(ဘုရားသခင်၌ ယုံကြည်ခြင်း) တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေးစက်ဝိုင်းတို့၏ ရှုတ်ချပြစ်တင်ခြင်းလမ်းစဉ်ဟာ စစ်မှန်တဲ့လမ်းစဉ်ပေလား။ အပိုင်း (၂)

(ဘုရားသခင်၌ ယုံကြည်ခြင်း) တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေးစက်ဝိုင်းတို့၏ ရှုတ်ချပြစ်တင်ခြင်းလမ်းစဉ်ဟာ စစ်မှန်တဲ့လမ်းစဉ်ပေလား။ အပိုင်း (၂)

Myanmar Gospel Movie (ဘုရားသခင်၌ ယုံကြည်ခြင်း) တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေးစက်ဝိုင်းတို့၏ ရှုတ်ချပြစ်တင်ခြင်းလမ်းစဉ်ဟာ စစ်မှန်တဲ့လမ်းစဉ်ပေလား။

လူအများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့အရ လုပ်ဆောင်ခြင်းအပေါ် အခြေခံခြင်းမရှိဘဲ စစ်မှန်တဲ့လမ်းစဉ်ကို ရှာဖွေလေ့လာကြသည်။ ထိုသို့အခြေခံမည့်အစား၊ သူတို့သည် ဘာသာရေးလောကရဲ့ ရေစီးကြောင်းတွေကိုလိုက်ကြပြီး တရုတ်ကွန်မြူနစ်အစိုးရနဲ့ ဘာသာရေးလောကတို့က ဝေဖန်ပြစ်တင်ခြင်းဟာ စစ်မှန်သော လမ်းစဉ်မဟုတ်ဘူး ဆိုတာ သူတို့ယုံကြည်ထားပါသည်၊ဒါကလျှောက်လှမ်းရန်မှန်ကန်သော လမ်းကြောင်းလား။ သမ္မာကျမ်းစာက ဆိုထားသည်မှာ" လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။" (ရှင်ယောဟန်သြဝါဒစာ ပဌမစောင် ၅:၁၉) "ဤလူမျိုးသည် ဆိုးညစ်သော အမျိုးဖြစ်၏။" (ရှင်လုကာခရစ်ဝင် ၁၁:၂၉) ထို့ကြောင့် ဘာသာမဲ့နိုင်ငံရေးအစိုးရများနှင့် ဘာသာရေးလောကတို့သည် စစ်မှန်သောလမ်းစဉ်ကို ငြင်းပယ်ရှုတ်ချမည်မှာ မလွဲဧကန်ဖြစ်၏။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုဟာ အမှုတော်ကို လုပ်ဆောင်သောအခါ ယုဒလူမျိုးများနှင့် ရောမအစိုးရတို့သည် ကိုယ်တော့်အား ထိတ်ထိတ်ပျာပျာ ဆန့်ကျင်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ရာ အဆုံးတွင် သခင်ယေရှုသည် ကားစင်တင်ခံခဲ့ရတော့သည်။ ဒါတွေဟာ ဒီအခြေအနေရဲ့ အဖြစ်မှန်တွေပဲမဟုတ်ဘူးလား။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကိုယ်တော်၏ အမှုတော်တို့ကို လုပ်ဆောင်သည့်အခါ တရုတ်အစိုးရနှင့် ဘာသာရေးလောကတို့၏ ပြင်းပြင်းထန်ထန် ဖီဆန်ခြင်း ရှုတ်ချပြစ်တင်ခြင်းတို့ကို ခံစားတွေ့ကြုံရသည်။ ယင်းသည် ဘာကိုပြသနေသနည်း။ ကျွနု်ပ်တို့အတွက် အသိတရားရဖို့ မတန်ပေဘူးလား။

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်