ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၉

16.08.2020

ဘုရားသခင်၌ အခြားလုပ်စရာ အလုပ်များစွာ ထပ်ရှိနေသောကြောင့် လူ့ဇာတိခံယူထားသော ဘုရားသခင်သည် အစဉ်အမြဲ လူနှင့်အတူ မနေနိုင်ပါ။ သူသည် ဇာတိခန္ဓာ၌ ချည်နှောင်ခြင်းမခံနိုင်ပါ၊ ယင်းအလုပ်ကို ဇာတိခန္ဓာ၏ ပုံရိပ်၌ သူလုပ်ဆောင်သော်ငြားလည်း သူလုပ်ဖို့လိုအပ်သည့်အလုပ်ကို လုပ်ဆောင်ရန် ဇာတိခန္ဓာကို သူချွတ်ချရမည် ဖြစ်သည်။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာသောအချိန်တွင် အသေခံခြင်းနှင့် လူသားမျိုးနွယ်ကို မစွန့်ခွာမီ သူသည် သာမန်လူတစ်ဦးက ရရှိသင့်သည့်ပုံစံသို့ သူရောက်ရှိသည်အထိ မစောင့်ဆိုင်းပါ။ သူ၏ဇာတိခန္ဓာက အဘယ်မျှလောက် အိုမင်းနေပါစေ၊ သူ၏အမှုပြီးသောအခါ၊ သူသွားကာ လူသားကို စွန့်ခွာလေသည်။ သူ့အတွက် အသက်အရွယ်ဆိုသည်မှာ မရှိ၊ လူ့သက်တမ်းနှင့်အညီ သူ၏နေ့ရက်များကို သူမရေတွက်ပါ၊ ယင်းအစား၊ သူသည် သူ၏အမှုတော်ထဲက အဆင့်များနှင့်အညီ ဇာတိခန္ဓာ၌ သူ၏ဘဝကို အဆုံးသတ်လေသည်။ ဇာတိခန္ဓာထဲသို့ ကြွလာရာတွင် ဘုရားသခင်အနေဖြင့် အချို့သောအဆင့်တစ်ခုအထိ ကြီးထွားဖွံ့ဖြိုးလာရမည်၊ လူလားမြောက်သူတစ်ဦး ဖြစ်လာကာ အသက်အိုမင်းခြင်းသို့ ရောက်ပြီး ထိုခန္ဓာယိုယွင်းသောအခါမှသာ စွန့်ခွာရမည်ဟု ခံစားရသူများ ရှိကောင်းရှိနေနိုင်သည်။ ဤသည်မှာ လူ၏ စိတ်ကူးစိတ်သန်းဖြစ်သည်။ ဘုရားသခင်က ယင်းကဲ့သို့ မလုပ်ဆောင်ပါ။ သူလုပ်သင့်သည့်အလုပ်ကို လုပ်ဆောင်ဖို့ရန်သာ ဇာတိခန္ဓာအတွင်းသို့ သူကြွလာခဲ့ခြင်းဖြစ်ပြီး မိဘများထံမှမွေးဖွားခြင်း၊ ကြီးထွားလာခြင်း၊ မိသားစုတစ်ခု ဖွဲ့စည်းကာ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုစတင်ခြင်း၊ ကလေးများရှိခြင်း သို့မဟုတ် ဘဝ၏အနိမ့်၊ အမြင့်တို့ကို တွေ့ကြုံခံစားရခြင်း စသည့် သာမန်လူတစ်ဦး၏ လှုပ်ရှားသွားလာမှုအားလုံးဖြင့် သာမန်လူ့ဘဝတစ်ခုကို အသက်ရှင်နေထိုင်ရန်အတွက် မဟုတ်ပါ။ ဘုရားသခင် ကမ္ဘာမြေသို့ကြွလာသောအခါ၊ ဤသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်က ဇာတိခန္ဓာကို ဝတ်ဆင်ခြင်းဖြစ်ပြီး၊ ဇာတိခန္ဓာ၌ ကြွလာခြင်းဖြစ်သော်လည်း ဘုရားသခင်သည် သာမန်လူသားတစ်ဦးဘဝ၌ အသက်မရှင်ပါ။ သူ၏ စီမံခန့်ခွဲ့မှုအစီအစဉ်ထဲက အစိတ်အပိုင်းတစ်ခုကို ပြီးမြောက်ဖို့ရန် အတွက်သာ သူကြွလာခြင်းဖြစ်သည်။ ယင်းနောက် လူသားမျိုးနွယ်ကို သူစွန့်ခွာလိမ့်မည်။ ဇာတိခန္ဓာထဲသို့ သူကြွလာသောအချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ၏ သာမန်လူ့သဘာဝကို မပြည့်စုံစေပါ။ ယင်းထက်၊ ဘုရားသခင် ကြိုတင်သတ်မှတ်သည့်တစ်ကြိမ်တွင်၊ ဘုရား၏သဘောသဘာဝက တိုက်ရိုက်သွားကာ လုပ်ဆောင်တော်မူသည်။ ထို့နောက်၊ သူလုပ်ဖို့လိုအပ်သည့်အရာအားလုံးကို လုပ်ဆောင်ပြီး သူ၏အမှုတော်မြတ်ကို အပြည့်အဝ လက်စသတ်ပြီးနောက်တွင်၊ ဤအဆင့်၌ ဘုရားသခင့်ဝိညာဉ်တော်၏ အလုပ်ပြီးစီးလေသည်၊ ယင်းအခိုက်တွင် သူ၏သွေးသားခန္ဓာက ၎င်း၏သက်တမ်းရှည်ကို ရှင်သန်နေထိုင်သွားနိုင်သည်ဖြစ်စေ မသွားနိုင်သည်ဖြစ်စေ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ဘဝလည်း အဆုံးသတ်လေသည်။ ယင်းမှာ သွေးသားခန္ဓာက ဘဝ၏ မည်သည့်အဆင့်ကို ရောက်သည်ဖြစ်စေ၊ ကမ္ဘာမြေပေါ်၌ မည်မျှကြာကြာ အသက်ရှင်ပါလေ့စေ၊ အရာအားလုံးမှာ ဝိညာဉ်တော်၏ အမှုတော်အားဖြင့် ဆုံးဖြတ်သည်ဟု ဆိုရမည်ဖြစ်သည်။ လူက စဉ်းစားထားသည့် သာမန်လူ့သဘာဝ ဖြစ်ရမည့်အရာနှင့် လားလားမျှမဆိုင်ပါ။ ယေရှုကို ဥပမာတစ်ခုအနေဖြင့် ယူကြစို့။ သူသည် သုံးဆယ့်သုံးနှစ်ခွဲကြာ ဇာတိခန္ဓာထဲ၌ အသက်ရှင်ခဲ့၏။ လူသားခန္ဓာတစ်ခု၏ ဘဝသက်တမ်းအရ၊ ယင်းအသက်အရွယ်၌ သူမကွယ်လွန်သင့်ခဲ့သလို မစွန့်ခွာသင့်ခဲ့ပါ။ သို့သော် ယင်းမှာ ဝိညာဉ်တော်နှင့် နည်းနည်းမျှ စပ်ဆိုင်သောအရာမဟုတ်ခဲ့ပါ။ သူ့အလုပ်က ပြီးဆုံးခဲ့ပြီး၊ ယင်းအခိုက်အတန့်တွင် ခန္ဓာကိုယ်မှာ ဝိညာဉ်တော်နှင့်အတူ ပျောက်ကွယ်ရင်း ယူဆောင်သွားခြင်း ခံခဲ့ရလေသည်။ ဤနိယာမအားဖြင့် ဘုရားသခင်သည် ဇာတိခန္ဓာ၌ အလုပ်လုပ်တော်မူခြင်းဖြစ်သည်။ ထို့ကြောင့်၊ အတိအကျပြောရလျှင်၊ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သာမန်လူ့သဘာဝမရှိပါ။ ထပ်လောင်းပြောရလျှင်၊ သာမန်လူသားတစ်ဦး၏ ဘဝကို ရှင်သန်ဖို့ရန်အတွက် ဤကမ္ဘာမြေပေါ် သူကြွလာခြင်းမဟုတ်ပါ။ သူသည် သာမန်လူသားဘဝကို ပထမဆုံး တည်ဆောက်ပြီး၊ နောက်မှ စတင်အလုပ်လုပ်ခြင်း မဟုတ်ပါ။ ယင်းအစား၊ သူ့အနေဖြင့် သာမန်လူသားမိသားစုထဲ၌ ဖွားမြင်ရသည့် ကာလပတ်လုံး၊ ဘုရားသဘောသဘာဝ၏ အမှုတော်ကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သူ့မှာ လူ့ရည်ရွယ်ချက်များနှင့် စပ်ဆိုင်သည့်အရာ တစ်စိုးတစ်စဉ်းမျှမရှိ၊ သူသည် သွေးသားမဆန်ပါ၊ လူ့အဖွဲ့အစည်း၏ နည်းလမ်းများကို သူမခံယူ သို့မဟုတ် လူ့အတွေးအခေါ်များ သို့မဟုတ် စိတ်ကူးများထဲ ပါဝင်ပတ်သက်ခြင်းမရှိ၊ လူ့ဘဝ ဒဿနများနှင့် သာ၍ ဆက်နွှယ်ခြင်းမရှိပါ။ ဤသည်မှာ လူ့ဇာတိခံယူထားသော ဘုရားသခင်က လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုတော်ဖြစ်ပြီး သူ၏ လူ့ဇာတိခံယူခြင်းနှင့် စပ်ဆိုင်သော လက်တွေ့ကျသည့် အရေးပါမှုလည်း ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌ ပြီးမြောက်ရန်လိုအပ်သည့် အမှုတော်၏ အဆင့်တစ်ခုကို အဓိကလုပ်ဆောင်ဖို့ရန်အတွက် အခြားအရေးမပါသည့် ဖြစ်စဉ်များကို ကြုံတွေ့ရခြင်းမရှိဘဲ ဇာတိခန္ဓာ၌ ကြွလာခဲ့သည်၊ သာမန်လူတစ်ဦး၏ အတွေ့အကြုံများ သူ့တွင်မရှိပါ။ လူ့ဇာတိခံယူသော ဘုရားသခင် လုပ်ဆောင်ရန် လိုအပ်သည့် အမှုတော်တွင် သာမန်လူသားအတွေ့အကြုံများ မပါဝင်ပါ။ ထို့ကြောင့် ဘုရားသခင်သည် ဇာတိခန္ဓာ၌ ပြီးမြောက်ဖို့ရန်လိုအပ်သည့် အမှုတော်ကို ပြီးမြောက်ခြင်းအလို့ငှာ ဇာတိခန္ဓာ၌ ကြွလာတော်မူခြင်း ဖြစ်သည်။ ကြွင်းသောအရာတို့သည် သူနှင့် လုံးဝမသက်ဆိုင်ပါ။ သူသည် အရေးမပါသော ဖြစ်စဉ်များစွာကို ဖြတ်သန်းမသွားပါ။ သူ၏အမှုတော် ပြီးမြောက်သည်နှင့်တစ်ပြိုင်နက်၊ သူ၏ လူ့ဇာတိခံယူခြင်းဆိုင်ရာ အရေးပါမှုလည်း အဆုံးသတ်၏။ ဤအဆင့်ကို ပြီးစီးခြင်းဆိုသည်မှာ ဇာတိခန္ဓာ၌ သူလုပ်ဆောင်ရန်လိုအပ်သည့်အလုပ် ပြီးဆုံးခြင်းဖြစ်ပြီး၊ သူ၏ ဇာတိခန္ဓာနှင့်ဆိုင်သော အမှုတော် ပြည့်စုံပြီဟု အဓိပ္ပာယ်ရသည်။ သို့သော် သူသည် ဇာတိခန္ဓာ၌ အကန့်အသတ်မရှိ အလုပ်ဆက်လုပ်မနေနိုင်ပါ။ သူ့အနေဖြင့် ဇာတိခန္ဓာအပြင်ဘက်တစ်နေရာဖြစ်သည့် အခြားနေရာတစ်ခုသို့ အလုပ်လုပ်ဖို့ရန် ဆက်ရွေ့ရမည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ သူ၏အမှုတော်သည် ပို၍အပြည့်အဝ ပြည့်စုံလာကာ ပို၍ကောင်းစွာ ကျယ်ပြန့်လာနိုင်ပေသည်။ ဘုရားသခင်သည် သူ၏မူလအစီအစဉ်အတိုင်း လုပ်ဆောင်သည်။ သူသည် သူလုပ်ဆောင်ရန် လိုအပ်သည့်အလုပ်နှင့် သူအပြီးသတ်ရမည့်အလုပ်ကို ခရေစေ့တွင်းကျ ရှင်းရှင်းလင်းလင်း သိထား၏။ ဘုရားသခင်သည် သူကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းဖို့ရန် တစ်ဦးစီတိုင်းကို ဦးဆောင်လမ်းပြတော်မူသည်။ အဘယ်သူမျှ ဤအရာကို မလွတ်မြောက်နိုင်ပါ။ ဘုရားသခင့်ဝိညာဉ်တော်၏ လမ်းညွှန်မှုကို လိုက်နာသောသူတို့သာ အနားယူခြင်းထဲသို့ ဝင်ရောက်ကြရလိမ့်မည်။ ထိုအရာမှာ၊ နောက်ပိုင်းအလုပ်တွင်၊ လူသားကို လမ်းညွှန်ဖို့ရန် ဇာတိခန္ဓာ၌ ဘုရားသခင်က စကားပြောခြင်းမဟုတ်ဘဲ၊ ဝိညာဉ်တော်က ထိတွေ့နိုင်သော သဏ္ဌာန်နှင့်အတူ လူသားဘဝကို လမ်းညွှန်ပေးခြင်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့မှသာ လူသည် ဘုရားသခင်ကို ခိုင်ခိုင်မာမာ ထိတွေ့နိုင်မည်၊ ဘုရားသခင်အပေါ် ကြည့်မြင်နိုင်မည်ဖြစ်ပြီး၊ လက်တွေ့ကျသော ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရလာစေဖို့အလို့ငှာ ဘုရားသခင်သတ်မှတ်ထားသည့် လက်တွေ့ကျမှုထဲသို့ ပိုမိုပြည့်ဝစွာ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ပြီးမြောက်ရန် ဘုရားသခင်ရည်ရွယ်ထားသော အလုပ်ဖြစ်သည်၊ ကြာမြင့်စွာကတည်းက သူစီစဉ်ခဲ့သည့်အရာဖြစ်သည်။ ဤအရာမှ၊ သင်တို့လိုက်လျှောက်ရမည့် လမ်းကြောင်းကို သင်တို့အားလုံး တွေ့မြင်သင့်ကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။