Myanmar Christian Crosstalk | (ရွာကိုပိတ်ဆို့ထားခြင်း) | The Status Quo of Christians in China
11.01.2019
“ရွာအားပိတ်ဆို့လိုက်ခြင်း” ဟာသစကားပြောပွဲသည် အဒေါ်ဖြစ်သူနှင့် ဧဝံဂေလိတရားမျှဝေနေစဉ် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ သူလျှိုများမှ နောက်ယောက်ခံလိုက်ပြီး အဖမ်းခံရလုနီးနီးဖြစ်ခဲ့သည့် ခရစ်ယာန်တစ်ယောက်ဖြစ်သူ ယန်မင်၏ ဇာတ်လမ်းဖြစ်သည်။ သရုပ်ဆောင်နှစ်ယောက်တို့သည် ဧဝံဂေလိတရားကို ဟောကြားသူ တရုတ်နိုင်ငံရှိ ခရစ်ယာန်များခံစားရသည့် ဆင်းရဲဒုက္ခတို့ကို ပြသလျှက် ရှင်းလင်း၍ ရယ်ရွှင်စရာ တင်ဆက်မှုဖြင့် တင်ဆက်ထားပါသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဘာသာရေးယုုံကြည်မှုများကို တိုက်ခိုက်ခြင်းနှင့် ဖိနှိပ်ခြင်းနည်းဗျူဟာတို့သည် ဆိုးဝါးပါသည်။သူတို့၏ လှည့်ကွက်များသည် အလွန်များပြားပြီး နေရာတိုင်းတွင်း စောင့်ကြပ်ကြည့်ရှုမှုများရှိသည်။ သေးငယ်သည့်ရွာလေးများပင် ယခု သတိကြီးစွာထားနေရသည်။ အစိုးရ၏ သူလျှိုများသည် အပြင်လူများအား သိမ်းငှက်များကဲ့သို့ စောင့်ကြည့်နေသည်။ သူတို့က သေချာရှာဖွေစုံစမ်းကြပြီး ခရစ်ယာန်များစုဝေးခြင်း၊ တရားဟောခြင်းတို့ကို ပြင်းထန်စွာ ကန့်သတ်ထားသည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီအစိုးရမှ သူတို့အားမည်မျှပင် ရူးသွပ်စွာ နှိပ်ကွပ်ပါစေ၊ ခရစ်ယာန်များသည် ဘုရားသခင်မှ သူတို့အားပေးအပ်ထားသည့် ဉာဏ်ပညာနှင့်ယုံကြည်ခြင်းတို့ကို အမှီပြုပြီး ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားအား ဖြန့်ဝေကြဆဲဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ