Myanmar Sermon Series 2022 - ချီဆောင်ခံရခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း

17.01.2022

နောက်ဆုံးသော ကာလမှာ ယုံကြည်သူအားလုံးဟာ ကိုယ်တော်နဲ့ တွေ့ဆုံဖို့အတွက် ချီဆောင်ခြင်းခံရဖို့ ကယ်တင်ရှင်မိုးတိမ်စီးပြီး ကြွဆင်းလာမှာကို တောင့်တနေကြပါတယ်။ ဒါပေမဲ့ ကပ်ဘေးကြီးတွေ ကျရောက်လာပြီးဖြစ်ပေမဲ့လည်း သခင်မိုးတိမ်စီးပြီး ပြန်ကြွလာတာကို သူတို့မကြိုဆိုရသေးပါဘူး။ လူတွေက ကပ်ဘေးတွေထဲမှာ အချိန်မရွေး သေသွားနိုင်တယ်လို့ ခံစားရရင်း ကြောက်ရွံ့နေကြပါတယ်၊ ဒါမှမဟုတ် သခင်စွန့်ပစ်သွားတာကို ခံလိုက်ရပြီလို့တောင် ခံစားနေရနိုင်ပါတယ်။ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီးဖြစ်တဲ့အပြင် နောက်ဆုံးသော ကာလမှာ သမ္မာတရားတွေကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုနေတယ်လို့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သက်သေခံနေတာဟာ သူတို့အတွက် အံ့သြစရာ ဖြစ်နေပါတယ်။ သမ္မာတရားကို တောင့်တသူများစွာကတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြတယ်၊ ဘုရားရဲ့အသံတော်ကို သတိပြုမိကြတယ်၊ ဒါ့အပြင် အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ ခြေဦးလှည့်ကြပါတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နေ့စဉ်နေ့တိုင်း စားသောက်ကြတယ်၊ နှုတ်ကပတ်တော်တွေရဲ့ အားဖြည့်ပေးတာနဲ့ ပြုစုပျိုးထောင်ပေးတာကို ခံကြရပြီး သိုးသငယ်ရဲ့မင်္ဂလာစားပွဲကို တက်ရောက်ကြတယ်။ သူတို့ဟာ ကပ်ဘေးတွေ မတိုင်ခင်မှာ ဘုရားသခင်ရဲ့ ပလ္လင်တော်ရှေ့မှောက်ဆီ ချီဆောင်ခံရသူတွေပါပဲ။ ဘာသာရေးသမားအမြောက်အမြားကတော့ ခေါင်းရှုပ်ရှုပ်နဲ့ တွေးကြတယ်။ “သခင်ယေရှုက လူတွေကို သူနဲ့ တွေ့ဆုံဖို့ ကောင်းကင်ဆီ ဆောင်ယူရမှာ မဟုတ်ဘူးလား။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ယုံကြည်သူတွေဟာ အခုထိ ကမ္ဘာပေါ်မှာ ရှိနေကြသေးတာ ရှင်းနေတာပဲ။ ဒီတော့ သူတို့ချီဆောင်ခံရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ” ဆိုပြီးပေါ့။ လူအများအပြားက ချီဆောင်ခြင်းရဲ့ အဓိပ္ပာယ်အမှန်ကို နားမလည်ကြဘဲ ချီဆောင်ခြင်းဆိုတာ ကောင်းကင်ဆီ ဆောင်ယူခံရတာကို ဆိုလိုတာမို့လို့ ကမ္ဘာပေါ်မှာ ရှိနေသေးတဲ့ ဘယ်သူမဆိုဟာ မချီဆောင်ခံရသေးဘူးလို့ ထင်ကြတယ်။ ဒါက မှန်ပါရဲ့လား။ “ချီဆောင်ခံရခြင်း” ဆိုတာ အမှန်တကယ် ဘာကို ဆိုလိုပါသလဲ။ “စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း” ရဲ့ ဒီအပိုင်းက မိတ်ဆွေကို သမ္မာတရားရှာဖွေပြီး အဖြေတွေ့ဖို့ လမ်းပြပေးပါလိမ့်မယ်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။