ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၆

17.06.2020

နိုင်ငံတော်ခေတ် အစပြုသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို စပြောခဲ့သည်။ အနာဂတ်တွင် ထိုနှုတ်ကပတ်တော်များ တဖြည်းဖြည်း ပြည့်စုံလာမည်ဖြစ်ပြီး ထိုအချိန်၌ လူသားသည် အသက်ထဲသို့ ကြီးထွားလိမ့်မည်။ နှုတ်ကပတ်တော်ကို အသုံးပြု၍ လူသား၏ အကျင့်ပျက်သော စိတ်သဘောထားကို ဘုရားသခင် ထုတ်ဖော်ခြင်းသည် သာ၍ စစ်မှန်ပြီး၊ သာ၍ လိုအပ်သောအရာဖြစ်သည်။ ဘုရားသခင်သည် လူ၏ ယုံကြည်ခြင်းအား စုံလင်အောင် ပြုလုပ်ပေးသည့် အလုပ်ကို လုပ်ဖို့ရန်အတွက် သူ၏ နှုတ်ကပတ်တော်မှလွဲ၍ တခြားဘာကိုမျှ အသုံးမပြုပေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်သည် နှုတ်ကပတ်တော် ခေတ်ဖြစ်ပြီး လူ၏ယုံကြည်ခြင်း၊ ဆုံးဖြတ်ချက်နှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ လိုသောခေတ် ဖြစ်သောကြောင့် ဖြစ်သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံသော ဘုရားသခင်၏ အလုပ်သည် အစေခံရန်နှင့် ပံ့ပိုးကူညီရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုခြင်းဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် နှုတ်ကပတ်တော်များ ပြောပြီးမှသာ ၎င်းတို့ စပြည့်စုံလာမည်ဖြစ်သည်။ ဘုရားသခင် ပြောနေသော အချိန်၌ သူ၏ နှုတ်ကပတ်တော်များ မပြည့်စုံသေးပေ။ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိအဆင့်၌ သူပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်သည်မှာလည်း ဘုရားသခင်သည် လူ့ဇာတိ ဖြစ်ပြီး၊ နာမ်ဝိညာဉ်မဟုတ်ဟူသည့် အချက်ကို လူသားမြင်နိုင်စေရန် အတွက်ဖြစ်သည်၊ ဘုရားသခင်၏ လက်တွေ့အရှိသဘောကို မျက်စိနှင့် ကိုယ်တိုင် မြင်နိုင်စေရန်အတွက် ဖြစ်သည်။ တစ်နေ့ ဘုရားသခင်၏ အလုပ် ပြီးမြောက်သောအခါ၊ လောက၌ ပြောသင့်သည့် နှုတ်ကပတ်တော် အားလုံးကို ပြောပြီးသောအခါ၊ ထိုနှုတ်ကပတ်တော်များ စတင်ပြည့်စုံလာမည် ဖြစ်သည်။ ယခုအချိန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည့်ခေတ် မဟုတ်ပါ၊ အကြောင်းမှာ ဘုရားသခင် ပြောဆို၍ မပြီးသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လောက၌ ဘုရားသခင်သည် နှုတ်ကပတ်တော်များ ဆက်ပြောနေသည်ကို သင်တွေ့သောအခါ သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံလာမည့် အချိန်ကို မစောင့်နှင့်။ ဘုရားသခင် နှုတ်ကပတ်တော် ပြောကြားခြင်းကို ရပ်လိုက်သည့်အချိန်နှင့် လောက၌ သူ၏ အလုပ်ပြီးသွားသော အချိန်သည် သူပြောသည့် နှုတ်ကပတ်တော်များ စတင်ပြည့်စုံမည့် အချိန်ဖြစ်သည်။ လောက၌ ဘုရားသခင် ပြောသော စကားများတွင် တစ်ဖက်ကကြည့်လျှင် အသက်အား ထောက်ပံ့ခြင်းရှိပြီး၊ တစ်ဖက်မှ ကြည့်လျှင် ပရောဖက်ပြုချက် ဆိုသည်မှာ ဖြစ်လာမည့် အရာများ၊ လုပ်ဆောင်မည့် အရာများ၊ အထမြောက်ရန် လိုသေးသည့် အရာများကို ဆိုလိုသည်။ ယေရှုပြောခဲ့သော စကားများတွင်လည်း ပရောဖက်ပြုချက်ရှိသည်။ တစ်ဖက်တွင် ယေရှုသည် အသက်ကို ထောက်ပံ့ပေးခဲ့သည်၊ အခြား တစ်ဖက်တွင်တော့ ပရောဖက်ပြုချက်ကို ဟောခဲ့သည်။ ယနေ့ခေတ်တွင် မည်သူကမျှ ဘုရားသခင်၏ စကားများနှင့် အချက်အလက်များကို တစ်ချိန်တည်းတွင် အကောင်အထည်ဖော်သည့် အကြောင်းကို မပြောဆိုကြ၊ အဘယ်ကြောင့်ဆိုသော် လူ့မျက်စိနှင့် မြင်နိုင်သောအရာနှင့် ဘုရားသခင် လုပ်ဆောင်ပြီး အရာတို့အကြားရှိ ခြားနားချက်သည် အလွန်ပင် ကြီးမားလှသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏အလုပ် ပြီးမြောက်သည့် နောက်ပိုင်းတွင် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံမည် ဖြစ်ပြီး၊ နှုတ်ကပတ်တော်များ နောက်တွင်မှ အချက်အလက်များ လာမည်ဖြစ်သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိ ခံယူထားသော ဘုရားသခင်သည် လောက၌ နှုတ်ကပတ်တော်၏ သာသနာကို လုပ်နေပြီး၊ ထိုသို့ နှုတ်ကပတ်တော်၏ သာသနာကို လုပ်ဆောင်နေသောအခါ၌ သူသည် နှုတ်ကပတ်တော်များသာ ပြောသည်၊ အခြားအရာများကို ဂရုမစိုက်ပေ။ ဘုရားသခင်လုပ်သည့် အလုပ် စပြောင်းလျှင် သူပြောသည့် နှုတ်ကပတ်တော်များ စတင် ပြည့်စုံလာမည် ဖြစ်သည်။ ယနေ့ခေတ်တွင် ဘုရားသခင်သည် သင့်ကို စုံလင်စေရန်အတွက် အရင်ဦးဆုံး နှုတ်ကပတ်တော်များကို အသုံးပြုသည်။ စကြဝဠာတစ်ခုလုံး၌ ဘုရားသခင်၏ ဘုန်းထင်ရှားသော အချိန်သည် သူ၏အလုပ် ပြီးမြောက်သည့်အချိန်၊ ပြောသင့်သည့် နှုတ်ကပတ်တော်များအားလုံး ပြောပြီးသည့်အချိန်၊ ပြောခဲ့သော နှုတ်ကပတ်တော်များအားလုံး အချက်အလက်များ ဖြစ်လာမည့် အချိန်ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သော သာသနာကို လုပ်ဆောင်ရန်အတွက် လောကသို့ လာခဲ့သည်။ ထိုသို့ လုပ်ဆောင်သည်မှာ လူသားက သူ့ကို သိနိုင်စေဖို့၊ သူ၏ ဖြစ်ခြင်းကို လူမြင်နိုင်စေဖို့၊ သူ၏ ဉာဏ်ပညာနှင့် သူ၏နှုတ်ကပတ်တော်မှ အံ့သြဖွယ်လုပ်ရပ်များ အားလုံးကို လူသားမြင်နိုင်စေဖို့ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် လူအားလုံးကို သိမ်းပိုက်ဖို့ရန်အတွက် အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ အနာဂတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘာသာတရားတိုင်း၊ အုပ်စုတိုင်း၊ နိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်း ထံသို့လည်း လာလိမ့်မည်။ သိမ်းပိုက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်၌ အာဏာနှင့် တန်ခိုးရှိကြောင်းကို လူတို့မြင်စေဖို့အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်သာ ကြုံခြင်း ဖြစ်သည်။

လက်ရှိခေတ်ကာလတွင် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များသည် ပညတ်တော်ခေတ်က ပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပေ၊ ထို့အပြင် ကျေးဇူးတော်ခေတ်က ပြောခဲ့သော နှုတ်ကပတ်တော်များနှင့်လည်း မတူပေ။ ကျေးဇူးတော်ခေတ်၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သောအလုပ်ကို မလုပ်၊ လူသားအားလုံးကို ရွေးနုတ်ရန်အတွက် လက်ဝါးကပ်တိုင်၌ အသေခံသည့် အကြောင်းကိုသာ ဖော်ပြခဲ့သည်။ ကျမ်းစာက ယေရှုအဘယ်ကြောင့် လက်ဝါးကပ်တိုင်၌ အသေခံဖို့လိုသည့်အကြောင်း၊ လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့သော ဒုက္ခကို ခံရမည်ဖြစ်ကြောင်းနှင့် လူသားသည် ဘုရားသခင်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ မည်သို့ အသေခံသင့်သည့် အကြောင်းတို့ကိုသာ ဖော်ပြထားသည်။ ထိုခေတ်၌ ဘုရားသခင် လုပ်ခဲ့သမျှ အလုပ်အားလုံးသည် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအပေါ် ဗဟိုပြုထားသော အလုပ်များဖြစ်သည်။ နိုင်ငံတော်ခေတ်၌ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သူ့ကို ယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန်အတွက် နှုတ်ကပတ်တော်များ ပြောနေသည်။ ဤအရာမှာ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း” ပင်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ ဤအလုပ်အား လုပ်ဆောင်ရန် ရောက်လာခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်မှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း၏ အမှန်တကယ် ထူးခြားမှုကို ဖြစ်မြောက်စေဖို့ ရောက်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောသည်၊ အချက်အလက်များကို တော်ရုံတန်ရုံ အသုံးပြုခဲ့သည်။ ဤအရာသည်ပင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း၏ အနှစ်သာရဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင် နှုတ်ကပတ်တော်များပြောခြင်းသည် လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲ ကြွဆင်းလာခြင်း ဖြစ်သည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍...။” ဤအရာ (လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း၏ အလုပ်) သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင် ပြီးမြောက်အောင်လုပ်မည့် အလုပ်ဖြစ်သည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လောကသို့လာပြီး သူ၏ နှုတ်ကပတ်တော်ကို လူ့ဇာတိထဲတွင် ထင်ရှားပြခြင်း ဖြစ်သည်။ ယနေ့လုပ်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်မည့်အရာ၊ ဘုရားသခင် အထမြောက်အောင် လုပ်မည့်အရာ၊ လူ၏ နောက်ဆုံး ပန်းတိုင်၊ ကယ်တင်ခြင်း ခံရမည့်သူများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ စသည်တို့နှင့် ပတ်သက်သော အလုပ်သည် အဆုံး၌ ပြီးမြောက်အောင် လုပ်သင့်သည့် အလုပ်ဖြစ်ပြီး ထိုအလုပ်နှင့် ပတ်သက်သော အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်သည်၊ ထို့အပြင် ထိုအရာများ အားလုံးသည် လူဇာတိခံယူသော နှုတ်ကပတ်တော်၏ အမှန်တကယ် ထူးခြားမှုကို ဖြစ်စေသည့် အရာများဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် ဥပဒေသများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ၊ အနားယူကြမည့် သူများ စသည်တို့နှင့် ပတ်သက်သော နှုတ်ကပတ်တော်များ အားလုံးသည် ပြည့်စုံရမည် ဖြစ်သည်။ ထိုအလုပ်သည် နောက်ဆုံးသော ကာလ၌ လူ့ဇာတိ ခံယူထားသော ဘုရားသခင်က ပြီးမြောက်အောင်လုပ်မည့် အဓိက အလုပ်ဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားသော သူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မရှိသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင်၏ လူများနှင့် ဘုရားသခင်၏သားများကို မည်သို့ အမျိုးအစား ခွဲခြားသတ်မှတ်မည် ဖြစ်ကြောင်း၊ ဣသရေလ၌ မည်သို့ ဖြစ်မည်၊ အဲဂုတ္တု၌ မည်သို့ဖြစ်မည် စသည်တို့ကို ဘုရားသခင်သည် လူတို့အား နားလည်စေသည်။ အနာဂတ်တွင် ထိုအရာများအကြောင်း ပြောထားသော နှုတ်ကပတ်တော်တိုင်းသည် ပြည့်စုံလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်သည့် နှုန်းသည် အရှိန်မြင့်လာလျက် ရှိသည်။ ခေတ်တိုင်း ခေတ်တိုင်းတွင် ဘာလုပ်ရမည်နည်း ဆိုသည်အား လူသားကို ထုတ်ဖော်ပြသဖို့၊ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူထားသော ဘုရားသခင် ဘာလုပ်ရမည်နည်း ဆိုသည်ကို ထုတ်ဖော်ပြသဖို့၊ လုပ်ဆောင်ရမည့် သူ၏သာသနာကို ထုတ်ဖော်ပြသဖို့အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော် အမှန်တကယ် ထင်ရှားစေဖို့ ပြောသောစကားများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။