Myanmar Movie - သွေးစွန်းသည့် မျက်ရည်များနှင့် လူငယ်တစ်ဦး
24.09.2023
တရုတ်ပြည်မကြီးတွင် ၁၉၄၉ ခုနှစ်ကတည်းက အာဏာရရှိလာခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုကို ဖိစီးနှိပ်စက်ခြင်းက သနားညှာတာမှု ကင်းမဲ့နေခဲ့သည်။ ၎င်းသည် ခရစ်ယာန်များကို ရမ်းကားကြမ်းတမ်းစွာ ဖမ်းဆီးနေခဲ့ပြီး သတ်ဖြတ်နေခဲ့သည်၊ တရုတ်ပြည်တွင် အလုပ်လုပ်နေသည့် သာသနာပြုများကို နှင်ထုတ်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သည်၊ မရေတွက်နိုင်သည့် သမ္မာကျမ်းစာအုပ် မိတ္တူများကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းယူခဲ့ပြီး ဖျက်စီးခဲ့သည်၊ အသင်းတော် အဆောက်အဦးများကို ချိတ်ပိတ်ခဲ့ပြီး ဖြိုချဖျက်စီးခဲ့သည့်အပြင်၊ အချည်းနှီးဖြစ်သည့် အိမ်အသင်းတော်များအားလုံးကို သုတ်သင်ရှင်းလင်းရန် ကြံစည်အားထုတ်ခဲ့သည်။ ဤသတင်းမှတ်တမ်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ လက်ထဲတွင် ဖိစီးနှိပ်စက်မှုကို ခံစားခဲ့ရသည့် တရုတ် ခရစ်ယာန်ဘာသာဝင် လင်းဟိုချန်မိသားစု၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြောပြထားသည်။ လင်းဟိုချန်သည် သူ၏ဖခင်ခြေလှမ်းကို လိုက်ပြီး သခင့်ကို ယုံကြည်ခဲ့ပြီး၊ ရလဒ်အဖြစ်၊ သူ့ရွာမှ စစ်သားများ သူ့အိမ်သို့မကြာခဏလာပြီး သူ၏မိဘများအနေဖြင့် သူတို့၏ယုံကြည်ခြင်းနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း ကြိုးစားမှုကို စွန့်လွှတ်ရန် ခြိမ်းခြောက်သည်ကို၊ ကလေးတစ်ယောက်အနေဖြင့် မျက်မြင်တွေ့ရှိခဲ့သည်။ လင်းဟိုချန်မိသားစုသည် နောက်ဆုံးသောကာလ ဘုရားသခင်အမှုတော်ကို လက်ခံပြီးသည့်နောက်၊ သူတို့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ပို၍ထက်သန်စွာ နှိက်ညှဉ်းပန်းခြင်းနှင့် ဖမ်းဆီးခြင်းကို ခံကြရသည်။ လင်းဟိုချန်၏ မိခင်သည် ဖမ်းစီးမှုမှ ထွက်ပြေးခဲ့သည့်အတွက် ဖျားနာပြီး သေဆုံးရ၍၊ လင်းဟိုချန်၊ သူ၏ဖခင်နှင့် သူ့အစ်ကိုတို့သည် အိမ်မှ ထွက်ပြေးရန် ဖိအားပေးခံရပြီး၊ ပြန်သွားရန် မဖြစ်နိုင်သလောက် ဖြစ်လာခဲ့သည်။ တစ်ချိန်က ပျော်ရွှင်၊ လှပခဲ့သည် မိသားစု တစ်စုသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိစီးနှိပ်စက်မှုအားဖြင့် လူစုခွဲကွဲသွားပြီး တစ်ကွဲတစ်ပြားစီ ဖြစ်ခဲ့ရသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ