ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၆

31.07.2021

ဘုရားသခင်၏ လူကိုကယ်တင်ခြင်းမှာ ဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ နည်းလမ်းကို တိုက်ရိုက်အသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ၊ အကြောင်းမှာ သူ၏ဝိညာဉ်တော်ကို လူသားသည် ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်တော်၏အမြင်ကို တိုက်ရိုက်အသုံးပြု၍ လူသားကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံထားရသော လူသားတစ်ဦး၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက လူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်တိုက်အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဉ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်လာခြင်း အားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူခံယူတော့မည်ဖြစ်သော ဇာတိခန္ဓာအထဲသို့ ထည့်သွင်းခြင်းအားဖြင့် သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနိုင်မြင်နိုင်မည်၊ သူ၏နှုတ်ကပတ်တော်ကို ရရှိနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် အပြည့်အဝ ကယ်တင်ခြင်းကို ခံရနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက အသွေးအသားရှိသော မည်သည့်လူသားကမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက လူအားလုံးသည် ပြင်းစွာဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းမရှိသောကြောင့် သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံခဲ့ရလိမ့်မည်။ ပထမဆုံး လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနှုတ်ရန်ဖြစ်သည်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနှုတ်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သည်၊ သို့သော်လည်း ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်း ခံရသူတို့ကို သူတို့၏အပြစ်များမှ ကယ်ဆယ်ပေးပြီး အလုံးစုံ သန့်ရှင်းစေ ရန်ဖြစ်ကာ၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာစေရန်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် လုံးလုံးလျားလျား သန့်ရှင်းစင်ကြယ်စေခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးပြီးသည့်နောက်တွင် ကျေးဇူးတော်ခေတ်၏ အစနှင့်အတူ ဘုရားသခင်သည် ကယ်တင်ခြင်း အလုပ်ကို စတင်ခဲ့သည်၊ ထိုအလုပ်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ပုန်ကန်မှုအတွက် သူတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို အလုံးစုံ သန့်စင်စေမည့်အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက်တည်ရှိသည်။ ထိုအခါမှသာလျှင် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အလုပ်ကို အဆုံးသတ်ပြီး အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အလုပ်အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် နှစ်ကြိမ်သာလျှင် လူ့ဇာတိခံယူပြီး လူသားတို့ကြားတွင် သူ၏အလုပ်ကို ကိုယ်တိုင်ထမ်းဆောင်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ အလုပ်အဆင့်သုံးဆင့်တွင် တစ်ဆင့်သည်သာလျှင် လူသားတို့ကို သူတို့၏အသက်တာများ၌ လမ်းပြရန်ဖြစ်ပြီး ကျန်နှစ်ဆင့်တွင်မူ ကယ်တင်ခြင်းအလုပ် ပါဝင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူသည့်အခါမှသာလျှင် သူသည် လူသားနှင့်အတူ နေထိုင်နိုင်ပြီး ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ကာ သာမန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် သူတို့လိုအပ်သည့် လက်တွေ့ကျသော နည်းလမ်းကို သူထောက်ပံ့ပေးနိုင်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအားဖြင့် လူသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင်ကြောင့်သာ အလုံးစုံသော ကယ်တင်ခြင်းကို ဘုရားသခင်ထံမှ ရရှိခြင်းဖြစ်ပြီး သူ၏ဆုတောင်းခြင်းများ အဖြေပေးခံရသည့်အနေဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက်ရရှိခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိပကတိဖြစ်သည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့်ဖြစ်ပေသည်။ လူသားအနေဖြင့် ထိတွေ့ဆက်ဆံနိုင်သည့်အရာမှာ ဘုရားသခင်၏ လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကိုသာဖြစ်ပြီး ဤနည်းအားဖြင့် သာလျှင် လူသားသည် နည်းလမ်းများအားလုံးနှင့် သမ္မာတရားအားလုံးကို နားလည်သဘောပေါက်နိုင်ကာ အလုံးစုံသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏ အပြစ်များကို ဖယ်ရှားရန်နှင့် လူသားကို အလုံးစုံ သန့်စင်စေရန် လုံလောက်လိမ့်မည်။ သို့ဖြစ်ရာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့်အတူ လူ့ဇာတိတွင်ရှိသော ဘုရားသခင်၏အလုပ်တစ်ရပ်လုံးသည် အဆုံးပိုင်းသို့ ရောက်သွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ဆိုင်သော အရေးပါမှုသည် ပြည့်စုံသွားလိမ့်မည်။ ထို့နောက်တွင်မူ လူ့ဇာတိထဲရှိ ဘုရားသခင်၏အလုပ်သည် အလုံးစုံ အဆုံးသတ်ပြီး ဖြစ်ပေလိမ့်မည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းပြီးနောက်တွင် သူသည် သူ၏အလုပ်အတွက် လူ့ဇာတိကို တတိယအကြိမ်ခံယူမည် မဟုတ်ပေ။ အကြောင်းမှာ သူ၏စီမံခန့်ခွဲမှုတစ်ရပ်လုံးသည် အဆုံးသတ်ပြီး ဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူခြင်းသည် သူရွေးချယ်ထားသော လူတို့ကို အပြည့်အဝ ရယူပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလရှိ လူအားလုံးတို့သည် သူတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း ခံကြရပြီးဖြစ်ပေလိမ့်မည်။ သူသည် ကယ်တင်ခြင်းအလုပ်ကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်သကဲ့သို့ မည်သည့်အလုပ်ကို လုပ်ဆောင်ရန် အတွက်မျှ လူ့ဇာတိထံသို့ ပြန်လာလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။