ခရစ်ယာန် ရုပ်ရှင်အတိုများ - ကင်ဆာနှင့်ပတ်သက်သော စမ်းသပ်မှု
16.11.2024
ကျောက်ရှင်းမင်သည် ဘုရားသခင်ကို တွေ့ရှိပြီးနောက် အလုပ်ကြိုးစားသည်။ များစွာ အနစ်နာခံသည်။ သူမကိုယ်သူမ အသုံးခံသည်။ သူမ၏ခါးနှင့် ခြေထောက်တွင် ပြင်းထန်သောဝေဒနာကို ခံစားရသည့်တိုင် သူမ၏တာဝန်များကို မလျှော့တမ်းလုပ်ဆောင်သည်။ ဘုရားသခင်အပေါ် သူမ၏ သစ္စာစောင့်သိမှုက သူမအား ဘုရားသခင်၏ အသိအမှတ်ပြုမှုကို သေချာပေါက်ရရှိစေမည်ဟု သူမတွေးထင်သည့်အချိန်တွင်ပင် ဆေးရုံတက်ရသည့်အချိန်တစ်ခုအတွင်း သူမ၌ ရင်သားကင်ဆာရှိသည်ကို မမျှော်လင့်ဘဲ သိလိုက်ရသည်။ ဤသတင်းကို သူမ လက်ခံဖို့ ခက်ခဲခဲ့သည်။ သူမ သေခဲ့လျှင် သူမသည် ကယ်တင်ခြင်းမခံရနိုင်ဘဲ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မည်မဟုတ်ဟု တွေးမိသောအခါ သူမသည် စိတ်မထိန်းနိုင်ဘဲ ဘုရားအပေါ် နားလည်မှုလွဲကာ စောဒကတက်သည်။ “ဘုရားသခင်က ငါဆက်ကပ်ပြီး ပေးဆပ်ခဲ့တဲ့နှစ်တွေအကုန်လုံးကို မေ့သွားပြီလား” ဟု တွေးသည်။ ကျောက်ရှင်းမင်သည် သူမ၏ ဤကင်ဆာကို မည်သို့တွေ့ကြုံခံစားသင့်သနည်း။ ကျေးဇူးပြု၍ “ကင်ဆာနှင့်ပတ်သက်သော စမ်းသပ်မှု” ဟူသည့် ဤရုပ်ရှင်အတိုကို ကြည့်ရှုပါ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ