ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၉

22.03.2021

စာတန်၏ နက်ရှိုင်းစွာဖျက်ဆီးခံခဲ့ရသော လူသားမျိုးနွယ်သည် ဘုရားသခင်တစ်ဆူ ရှိသည်ကိုမသိဘဲ ဘုရားသခင်ကို ကိုးကွယ်ခြင်းအား ရပ်စဲခဲ့သည်။ ကနဦးအစ အာဒံနှင့် ဧဝတို့ ဖန်ဆင်းခံရချိန်တွင် ယေဟောဝါ၏ ဘုန်းအသရေနှင့် ယေဟောဝါ၏ သက်သေခံချက်တို့သည် အမြဲရှိနေခဲ့၏။ သို့သော် ဖျက်ဆီးခြင်းခံရပြီးနောက် အယောက်တိုင်းက ဘုရားသခင်ကို ပုန်ကန်ပြီး သူ့ကို ကြောက်ရွံ့ခြင်းအား လုံး၀ရပ်တန့်ခဲ့ကြသောကြောင့် လူသားသည် ဘုန်းအသရေနှင့် သက်သေခံချက်တို့ကို ဆုံးရှုံးခဲ့လေသည်။ ဖန်ဆင်းခံများကြားတွင် သက်သေရှိဖို့ရန်အတွက် ယနေ့ သိမ်းပိုက်ခြင်းအလုပ်မှာ သက်သေခံချက်အားလုံးနှင့် ဘုန်းအသရေအားလုံးကို ပြန်လည်ရယူရန်ဖြစ်ပြီး လူသားများအားလုံး ဘုရားသခင်ကို ကိုးကွယ်စေဖို့ဖြစ်သည်။ ဤသည်မှာ ဤလုပ်ငန်းအဆင့်တွင် လုပ်ဆောင်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ လူသားမျိုးနွယ်ကို အတိအကျအားဖြင့် မည်ကဲ့သို့ သိမ်းပိုက်ရမည်နည်း။ လူသားကို အပြည့်အဝ လက်ခံယုံကြည်စေဖို့ ဤအဆင့်၏ နှုတ်ကပတ်တော်များ၏ လုပ်ဆောင်ချက်ကို အသုံးပြုခြင်းဖြင့်၊ သူ့အား လုံးဝနာခံစေရန်အလို့ငှာ ထုတ်ဖော်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် မငဲ့ညှာဘဲ ကျိန်ဆဲခြင်းတို့ကို အသုံးပြုခြင်းဖြင့်၊ သူသည် လူသားမျိုးနွယ်၏ မဖြောင့်မတ်ခြင်းနှင့်ညစ်ညမ်းမှုကို သိရှိနိုင်ရန် လူသား၏ပုန်ကန်မှုကို ဖွင့်ပြခြင်းနှင့် သူ၏ခုခံမှုကို တရားစီရင်ခြင်းအားဖြင့်ဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားအား မီးမောင်းထိုးပြရန် ယင်းအရာများကို အသုံးပြုရမည်ဖြစ်သည်။ လူသားကိုသိမ်းပိုက်ပြီး သူ့ကို အပြည့်အဝ လက်ခံယုံကြည်စေသည်မှာ အဓိကအားဖြင့် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်သည်။ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်ကို အဆုံးစွန်သိမ်းပိုက်ခြင်း၏ လမ်းစဉ်ဖြစ်ပြီး သိမ်းပိုက်ခြင်းကို လက်ခံသောသူအားလုံးက သူ၏နှုတ်ကပတ်တော်များ၏ ရိုက်နှက်မှုနှင့် တရားစီရင်မှုကို လက်ခံရမည်ဖြစ်သည်။ ယနေ့စကားပြောခြင်း၏ လုပ်ငန်းစဉ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းစဉ် ဟုတ်ပေသည်။ လူတို့သည် အတိအကျအားဖြင့် မည်သို့ ပူးပေါင်းလုပ်ဆောင်သင့်သနည်း။ ဤနှုတ်ကပတ်တော်များကို စားသောက်ပုံကို သိခြင်းနှင့် ၎င်းတို့ကို နားလည်သဘောပေါက်ခြင်းတို့အားဖြင့် ဖြစ်သည်။ လူတို့ သိမ်းပိုက်ခံရပုံနှင့်ပတ်သက်၍မူ၊ ယင်းသည် လူတို့ ၎င်းတို့ကိုယ်တိုင် ပြုလုပ်နိုင်သည့်အရာ တစ်ခု မဟုတ်ပေ။ သင်ပြုလုပ်နိုင်သည်မှာ ဤနှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ညစ်ညမ်းမှု၊ သင်တို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကို သိရှိလာကာ ဘုရားသခင့်ရှေ့မှောက်တွင် လဲကျကြရန်သာ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီးနောက် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ကာ၊ အကယ်၍ သင်၌ ရူပါရုံရှိပြီး ဤနှုတ်ကပတ်တော်များကို လုံးလုံးလျားလျားနာခံနိုင်လျှင်၊ ထို့အပြင် မည်သည့်ရွေးချယ်မှုကိုမျှ ကိုယ်တိုင် မပြုလုပ်ဘဲနေနိုင်လျှင် သင်သည် သိမ်းပိုက်ခြင်းခံရပြီး ဖြစ်လိမ့်မည်။ ထို့ပြင် ဤနှုတ်ကပတ်တော်များ၏ အကျိုးဆက်ပင် ဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် သက်သေခံချက်ကို အဘယ်ကြောင့် ဆုံးရှုံးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဘုရားသခင်၌ ယုံကြည်ချက်မရှိ၊ လူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာမရှိသည့်အတွက် ဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းဆိုသည်မှာ လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို ပြန်လည်ထိန်းသိမ်းပေးခြင်းဖြစ်သည်။ လူတို့သည် သာမန်လောကဘက်သို့ အမြဲတမ်း ဒရောသောပါး ပြေးလိုကြသည်၊ များပြားလွန်းလှသော မျှော်လင့်ချက်များ သိုထားကြသည်၊ သူတို့၏အနာဂတ်အတွက် အဆမတန် လိုချင်ကြပြီး အလွန်အကျွံတောင်းဆိုချက်များ များစွာရှိကြသည်။ သူတို့သည် သူတို့၏ ဇာတိပကတိအကြောင်း အမြဲတွေးတောနေကြ၏၊ ဇာတိပကတိအတွက် စီစဉ်နေကြပြီး ဘုရားသခင်အပေါ် ယုံကြည်မှုနည်းလမ်း ရှာဖွေရာ၌ လုံး၀စိတ်မဝင်စားကြပေ။ သူတို့စိတ်နှလုံးများသည် စာတန်၏လုယူခြင်းကို ခံကြရပြီးဖြစ်သည်။ ဘုရားအပေါ် သူတို့၏ချစ်ကြောက်ရိုသေခြင်း ပျောက်ဆုံးခဲ့ကြပြီဖြစ်ပြီး သူတို့သည် စာတန်ကို စွဲလမ်းနေကြသည်။ သို့သော် လူသားကို ဘုရားသခင်က ဖန်ဆင်းထားခြင်းဖြစ်သည်။ သို့အတွက်ကြောင့် လူသားက သက်သေခံချက် ဆုံးရှုံးခဲ့ပြီဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ ဘုန်းတော်ကို ဆုံးရှုံးခဲ့ပြီဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အပေါ် လူသား၏ ချစ်ကြောက်ရိုသေခြင်း ဘုန်းအသရေကို ပြန်လည်ထိန်းသိမ်းရန် ဖြစ်သည်။ ဤသို့ဆို၍ ရသည်- ဘဝကို မလိုက် လျှောက် သောသူများစွာရှိသည်။ လိုက်လျှောက် သူအချို့ ရှိမည်ဆိုလျှင်ပင် အရေအတွက်က တစ်ဦးတည်း၏ လက်ချောင်းများဖြင့် ရေတွက်နိုင်လောက်သည်။ လူတို့သည် သူတို့၏အနာဂတ်အကြောင်းကိုသာ အများဆုံး စိုးရိမ်ပူပန်ကြပြီး ဘဝကို မည်သို့မျှ အာရုံစိုက်တတ်ကြသည်မဟုတ်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကာ အတိုက်အခံလုပ်ကြပြီး သူ၏နောက်ကျောတွင် သူ့ကို စီရင်ကြကာ သမ္မာတရားကို လက်တွေ့ မကျင့်ဆောင်ကြပါ။ ယခုတွင် ငါသည် ဤလူတို့ကို လျစ်လျူရှုပြီး ပုန်ကန်ခြင်း၏ သားများဖြစ်သည့် ဤအတန်းအစားကို ကိုင်တွယ်ခြင်းမှ ငါရှောင်ကြဉ်သည်။ အနာဂတ်၌ သင်သည် ငိုကြွေရင်းနဲ့ အံကြိတ် ရင်း မှောင်မိုက်၌ အသက်ရှင်ရလိမ့်မည်။ ထိုအထဲ၌ အသက်ရှင်ချိန်တွင် အလင်း၏ အဖိုးတန်မှုကို သင်တို့မခံစားရကြ၊ သို့သော် အမှောင်ည၌ သင်တို့ရှင်သန်ရသည်နှင့် တပြိုင်နက် ၎င်း၏ အဖိုးတန်မှုကို သိမြင်ရကြမည်ဖြစ်သည်။ ထို့နောက် သင်တို့ ဝမ်းနည်းကြလိမ့်မည်။ သင်သည် ယခုအဆင်ပြေနေသော်လည်း သင်ဝမ်းနည်းရမည့် နေ့ရက်ရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာပြီး မှောင်မိုက်သက်ဆင်းကာ အလင်းနောက်ထပ်မရှိတော့သည့်အချိန် သင်၏နောင်တ သိပ်နောက်ကျလိမ့်မည်။ ထိုသို့ဖြစ်ရသည့် အကြောင်းမှာ ယခုသင့်အချိန်ကို မြတ်နိုးတန်ဖိုးထားဖို့ ပျက်ကွက်သည့် ပစ္စုပ္ပန်အမှုကို သင်နားမလည်သေးပဲ ရှိခြင်းကြောင့်ဖြစ်သည်။ စကြဝဠာတစ်ခုလုံးနှင့်ဆိုင်သော အလုပ် စတင်သည်နှင့် တပြိုင်နက်၊ ဆိုလိုသည်မှာ ယနေ့ ငါမိန့်ဆိုနေသောအရာအားလုံး အမှန်ဖြစ်လာသောအခါ လူများစွာတို့သည် မိမိတို့၏ဦးခေါင်းများကို ကိုင်ကာ ခါးသီးစွာ ငိုကြွေးကြလိမ့်မည်။ ယင်းမှာ ငိုကြွေးခြင်းနှင့် အံကြိတ် ခြင်းတို့ဖြင့် မှောင်မိုက်ထဲသို့ လဲကျခြင်း မဟုတ်ပါလား။ အသုံးပြုရန် မသင့်လျော်သော ပုန်ကန်ခြင်း၏ သားအားလုံး သည်သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မည်သို့မျှ မရရှိပဲ မည်သည့်အရာကိုမျှ အဓိပ္ပါယ်ရှိအောင် မလုပ်နိုင်ပဲရှိနေရင်း မှောင်မိုက်ထဲသို့ ကျစဉ်တွင်၊ ဘဝကို အမှန်ပင်လိုက်လျှောက် ပြီး စုံလင်ခြင်းခံရသောသူတို့အားလုံးသည် အသုံးဝင်ကြလိမ့်မည်။ သို့အတွက်ကြောင့် သူတို့သည် မြည်တမ်းကာ ငိုကြွေးဖို့ ပြစ်ဒဏ်ပေးခြင်းထဲသို့ ကျရောက်ကြလိမ့်မည်။ သင်သည် အလုပ်၏ ဤအဆင့်၌ အဆင်သင့်ဖြစ်ပြီး သင့်အသက်တာ ရင့်ကျက်ပြီဆိုလျှင် အသုံးပြုခံရရန် သင့်လျော်သောသူ ဖြစ်ပေသည်။ အကယ်၍ သင်သည် အဆင်သင့်မရှိလျှင် အလုပ်၏နောက်တစ်ဆင့်အတွက် သင့်ကိုပြင်ဆင်ထားလျှင်ပင် သင်သည် သင့်လျော်မည်မဟုတ်ပါ။ ထိုအခြေအနေတွင် သင်ကိုယ်သင် ပြင်ဆင်ချင်လျှင်ပင် အခွင့်အလမ်း ကုန်လွန်သွားပါလိမ့်မည်။ ဘုရားက ထွက်ခွာသွားပြီး ဖြစ်လိမ့်မည်၊ ယခု သင့်ရှေ့၌ ရှိသော အခွင့်အလမ်းမျိုးကို သင်အဘယ်မှာ သွားပြီး ရှာဖွေမည်နည်း၊ သို့ဖြစ်လျှင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးသော စွမ်းဆောင်မှုကို သင်အဘယ်မှာ သွားပြီး လက်ခံရရှိမည်နည်း။ ထိုအခြေအနေတွင် ကိုယ်တိုင်ကိုယ်ကျ စကားပြောနေသူမှာ ဘုရားဖြစ်လိမ့်မည်မဟုတ်၊ သို့မဟုတ် သူ့အသံကို ပေးမည်မဟုတ်ပါ။ သင်သည် ယနေ့ ပြောလျက်ရှိသည့်အရာကိုသာ ဖတ်ရှုနိုင်ပါလိမ့်မည်။ သင်မည်သို့ အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါမည်နည်း။ နောက်ဘဝက ယနေ့ဘဝနှင့် မည်သို့ တူညီနိုင်ပါလိမ့်မည်နည်း။ ထိုအခြေအနေတွင် သင်သည် ငိုကြွေးခြင်းနှင့် အံကြိတ် ခြင်းဖြင့် သေခြင်းတရားကို ခံစားနေရမည် မဟုတ်ပါလား။ ကောင်းကြီးမင်္ဂလာကို သင်တို့အား ယခု ပေးအပ်လျက်ရှိသော်လည်း မည်သို့ပျော်မွေ့ရမည်ကို သင်မသိ၊ ကောင်းကြီးထဲ သင်ရှင်သန်နေသော်လည်း သင်က ထိုအရာကို နားလည်သဘောပေါက်ခြင်းမရှိပါ။ ဤအရာက သင်သည် ဝေဒနာခံစားရကိန်း ကြုံသည်ကို သက်သေထူသည်။ လက်ရှိတွင် လူအချို့က အတိုက်အခံလုပ်ကြပြီး၊ အချို့က ပုန်ကန်ကြကာ၊ အချို့က တစ်ခု မဟုတ် တစ်ခု လုပ်ကြသည်။ ငါသည် သင့်ကို ယတိပြတ် လစ်လျူရှုသည်၊ သင်တို့၏ထိုအမှုကိစ္စများကို ငါ သတိမထားမိဘူးဟု မထင်နှင့်။ သင်တို့၏ အနှစ်သာရကို ငါသည် နားမလည်သလော။ အဘယ်ကြောင့် ငါ့ကို ဆန့်ကျင်မြဲ ဆန့်ကျင်ကြသနည်း။ သင့်အဘို့အလို့ငှာ အသက်နှင့် ကောင်းကြီး မင်္ဂလာနောက်သို့ လိုက်လျှောက်ရန် ဘုရားသခင်ကို သင်မယုံကြည်သလော။ သင်ယုံကြည်ခြင်းရှိသည်မှာ သင့်အဘို့အလို့ငှာ မဟုတ်လော။ ယခုအချိန်မှာ ငါသည် ငါ့စကားများဖြင့် သိမ်းပိုက်ခြင်းအလုပ်ကို လုပ်ဆောင်နေသည်။ ဤသိမ်းပိုက်ခြင်းအလုပ် အဆုံးသတ်သည်နှင့် သင်၏အဆုံးသတ်လည်း သိသာလိမ့်မည်။ ငါ ပို၍ ရှင်းရှင်းလင်းလုပ်ဖို့ လိုအပ်ပါသလား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။