ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၀

16.08.2020

လက်ရှိသိမ်းပိုက်ခြင်းအလုပ်သည် လူသား၏ဘ၀နိဂုံး အဘယ်အရာဖြစ်လိမ့်မည်ကို ထင်ရှားစေရန် ရည်ရွယ်သည်။ ယနေ့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမြတ်သော ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းဖြစ်သည်ဟု အဘယ်ကြောင့် ငါ ပြောရသနည်း။ သင် ဤအရာကို မမြင်သလော။ သိမ်းပိုက်ခြင်းအလုပ်က အဘယ်ကြောင့် နောက်ဆုံးအဆင့် ဖြစ်သနည်း။ ထိုအရာမှာ လူတန်းစားအသီးသီး မည်သို့ဇာတ်သိမ်းမည်ကို ထင်ရှားစေဖို့ အတိအကျပင် မဟုတ်လော။ ထိုအရာမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သော သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်အတွင်း၊ လူတိုင်းကို မိမိ၏ သရုပ်မှန်အား ပြသခွင့်ပြုပြီး၊ ထိုနောက်တွင် အမျိုးအစားအတိုင်း ခွဲခြားခြင်းခံရစေဖို့ မဟုတ်သလော။ ဤသည်မှာ လူသားမျိုးနွယ်ကို သိမ်းပိုက်သည်ဟု ဆိုသည်ထက်၊ လူအဆင့်အတန်း အသီးသီး အဘယ်သို့ ဇာတ်သိမ်းမည်ကို ပြသည်ဟုဆိုလျှင် ပိုကောင်းလိမ့်မည်။ ဤသည်မှာ လူတို့၏အပြစ်များကို တရားစီရင်ခြင်းနှင့် ၎င်းနောက် လူ့အဆင့်အတန်းများအမျိုးမျိုးကို ဖော်ပြပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ဆိုးယုတ်သည် သို့မဟုတ် ဖြောင့်မတ်သည်ကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်ပြီးသည့်နောက်တွင် အကောင်းအတွက် ဆုလာဘ်ပေးခြင်းနှင့် အဆိုးအတွက် ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ အပြည့်အဝနာခံသောလူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စကြဝဠာတစ်ခုလုံးသို့ ဘုရားသခင်၏အလုပ်အား ဖြန့်ဝေခြင်းဟူသည့် နောက်တစ်ဆင့်၌ နေရာချထားခံကြရမည်၊ သိမ်းပိုက်မခံရသောသူတို့သည် မှောင်မိုက်၌ နေရာချထားခံရမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ လူသားသည် အမျိုးအစားအလိုက် ဤသို့ ခွဲခြားသတ်မှတ်ခံရမည်၊ အဆိုးလုပ်သူများသည် နေအလင်းရောင်ကို နောက်တစ်ဖန် လုံးဝမမြင်ရဖို့ ဆိုးညစ်မှုနှင့် စုဖွဲ့ခံကြရမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကိုံရရှိကာ အလင်းထဲ၌ ထာဝရအသက်ရှင်သွားဖို့ ကောင်းမြတ်မှုနှင့် စုဖွဲ့ခံကြရမည်။ အရာအားလုံးအတွက် အဆုံးသည် နီးလာပြီဖြစ်သည်၊ လူသား၏နိဂုံးကို သူ၏မျက်လုံးများအား ရှင်းရှင်းလင်းလင်း ပြသပြီးဖြစ်ပြီး၊ အရာအားလုံးသည် အမျိုးအစားအတိုင်း ခွဲခြားသတ်မှတ်ခံရလိမ့်မည်။ ထိုသို့ဖြစ်လျှင် လူတို့သည် အသီးသီး အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း၏ မချိတင်ကဲဝေဒနာမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ အရာအားလုံးအတွက် အဆုံးသတ် နီးကပ်လာချိန်တွင် လူ့အဆင့်အတန်းအသီးသီး၏ နိဂုံးအား ဖွင့်ပြပြီး၊ ယင်းကို စကြဝဠာတစ်ခွင်လုံးအား သိမ်းပိုက်ခြင်းအလုပ်အတွင်း၌ (လက်ရှိအလုပ်မှစ၍ သိမ်းပိုက်ခြင်းအလုပ်အားလုံး အပါအဝင်) လုပ်ဆောင်သည်။ လူသားမျိုးနွယ်တစ်ခုလုံး၏ နိဂုံးကို ဖွင့်ပြခြင်းသည် တရားစီရင်ရာပလ္လင်ရှေ့မှောက်တွင် ပြစ်တင်ဆုံးမခြင်း လုပ်ငန်းစဉ်အတွင်းနှင့် နောက်ဆုံးသောကာလ သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွင်း၌ လုပ်ဆောင်သည်။ လူတို့အား အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းသည် လူတို့ကို သူတို့၏ မူလအဆင့်အတန်းများသို့ ပြန်ပို့ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းချိန်၌ လူသားတစ်မျိုးတည်းသာ ရှိခဲ့သည်။ တစ်ခုတည်းသော ခွဲခြားမှုမှာ ယောက်ျားနှင့် မိန်းမအကြားသာ ဖြစ်သည်။ ကွဲပြားသော လူအမျိုးအစားများစွာ မရှိခဲ့ပေ။ နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးပြီး နောက်တွင်သာ ကွဲပြားခြားနားသော လူ့အဆင့်အတန်းများ ပေါ်ထွက်လာကြခြင်းဖြစ်ပြီး၊ အချို့က ညစ်ညူးသော နတ်ဆိုးတို့၏ အုပ်စိုးမှုအောက် ရောက်ရှိကြပြီးလျှင်၊ အချို့မှာ ဆိုးယုတ်သောနတ်ဆိုးများ၏ အုပ်စိုးမှုအောက်၊ အသက်လမ်းစဉ်ကို လိုက်လျှောက်သောသူအချို့မှာ အနန္တတန်ခိုးရှင်၏ အုပ်စိုးမှုအောက်တွင် ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် အဆင့်အတန်းများက လူတို့ကြားတွင် တဖြည်းဖြည်း ဖြစ်တည်လာပြီး၊ ဤကဲ့သို့သာလျှင် လူသား၏ ကြီးမားသောမိသားစုအတွင်း၌ လူတို့သည် အဆင့်အတန်းများ ခွဲထွက်လာကြသည်။ လူအားလုံးက ကွဲပြားသော “ဖခင်များ” ရှိလာကြသည်၊ လူသားသည် ပုန်ကန်လွန်းသောကြောင့် အနန္တတန်ခိုးရှင်၏ အုပ်စိုးမှုအောက် လူတိုင်း လုံးလုံးလျားလျားရှိလာသည် မဟုတ်ပေ။ ဖြောင့်မတ်သော တရားစီရင်ခြင်းက လူပုဂ္ဂိုလ်အမျိုးအစားတစ်ခုစီ၏ နဂိုအစစ်အမှန်ကို ဖွင့်ပြပြီး မည်သည့်အရာကိုမျှ ကွယ်ဝှက်မထားပေ။ လူတိုင်း အလင်း၌ မိမိ၏ မျက်နှာအမှန်ကို ပြသသည်။ ဤအခိုက်တွင် လူသည် နဂိုမူလက ဖြစ်ခဲ့သည့်အတိုင်း မဟုတ်တော့ဘဲ သူ၏ဘိုးဘေးများနှင့် နဂိုသဏ္ဍာန်တူညီမှု ပျောက်ကွယ်ခဲ့သည်မှာ ရှည်ကြာခဲ့ပြီ၊ အဘယ့်ကြောင့်ဆိုသော် အာဒံနှင့် ဧဝတို့၏ မရေတွက်နိုင်သော သားစဉ်မြေးဆက်တို့သည် ကောင်းကင်ကနေကို နောက်တဖန်လုံးဝ မသိမမြင်ရဖို့ စာတန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရပြီး၊ လူတို့သည် စာတန်၏ အဆိပ်အမျိုးမျိုးတို့နှင့် ပြည့်နေခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့တွင် သူတို့၏ သင့်လျော်သောခရီးပန်းတိုင်များ ရှိကြသည်။ ထို့ပြင် သူတို့၏ မတူညီသောအဆိပ်များပေါ် အခြေခံပြီး သူတို့ကို အမျိုးအစားအလိုက် အတန်းစားခွဲခြားထားခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ သူတို့ကို ယနေ့ သိမ်းပိုက်ထားသော အတိုင်းအတာအားဖြင့် ခွဲခြားထားခြင်း ဖြစ်သည်။ လူသား၏နိဂုံးသည် ကမ္ဘာမြေဖန်ဆင်းခြင်းကတည်းက ခွဲခန့်မှတ်သားထားခဲ့သည့် အရာတစ်ခု မဟုတ်ပေ။ ဤသည်မှာ အစအဦးတွင် “လူသားမျိုးနွယ်” ဟု စုပေါင်းခေါ်ဝေါ်သည့် အတန်းအစားတစ်ခုသာ ရှိခဲ့သောကြောင့်ဖြစ်သည်။ ပြီးလျှင် အစ၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်း မခံခဲ့ရသည့်အပြင်၊ သူတို့အပေါ် မည်သည့် မှောင်မိုက်မျှ ကျရောက်ခြင်း မရှိဘဲ ဘုရားသခင်၏ အလင်းထဲ၌ လူအားလုံး အသက်ရှင်နေထိုင်ခဲ့ကြသည်။ သို့သော် လူသည် စာတန်၏ ဖျက်ဆီးခြင်းခံခဲ့ရပြီးနောက် လူတို့၏ အတန်းအစားနှင့် အမျိုးအစားအားလုံး ကမ္ဘာမြေတစ်ပြင်လုံးသို့ ပျံ့နှံ့ခဲ့လေသည်— ယောက်ျားနှင့် မိန်းမတို့ဖြင့် ဖွဲ့တည်ထားသော “လူသားမျိုးနွယ်” ဟု စုပေါင်းခေါ်ဝေါ်သည့် မိသားစုမှလာသော လူတို့၏ အတန်းအစားနှင့် အမျိုးအစားများအားလုံးပင် ဖြစ်သည်။ သူတို့အားလုံးကို သူတို့၏ အကြီးရင့်ဆုံး ဘိုးဘေးများ— ယောက်ျားနှင့်မိန်းမ ပါဝင်သည့် လူသားမျိုးနွယ် (၎င်းမှာ သူတို့၏ အကြီးရင့်ဆုံး ဘိုးဘေးများဖြစ်သည့် မူရင်း အာဒံနှင့်ဧဝတို့)- မှ လမ်းလွဲသွားဖို့ သူတို့၏ ဘိုးဘေးဘီဘင်များက ဦးဆောင်ခဲ့ကြသည်။ ထိုအချိန်က ဣသရေလအမျိုးသားများသည်သာ မြေကြီးပေါ် အသက်ရှင်နေထိုင်ဖို့ ယေဟောဝါ ဦးဆောင်နေခဲ့သည့် တစ်ခုတည်းသောလူမျိုး ဖြစ်ခဲ့သည်။ ထို့နောက်တွင် ဣသရေလတစ်ခုလုံးမှ (မူရင်းမိသားစုမျိုးရိုးစုမှဟု ဆိုလိုသည်) ထွက်ပေါ်လာသော လူအမျိုးမျိုးတို့သည် ယေဟောဝါ၏ လမ်းပြမှုကို ဆုံးရှုံးခဲ့ကြသည်။ လူ့လောက၏ ကိစ္စရပ်များကို လုံးဝမသိသည့် ဤအစောပိုင်းလူမျိုးများသည် နောက်ပိုင်းတွင် သူတို့တောင်းဆိုခဲ့ကြသည့် နယ်မြေများတွင် နေထိုင်ရန် သူတို့၏ဘိုးဘေးများနှင့်အတူ လိုက်သွားခဲ့ကြပြီး ယင်းသည် ယနေ့ထက်တိုင် ဆက်၍ဖြစ်နေသည်။ ထို့ကြောင့် သူတို့သည် ယေဟောဝါထံမှ မည်သို့လမ်းလွဲခဲ့ကြပြီး အမျိုးမျိုးသော ညစ်ညူးသည့် နတ်ဆိုးများနှင့် ဆိုးယုတ်သော ဝိညာဉ်တို့၏ ဖျက်ဆီးခြင်း မည်သို့ခံခဲ့ကြရသည်ကို မသိဘဲ ရှိနေကြဆဲဖြစ်၏။ ကြီးလေးစွာဖျက်ဆီးခံရပြီး ယခုတိုင် အဆိပ်သင့်သောသူတို့၊ အခြေခံအားဖြင့် ကယ်ဆယ်၍မရနိုင်သော သူတို့သည် သူတို့ကို ဖျက်ဆီးခဲ့သော ညစ်ညူးသည့် နတ်ဆိုးများဖြစ်သော သူတို့၏ဘိုးဘေးတို့နှင့် သွားကြရုံမှလွဲ၍ အခြားရွေးချယ်စရာရှိမည် မဟုတ်ပေ။ အခြေခံအားဖြင့် ကယ်ဆယ်၍ရနိုင်သော သူတို့သည် လူသားမျိုးနွယ်၏ သင့်လျော်သော ခရီးပန်းတိုင်သို့ သွားလိမ့်မည်၊ ဆိုလိုသည်မှာ ကယ်တင်ခံရသူနှင့် သိမ်းပိုက်ခံရသူတို့အတွက် သီးသန့်ထားရှိသော အဆုံးသတ်သို့ ဖြစ်သည်။ ကယ်တင်ခြင်းခံရနိုင်သော သူတို့ကို ကယ်တင်ရန်အတွက် အရာအားလုံးကို လုပ်ဆောင်မည်ဖြစ်သည်၊ သို့သော် အရေထူပြီး ကုသ၍မရနိုင်သောသူတို့အဘို့ သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ဆုံးမပြစ်တင်ခြင်း၏ အနက်ဆုံးတွင်းထဲသို့ သူတို့၏ ဘိုးဘေးများနောက်မှ လိုက်ကြဖို့သာ ဖြစ်လိမ့်မည်။ သင်၏နိဂုံးကို အစအဦးကတည်းက ခွဲခန့်မှတ်သားထားခဲ့ပြီး ယခုမှသာ ဖွင့်ပြသည်ဟု မထင်လေနှင့်။ သင်ထိုသို့ထင်လျှင် လူသားမျိုးနွယ်၏ ကနဦးဖန်ဆင်းခြင်းအတွင်း သီးခြားစာတန်အတန်းအစား မဖန်ဆင်းခဲ့သည်ကို သင်မေ့လျော့ပြီလော။ အာဒံ နှင့် ဧဝဖြင့် ဖွဲ့တည်ထားသည့် တစ်ခုတည်းသော လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သည် (ယောက်ျားနှင့် မိန်းမသာ ဖန်ဆင်းခံခဲ့ရသည်ဟု ဆိုလိုသည်) ကို သင်မေ့လျော့ပြီလော။ သင်တို့သည် အစအဦး၌ စာတန်မှ ဆင်းသက်လာသူဖြစ်ခဲ့လျှင် ယင်းမှာ ယေဟာဝါ လူသားကို ဖန်ဆင်းသောအခါ သူ၏ဖန်ဆင်းခြင်း၌ စာတန်အုပ်စုတစ်စု သူထည့်သွင်းခဲ့သည်ဟု ဆိုလိုလိမ့်မည်မဟုတ်လော။ ထိုကဲ့သို့သော အရာတစ်ခုကို သူလုပ်ဆောင်ခဲ့နိုင်မည်လော။ သူသည် မိမိ၏သက်သေခံချက်အဘို့အလို့ငှာ လူသားကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်၊ သူသည် မိမိဘုန်းအသရေအဘို့အလို့ငှာ လူသားကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ သူ့ကို တမင်တကာ ခုခံရန် စာတန်၏နောင်လာနောက်သား လူတန်းစားတစ်ခုကို အဘယ်ကြောင့် သူဖန်ဆင်းမည်နည်း။ ယေဟောဝါသည် ဤကဲ့သို့သော အရာတစ်ခုကို လုပ်ဆောင်ခဲ့နိုင်မည်လော။ အကယ်၍ သူလုပ်ဆောင်ခဲ့လျှင် သူသည် ဖြောင့်မတ်သောဘုရားဖြစ်သည်ဟု မည်သူဆိုနိုင်လိမ့်မည်နည်း။ သင်တို့အချို့သည် အဆုံး၌ စာတန်နှင့်အတူ သွားရလိမ့်မည်ဟု ငါယခုဆိုသောအခါ၊ သင်သည် အစအဦးကတည်းက စာတန်နှင့် ရှိခဲ့သည်ဟု မဆိုလိုပေ၊ ထို့ထက် သင်သည် အလွန်နိမ့်ကျအောင် နစ်မြုပ်ခဲ့ကြသဖြင့် ဘုရားသခင် သင့်ကိုကယ်တင်ဖို့ ကြိုးစားလျှင်သော်မှ ထိုကယ်တင်ခြင်းကို သင်မရယူနိုင်ခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။ သင့်ကို စာတန်နှင့်အတူ မျိုးတူသတ်မှတ်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ဤသည်မှာ သင်သည် ကယ်ဆယ်၍ မရနိုင်သောကြောင့်ဖြစ်ပြီး ဘုရားသခင် သင့်အပေါ် မဖြောင့်မတ်သောကြောင့်မဟုတ်၊ ဘုရားသခင်က သင်၏ကံကြမ္မာကို စာတန်၏ ပြယုဂ်တစ်ခုအဖြစ် တမင်တကာ သတ်မှတ်ပြီးနောက် စာတန်နှင့်အတူ သင့်ကို မျိုးတူသတ်မှတ်ကာ တမင်သက်သက် သင့်ကို ဝေဒနာခံစားစေလို၍ မဟုတ်ပေ။ ထိုအရာသည် သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းကျကျ အမှန်တရားမဟုတ်ပေ။ ထိုအရာသည် သင်ယုံကြည်သည့် အရာဖြစ်လျှင် သင်၏နားလည်သဘောပေါက်မှုက အလွန် တစ်ဖက်သတ်ဆန်လှသည်တကား။ သိမ်းပိုက်ခြင်း၏ နောက်ဆုံးအဆင့်မှာ လူတို့ကို ကယ်တင်ရန်နှင့် လူတို့၏ နိဂုံးများကိုလည်း ထုတ်ဖော်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယင်းသည် တရားစီရင်ခြင်းအားဖြင့် လူတို့၏ ဆုတ်ယုတ်လာမှုကို ထုတ်ဖော်ပြီး ထိုသို့ဖြင့် သူတို့ကို နောင်တရစေကာ ထစေပြီး အသက်နှင့်လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို လိုက်စေရန်ဖြစ်သည်။ ထိုအရာမှာ ထုံပြီး တုံးသော လူတို့၏ စိတ်နှလုံးများကို နှိုးရန်နှင့် တရားစီရင်ခြင်းအားဖြင့် သူတို့၏ အတွင်းပုန်ကန်မှုကို ပြသရန်ဖြစ်သည်။ သို့သော် လူတို့သည် နောင်တမရနိုင်သေးဘဲ၊ လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို မလိုက်နိုင်သေးဘဲလျက် ဤဖောက်ပြန်ပျက်စီးမှုများကို မစွန့်ပစ်နိုင်သေးလျှင် သူတို့သည် ကယ်ဆယ်မရနိုင်ဘဲ စာတန်က မျိုချလိမ့်မည်။ ဤသည်မှာ လူတို့ကို ကယ်တင်ရန်နှင့် သူတို့၏ နိဂုံးများကိုလည်း ပြသရန် ဘုရားသခင်၏ သိမ်းပိုက်ခြင်း၏ အရေးပါမှုဖြစ်သည်။ ကောင်းသော နိဂုံးများ၊ မကောင်းသော နိဂုံးများ— ယင်းတို့အားလုံးကို သိမ်းပိုက်ခြင်းအလုပ်အားဖြင့် ထုတ်ဖော်ပြသသည်။ လူတို့ ကယ်တင်ခံရမည် သို့မဟုတ် ကျိန်ဆဲခံရမည် ဟူသည့်အရာသည် သိမ်းပိုက်ခြင်းအလုပ် အတောအတွင်း၌ အားလုံး ထုတ်ဖော်ခံရမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။