Myanmar Gospel Skit - သင်းအုပ်ဆရာရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်
25.07.2019
ယန်ရှင်မင်သည် ဂိုဏ်းဂဏတစ်ခုရှိ အမှုတော်ထမ်းဆောင်သူဖြစ်ပြီး သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း သတ်မှတ်ပြီးနောက် သူ၏ ညီအစ်ကို မောင်နှမများအား အနန္တတန်ခိုးရှင်ဘုရားသခင်အား ယုံကြည်ရန် လမ်းညွှန်ပေးသည်။ ဤအခြင်းအရာသည် သူ၏ သင်းအုပ်ဆရာအား စိတ်မကြည်မသာဖြစ်စေခဲ့သည်။ ထို့ကြောင့် သူ၏ သင်းအုပ်ဆရာသည် သူ့အား သွေးဆောင်ရန်အတွက် ရာထူးအဆင့်အတန်း၊ ငွေတို့ကို အသုံးချပြီး ယန်ရှင်မင်းအား စစ်မှန်သည့်လမ်းကို စွန့်လွှတ်ဖို့ ခြိမ်းခြောက်ရန်အတွက် သူ့သား၏ မင်္ဂလာဆောင်ကိုလည်း အသုံးချခဲ့သည်။ သူ့သင်းအုပ်ဆရာ၏ “ကောင်းမွန်သည့်” ရည်ရွယ်ချက်တို့ကို ရင်ဆိုင်ရသည့်အခါ ယန်ရှင်မင်သည် နောက်ဆုံး၌ မည်သို့ဆုံးဖြတ်မည်နည်း။ ကျွနု်ပ်တို့သည် သခင်ကြွလာခြင်းအား ကြိုဆိုရမည့် ဤအရေးကြီးလှသည့် အချိန်တွင် ဤသင်းအုပ်ဆရာသည် ယုံကြည်သူများ စစ်မှန်သည့်လမ်းကို ရှာဖွေခြင်းအား အဘယ်ကြောင့် ပိတ်ပင်သနည်း။ သင်းအုပ်ဆရာရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဇာတ်လမ်းတိုသည် ဤအကြောင်းအရာ၏ သမ္မာတရားကို သင်နားလည်စေရန် ကူညီပေးသည်။
အခြား ဗီဒီယိုအမျိုးအစားများ