သူမကို လမ်းအဆုံးရောက်အောင် ဘယ်သူ တွန်းအားပေးခဲ့တာလဲ

24.11.2018

တရုတ်ပြည်မကြီးတွင် ၁၉၄၉ ခုနှစ်ကတည်းက အာဏာရရှိလာခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုကို ဖိစီးနှိပ်စက်ခြင်းက သနားညှာတာမှု ကင်းမဲ့နေခဲ့သည်။ ၄င်းသည် ခရစ်ယာန်များကို ရမ်းကားကြမ်းတမ်းစွာ ဖမ်းဆီးနေခဲ့ပြီး သတ်ဖြတ်နေခဲ့သည်၊ တရုတ်ပြည်တွင် အလုပ်လုပ်နေသည့် သာသနာပြုများကို နှင်ထုတ်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သည်၊ မရေတွက်နိုင်သည့် သမ္မာကျမ်းစာအုပ် မိတ္တူများကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းယူခဲ့ပြီး ဖျက်စီးခဲ့သည်၊ အသင်းတော် အဆောက်အဦးများကို ချိတ်ပိတ်ခဲ့ပြီး ဖြိုချဖျက်စီးခဲ့သည့်အပြင်၊ အချည်းနှီးဖြစ်သည့် အိမ်အသင်းတော်များအားလုံးကို သုတ်သင်ရှင်းလင်းရန် ကြံစည်အားထုတ်ခဲ့သည်။ ဤမှတ်တမ်းဗီဒီယိုသည် ဘုရားသခင်ကိုယုံကြည်ပြီး သူမ၏ အမှုတော်ကို ထမ်းဆောင်သောကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲတို့၏ ဖမ်းဆီးခြင်းကိုခံရပြီး လူမဆန်စွာနှိပ်စက်မှုပေါင်းစုံကို ခံခဲ့ရပြီးနောက် နောက်ဆုံးတွင် အလုပ်သမားစခန်း၌ အဆုံးစီရင်ခဲ့ရသည့် တရုတ်ပြည်မကြီးတွင်ရှိသည့် ကောင်းယုဖန်ဆိုသည့် ခရစ်ယာန်တစ်ယောက်၏ ဇာတ်လမ်းကို ဖော်ပြထားသည်။ ဤရုပ်ရှင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဆိုးဝါးသည့် စည်းမျဉ်းအောက်တွင် ဖမ်းဆီးအကျဉ်းချခံရသည့် ခရစ်ယာန်များ ယုတ်မာစွာအနိုင်ကျင့်ခံရမှု၊ လူမဆန်သည့်ဖိနှိပ်မှုကိုခံရမှုတို့ကို အမှန်တကယ်ထင်ဟပ်စေပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဘုရားသခင်ကို မုန်းတီးပြီး ခရစ်ယာန်များကို သတ်ဖြတ်သည့် မကောင်းဆိုးဝါးအတွင်းစိတ်ကို ထုတ်ဖော်ပြသထားသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။