ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ

ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ

14069 |27.04.2019

ကူရှိုချန်းဟာ တရုတ်နိုင်ငံက အိမ်ဘုရားကျောင်းတစ်ခုမှာ သင်းအုပ်ဆရာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်သက်ဝင်ပြီး တရားဟောချက်များကို တစ်သမတ်တည်း လုပ်ဆောင်ခဲ့ကာ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ခြင်းကြောင့် ၁၂ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။ အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ ကူရှိုချန်းဟာ အသင်းတော်မှာ ဆက်လက်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူရှိုချန်းနှင့် သက်ဆိုင်တဲ့ အသင်းတော်ကို နိုင်ငံတော်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရောက်ရှိလာတဲ့အခါမှာတော့ သူဟာ ရှာဖွေလေ့လာခြင်း လုံးဝမရှိဘဲ ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လက်ရာကို ပြစ်တင်ရှုတ်ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အယူအဆများနဲ့ အထင်အမြင်များကိုသာ ခေါင်းမာမာနဲ့ ယုံကြည်နေခဲ့တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတို့ကို မှန်ကန်သော လမ်းစဉ်ကို လက်ခံခြင်းကို နှောင့်ယှက်ပိတ်ပင်ဖို့ရန်အလို့ငှာ အယူအဆများနဲ့ ယုတ္တိအမှားများကို ဖြန့်နှံ့ရန် သူအတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးတဲ့နောက် ကူရှိုချန်းဟာ နှုတ်ကပတ်တော်တို့ဟာ အမှန်တကယ် သြဇာအာဏာနဲ့ တန်ခိုးရှိကြပြီး ကြားနာရသူတိုင်း လက်ခံယုံကြည်ကြမည်ကို သိရှိခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များကို ဖတ်ရှုသူ ဘယ်သူမဆို ဘုရားသခင်ကို ယုံကြည်သက်ဝင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့တယ်။ သူရဲ့ဂုဏ်ဒြပ်နဲ့ သူ့အသက်မွေးဝမ်းကြောင်းကို ဆက်လက်မထိန်းထားနိုင်မည်ကို ပူပင်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို သင်းထောက်ဝမ်စင်းအပါအဝင်၊ တခြားလူများနဲ့ ဘုရားကျောင်းထဲမှာ တိုင်ပင်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရ အသုံးပြုတဲ့ ကောလာဟလများနဲ့ လူတွေကို လှည့်စားကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူရှိုချန်းနဲ့ ဝမ်စင်းတို့ဟာ အသင်းတော်တွေကို ပိတ်သိမ်းဖို့နဲ့ လူများ မှန်ကန်သော လမ်းစဉ်ကို မလိုက်နိုင်ရန် ပိတ်ပင်ဖို့ရန် အဆုံးစွန်ထိ လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူပေါင်းပြီး ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံတဲ့ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပြင်းပြင်ထန်ထန် ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်း အမင်္ဂလာဖြစ်နိုင်ပါတယ်။ ဝမ်စင်းဟာ နိုင်ငံတော်ရဲ့ သတင်းကောင်းတို့ကို ဖြန့်ဝေနေသူအချို့ကို ဖမ်းဆီးရန် သွားရာလမ်းတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကူရှိုချန်းကတော့ ကြောက်လန့်တကြားနဲ့ ကြံရာမရနေထိုင်နေရပြီး ကျီးလန့်စာစားဖြစ်နေပါတော့တယ်။ "ငါ့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဘုရားသခင်ဟာ ထပ်မံကားစင်အတင်ခံရလေသလား" လို့ သူ့ကိုယ်သူ မကြာခဏပြောနေတတ်ပါတယ်။

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

နောက်ထပ်ပြပါ။
သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်