Christian Song - ငြိမ်သက်ခြင်းချမ်းသာထဲသို့ လူသားမျိုးနွယ် ဝင်ရောက်သောအခါကျူး

10.08.2026

လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့် မကောင်းမှုပြုသူများသည် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည်ဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးသည် လမ်းမှန်ပေါ်သို့ ရောက်ရှိနေမည် ဖြစ်သည်၊ လူအမျိုးအစားအားလုံးသည် ၎င်းတို့ ထမ်းဆောင်သင့်သော လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်းခံရမည်။ ဤသည်သာလျှင် လူသားမျိုးနွယ်၏ ငြိမ်သက်ခြင်းချမ်းသာ နေ့ရက် ဖြစ်လိမ့်မည်၊ ဤသည်သာလျှင် လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မလွှဲမရှောင်သာသော လမ်းကြောင်း ဖြစ်သည်။ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်သောအခါမှသာလျှင် ဘုရား၏ ကြီးမြတ်သောအလုပ်သည် အဆုံးစွန်တွင် ပြီးမြောက်ခြင်းသို့ ဆောင်ကြဉ်းခြင်းခံရမည်၊ ဤသည်မှာ ကိုယ်တော်၏ အလုပ်၏ နောက်ဆုံးအပိုင်း ဖြစ်လိမ့်မည်။ ဤအလုပ်သည် လူသားမျိုးနွယ်၏ ဇာတိပကတိနှင့်ဆိုင်သော ယိုယွင်းပျက်စီးသည့် အသက်တာအားလုံးကိုအပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အသက်တာကိုပါ အဆုံးသတ်စေလိမ့်မည်။ ထိုအချိန်မှစ၍ လူသားများသည် ဘုံအသစ်တစ်ခုထဲသို့ ဝင်ရောက်ကြလိမ့်မည်။

လူသားအားလုံးသည် ဇာတိပကတိ၌ အသက်ရှင်ကြမည် ဖြစ်သော်လည်း ဤအသက်တာ၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အသက်တာသည် သိသိသာသာ ကွဲပြားခြားနားလိမ့်မည်။ ဤဖြစ်တည်မှု၏ အရေးပါအရာရောက်မှုနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှု၏ အရေးပါအရာရောက်မှုသည်လည်း ကွဲပြားသည်။ ဤသည်မှာ လူအမျိုးအစားသစ်တစ်မျိုး၏ အသက်တာ ဖြစ်မည်မဟုတ်သော်လည်း ယင်းသည် ကယ်တင်ခြင်းခံရပြီးဖြစ်သော လူသားမျိုးနွယ်၏ အသက်တာဖြစ်သည့်အပြင် လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို ပြန်လည်ရရှိသော အသက်တာတစ်ခုလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသူများသည် တစ်ချိန်က ဘုရားကို ပုန်ကန်ခဲ့သောသူများ၊ ဘုရား၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီးနောက် ကိုယ်တော်၏ ကယ်တင်ခြင်းကို ခံခဲ့ရသောလူများ ဖြစ်ကြလိမ့်မည်၊ ဤသူများသည် ဘုရားကို ဂုဏ်အသရေပျက်စေခဲ့ပြီး နောက်ပိုင်းတွင် ကိုယ်တော်အတွက် သက်သေခံခဲ့သောသူများ ဖြစ်ကြလိမ့်မည်။ ကိုယ်တော်၏ စမ်းသပ်မှုကို တွေ့ကြုံခံစားကာ ကျန်ရစ်ပြီးနောက် ၎င်းတို့၏ ဖြစ်တည်မှုသည် အဓိပ္ပာယ်အရှိဆုံးသော ဖြစ်တည်မှု ဖြစ်လိမ့်မည်၊ ၎င်းတို့သည် စာတန်၏ ရှေ့မှောက်တွင် ဘုရားအတွက် သက်သေခံခဲ့သောသူများ၊ အသက်ရှင်ထိုက်သော လူသားများ ဖြစ်ကြလိမ့်မည်။

စာတန်သည် လုံးဝ ကျဆုံးပြီးသည့်နောက် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ တစ်ဖန် နှောင့်ယှက်လိမ့်မည် မဟုတ်သောကြောင့် လူသားများသည် စာတန်ဆန်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိတော့မည် မဟုတ်ပေ။ ပုန်ကန်သော ထိုလူတို့သည် ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်၊ ပြီးလျှင် ကျိုးနွံနာခံသော လူများသည်သာ အသက်ရှင်သန်ကျန်ရှိလိမ့်မည်။ ထိုသို့ဖြင့် အလွန်နည်းပါးသော မိသားစုများသည် မပျက်စီးဘဲ ရှင်သန်လိမ့်မည်။ ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများသည် အဘယ်သို့ ဆက်လက် တည်ရှိနိုင်မည်နည်း။ လူသားမျိုးနွယ်၏ ယခင် ဇာတိပကတိ အသက်တာသည် လုံးဝ တားမြစ်ခံရလိမ့်မည်။ စာတန်ဆန်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိဘဲ လူသား အသက်တာသည် အတိတ်၏ အသက်တာဟောင်း ဖြစ်တော့မည် မဟုတ်ဘဲ ယင်းထက် အသစ်သော အသက်တာတစ်ခု ဖြစ်လိမ့်မည်။ လတ်တလောတွင် လူများကြား၌ ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများ တည်ရှိသော်လည်း အယောက်တိုင်း ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများ ရှိတော့မည်မဟုတ်ပေ။ ဤသို့သော လူသားမျိုးနွယ်သည်သာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ပိုင်ဆိုင်လိမ့်မည်။ ဤလူသားမျိုးနွယ်မျိုးသည်သာ ဘုရားကို ကိုးကွယ်နိုင်ပေသည်။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။