Christian Movie - (၁၇)နှစ် ဟုတ်လား၊ မင်း တော်တော် ဒုက္ခပေးတာပဲ။ | The True Story of a Christian

11.07.2021

“ကောင်လေး၊ ကွန်မြူနစ်ပါတီက ဘာသာမဲ့ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းကို ဆန့်ကျင်တယ်ဆိုတာကို မင်း သိလား။ တရုတ်ပြည်မှာ၊ မင်းယုံကြည်ဖို့ ဘာဘုရားသခင် ရှိလဲ။ မင်းရဲ့ ဒီဘုရားသခင်ဆိုတာက ဘယ်မှာလဲ။” “မင်းက ငယ်လို့ဆိုပြီး၊ ငါတို့က မင်းကို သက်ညှာလိမ့်မယ်လို့တော့ မထင်ထားနဲ့။ မင်းက ဘုရားသခင်ကို ဆက်ပြီးယုံကြည်နေရင်၊ မင်းသေရတာနဲ့ပဲ အဆုံးသတ်လိမ့်မယ်။” လျှပ်စစ်တုတ်ကို လက်ထဲတွင် ကိုင်လျက်၊ တရုတ်ကွန်မြူနစ်ရဲသည် ပွန်းပဲ့ဒဏ်ရာများဖြင့် ဖုံးနေသည့် ဤလူငယ်ကို လောဆော်နေသည်။

ဤလူငယ်လေး၏အမည်မှာ ဂေါက်လျန်းဖြစ်ပြီး သူသည် ထိုနှစ်က ၁၇နှစ် ဖြစ်သည်။ သူက သူ၏အစ်ကိုနှင့် ဧဝံဂေလိဖြန့်ဝေခြင်းမှ အိမ်သို့ပြန်ရာလမ်းတွင် တရုတ်ကွန်မြူနစ်ရဲများ၏ ဖမ်းဆီးခြင်းခံရသည်။ ရဲများက သူ့အား သုံးရက်နှင့် သုံးညကြာအောင် စားစရာ တစ်ခုမျှ မပေးသကဲ့သို့ အိပ်ခွင့်လည်း မပြုခဲ့ပေ။ ၎င်းတို့အား သူ့အား စစ်ဆေးမေးမြန်းသည်၊ သူ့ထံမှ ခံဝန်ချက်ကို နှိုက်ယူဖို့ ကြိုးစားပြီး သူ့အား ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုကို ခံရစေသည်။ သူ၏မေးစေ့၊ သူ့လက်ကိုရော သူ၏ လိင်အင်္ဂါတို့ကိုပါ လျှပ်စစ်ရှော့တိုက်ဖို့ လျှပ်စစ်တုတ်ကိုပင် ၎င်းတို့က အသုံးပြုခဲ့ကြသည်။ ၎င်းတို့က သူ့အား ခြိမ်းခြောက် အကျပ်ကိုင်ခြင်းအားဖြင့် ဘုရားသခင်ကို သစ္စာဖောက်စေရန်နှင့်၊ အသင်းတော်ခေါင်းဆောင်များနှင့် အသင်းတော်၏ ငွေကြေးအရင်းအမြစ်များတို့နှင့်စပ်လျဉ်းသော သတင်းအချက်အလက်များကို ၎င်းတို့အား ပေးစေရန် အတင်းအကျပ်ခိုင်းဖို့ ကြိုးစားကြသည်။ ဤအရာတွင် သူ၏မိဘများကို ဖမ်းဆီးဖို့နှင့် သူ့ကျောင်းအား သူ့ကို ကျောင်းထုတ်စေဖို့ ခြိမ်းခြောက်ခြင်းတို့ ပါဝင်လေသည်။ ၎င်း၏ရည်မှန်းချက်များ မအောင်မြင်နိုင်ဘဲ၊ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် သူ့အား အလုပ်ကြမ်းမှတစ်ဆင့် ပြုပြင်မွန်းမံသင်တန်းပေးခြင်း တစ်နှစ် အပြစ်ဒဏ် ချမှတ်ခဲ့သည်။ အကျဉ်းထောင်ထဲတွင်ရှိနေစဉ်၊ ဂေါက်လျန်းသည် လွန်ကဲသော အလုပ်ကြမ်း သတ်မှတ်ချက်များကို ကြံ့ကြံ့ခံရရုံသာမက၊ သူသည် အရှက်ခွဲခံရပြီး အနှိပ်စက်လည်းခံရပေသည်။ အကျဉ်းထောင်ထဲတွင် ဂေါက်လျန်းသည် ကမ္ဘာပေါ်ရှိ ငရဲဟုသာ ခေါ်နိုင်သည့်အရာကို တွေ့ကြုံခဲ့ကြသည်။ ဤနာကျင်ဖွယ်ကောင်းသော ပြုပြင်ခြင်းအတွင်းတွင်၊ ဂေါက်လျန်းသည် ဘုရားသခင်ထံ ဆုတောင်းပြီး၊ ဘုရားသခင်ကို မှီခိုခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များသည် သူ့အား ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ဖို့ ဉာဏ်ပွင့်လင်းစေခဲ့သည်။ ထိုနှုတ်ကပတ်တော်က အကျဉ်းထောင်ထဲ၌ တစ်နှစ်တာကို သူကျော်ဖြတ်နိုင်ဖို့အလို့ငှာ သူ့အား ယုံကြည်မှုနှင့် ခွန်အားတို့ကို ပေးပြီး သူ့ကို လမ်းပြခဲ့သည်။ တရုတ်ကွန်မြူနစ်အစိုးရ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဖမ်းဆီးမှုတို့က ဂေါက်လျန်း၏ စိတ်နှလုံး၌ တစ်သက်လုံးစွဲသွားခဲ့သည်။ သူက တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဆိုးယုတ်သော အနှစ်သာရနှင့် ဘုရားသခင်အပေါ် ၎င်း၏ရန်ငြိုးတို့ကို ရှင်းလင်းစွာမြင်တွေ့ပြီး နက်ရှိုင်းစွာ တွေ့ကြုံခဲ့သည်။ စာတန်၏တန်ခိုး လွှမ်းမိုးသည့် ဤကမ္ဘာတွင် ဘုရားသခင်သာလျှင် လူသားကို အချစ်ဆုံးဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို ကယ်တင်နိုင်သည်။ ဘုရားသခင်နောက်ကို လိုက်လျှောက်ဖို့ သူ၏ယုံကြည်မှုနှင့် ဆန္ဒတို့က သာ၍ပင် ပြတ်သားခဲ့သည်။ ဂေါက်လျန်းက ဤစမ်းသပ်မှုများနှင့် ဘေးဒုက္ခများသည် သူ၏အသက်တာ ကြီးထွားခြင်းနှင့် တိုးတက်ခြင်းတို့အတွက် အဖိုးတန်သော ရတနာများဖြစ်သည်ဟု ပြောလေသည်။ ယင်းမှာ သူ၏ ၁၇နှစ်ပြည့် နှစ်အတွက် ဘုရားသခင်က သူ့အား ပေးခဲ့သည့် အထူးလက်ဆောင်တစ်ခုပင် ဖြစ်ပါတော့သည်။...

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။