Myanmar Christian Movie Trailer - နားခိုရာအိမ် ဘယ်မှာလဲ

ဝမ်းရာ အသက် (၂) နှစ်ခန့်အရွယ်မှာ မိဘတွေက ကွာရှင်းခဲ့ကြပြီးနောက် သူမရဲ့ အဖေနှင့် မိထွေးဖြစ်သူတို့နှင့်အတူ နေထိုင်ခဲ့ပါတယ်။ သူမရဲ့ မိထွေးက သူမအပေါ် သည်းမခံခဲ့တာကြောင့် အဖေဖြစ်သူနဲ့ အမြဲ စကားများလေ့ရှိပါတယ်။ အဖေဖြစ်သူမှာ ရွေးချယ်စရာသိပ်မရှိခဲ့ဘူး။ ဝမ်းရာကို သူမရဲ့ အမေအိမ်ကို ပို့ခဲ့ပေမယ့်လည်း အမေက စီးပွားရေးနှင့်အလုပ်ရှုပ်နေပြီး ဝမ်းရာကို ဂရုစိုက်ဖို့အချိန်မပေးနိုင်ခဲ့ပါ။ ဒါကြောင့် မကြာခဏဆိုသလို သူမရဲ့ ဆွေမျိုး၊ သူငယ်ချင်းတွေ အိမ်ကို မကြာခဏ သွားပို့လေ့ရှိပါတယ်။ တခြားသူရဲ့ အိမ်မှာမွေးစားခံ ဘဝနဲ့ နှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် ဝမ်းရာလေးတစ်ယောက် အထီးကျန်၊ မျှော်လင့်ချက်မဲ့လာခဲ့ကာ နွေးထွေးသော ခိုနားရာအိမ်လေး တစ်လုံးကို တောင့်တလာခဲ့ပါတယ်။ အဖေဖြစ်သူနှင့် မိထွေးဖြစ်သူတို့ ကွာရှင်ပြီးနောက် အဖေဘေးမှာ ပြန်လည်နေထိုင်ခဲ့ပြီး ကောင်းကောင်းဆိုးဆိုး နားခိုရာအိမ်တစ်လုံး ရလာခဲ့ပါတယ်။

ဝမ်းရာအရွယ်ရောက်လာတဲ့အခါ အလွန်သတိရှိပြီး အနွံတာခံသလို စာကိုလည်းကြိုးစားခဲ့တယ်။ တက္ကသိုလ်ဝင်ခွင့်အတွက် များစွာကြိုးစား ပြင်ဆင်ခဲ့ပေမယ့် ကံဆိုးမှုတစ်ခုရောက်လာခဲ့တယ်။ အမေဖြစ်သူ ဦးနှောက်သွေးယိုမှုဖြစ်ခဲ့ပြီး အကြောသေကာ ရောဂါကြောင့် အိပ်ရာမှမထနိုင် ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပထွေးဖြစ်သူမှာလည်း သူမအမေဖြစ်သူကို ပစ်ထားခဲ့ပြီး အမေဖြစ်သူရဲ့ ပိုင်ဆိုင်သမျှအားလုံးကို အပိုင်စီးသွားခဲ့တယ်။ အဲ့ဒီနောက် သူမရဲ့ အဖေကလည်း အသည်းကင်ဆာနဲ့ ဆေးရုံတက်ခဲ့ရတယ်.... ဝမ်းရာအနေနဲ့ အိမ်ထောင်စုတစ်ခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကိုထမ်းနိုင်ဖို့ မဖြစ်နိုင်တာကြောင့် ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို အကူအညီတောင်းခံခဲ့ပေမယ့်လည်း လက်လျှော့ခဲ့ရပါတယ်။

ဝမ်းရာမှာ အားကိုးစရာမရှိဘဲ ဒုက္ခရောက်ခဲ့ရပြီး ဘုရားကျောင်းက ညီအစ်မနှစ်ဦးက ဝမ်းရာနဲ့ သူမရဲ့ အမေဖြစ်သူနဲ့ အမဖြစ်သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး သက်သေခံခဲ့တယ်။ သူတို့ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှတဆင့် လူသားတို့ ဘဝတွေရဲ့ နာကျင်မှု အရင်းအမြစ်ကို သိရှိနားလည်ခဲ့ကြပြီး၊ ဘုရားသခင်ရဲ့ ရှေ့တော်မှောက် လာရောက်မှသာ ဘုရားသခင်ကွယ်ကာမှုနဲ့ ပျော်ရွှင်တဲ့ဘဝကို ရရှိမယ်လို့ နားလည်သဘောပေါက် ခဲ့ကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်သိမ့်မှုကြောင့်ပဲ အမေဖြစ်သူနဲ့ သမီးတို့ဟာ သူတို့ရဲ့ နာကျင်မှုနဲ့ အကူအညီမဲ့မှုတို့ကနေ ရုန်းထွက်လာခဲ့ကြတယ်။ ဝမ်းရာဟာ ဘုရားသခင်ရဲ့ ကရုဏာနဲ့ ချစ်ခြင်းမေတ္တာကို စစ်မှန်စွာ ခံစားခဲ့ရပြီး၊ အိမ်လေးတစ်လုံးရဲ့ နွေးထွေးမှုကို ခံစားခဲ့ရသလို မှန်ကန်တဲ့ ခိုနားရာအိမ်လေးသို့ ဝင်ရောက်လာခဲ့တယ်....

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။