခံရမည်။ သခင်ကြွလာသည့်အခါတွင် သူတို့သည် ကောင်းကင်နိုင်ငံတော်သို့ တိုက်ရိုက်ချီဆောင်ခြင်းခံရမည်ဟု ထင်မြင်ကြသည်။ သို့သော် ကယ်တင်ခြင်းသည် အမှန်တကယ် ဤမျှ ရိုးရှင်းပါသလား။

ဤရုပ်ရှင်၏ ဇာတ်လိုက် ရှုချီချန်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာယုံကြည်ခဲ့သည်။ ဘုရားသခင်အတွက် စိတ်ထက်သန်စွာ အသုံးတော်ခံခဲ့သည်။ သူ၏တာဝန်များကိုထမ်းဆောင်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့သည်။ ဤအတွက် သူသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ သူသည် ထောင်မှလွတ်လာပြီးနောက်တွင် သူ၏တာဝန်များကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး လက်တွေ့ကျသော အတွေ့အကြုံတချို့ကို ရရှိခဲ့သည်။ သူ၏ တရားဒေသနာများနှင့် လုပ်ဆောင်မှုတို့သည် သူ၏အစ်ကို၊အစ်မများ၏ လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းပေးခဲ့သည်။ နောက်ပိုင်းတွင် သူ့အမျိုးသမီး အဖမ်းခံရသည်။ သို့သော် သူသည် ညည်းညူခြင်းမရှိ၊ အပျက်သဘောဆောင်ခြင်းမရှိ၊ သို့မဟုတ် လဲပြိုခြင်း မရှိခဲ့ပေ။ ဤအရာအားလုံးတို့ကြောင့် သူ၏ အစ်ကို၊ အစ်မတို့၏ ချီးကျူးခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ရရှိခဲ့သည်။ ရှုချီချန်သည် သူသည် သမ္မာတရား၏ စစ်မှန်မှုကို ရရှိပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန် အခက်အခဲမရှိဟု ယုံကြည်သည်။ သို့ရာတွင် မကြာခင်တွင် မျှော်လင့်မထားသည့် စမ်းသပ်မှုတစ်ခု သူ့ဆီသို့ ရောက်လာခဲ့သည်။ သူ၏ ဇနီးသည် တရုတ်ကွန်မြူနစ်ရဲတို့၏ နှိပ်စက်မှုကြောင့် သေဆုံးခဲ့သည် ရှုချီချန်သည် စိတ်သောကရောက်လျှက် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ အထင်လွဲမှုများ၊ ညည်းညူမှုများနှင့် ဘုရားသခင်အပေါ် ပုန်ကန်ပြီး သစ္စာဖောက်ဖို့ အတွေးများပါ ရှိလာခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဘုရားသခင်ကို သစ္စာဖောက်နေသည်ကို သိမြင်လာသည့်အခါ ပြန်လည်ဆင်ခြင်ဖို့ စတင်ပြုလုပ်ပြီး သူကဲ့သို့ စမ်းသပ်မှုများကို ဖြတ်သန်းပြီး ဘုရားသခင်ကို ညည်းညူခြင်း၊ အထင်လွဲခြင်း၊ ဘုရားသခင်ကို သစ္စာဖောက်ခြင်းတို့ပြုလုပ်သည့်သူတို့သည် အမှန်တကယ် ကယ်တင်ခြင်းခံရခြင်းရှိမရှိ တွေးတောမိခဲ့သည်။ သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ရန် အမှန်တကယ်ပင် အရည်အချင်းပြည့်မှီပါသလား။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။