Myanmar Sermon Series - အဘယ်ကြောင့် ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်း အမှုကို ပြုသနည်း

10.04.2022

ကပ်ဘေးတွေက ပိုဆိုးလာနေပြီး ယုံကြည်သူအားလုံးက သခင်ယေရှုကြွလာမှာ၊ သခင်နဲ့တွေ့ဖို့ ကောင်းကင်ဆီ ချီမခံရမှာ၊ ပြီးတော့ ဒီကပ်ဘေးတွေရဲ့ ဒုက္ခကနေ အမြန်ဆုံး လွတ်မြောက်မှာကို စိတ်ထက်ထက်သန်သန်နဲ့ မျှော်လင့်စောင့်စားနေကြပါတယ်။ ဒါပေမဲ့ ဒီနေ့ထိတောင် သခင်ယေရှု မိုးတိမ်စီး ကြွဆင်းလာတာကို သူတို့မမြင်ရသေးဘူး၊ အဲဒါက လူတော်တော်များများကို စိတ်ပျက်စေခဲ့ပါတယ်။ ဒါပေမဲ့ သခင့်ရဲ့ မိုးတိမ်စီး ကြွရောက်လာခြင်းကို ကြိုဆိုရမဲ့အစား သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုကို လုပ်ဆောင်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ သခင်ပြန်ကြွလာပြီလို့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ထပ်တလဲလဲ သက်သေခံတာကို မြင်ရတော့ လူတွေအတွက် လုံးဝ အံ့အားသင့်စရာ ဖြစ်သွားရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏က တစ်ကမ္ဘာလုံးကို အလင်းပေးရင်းနဲ့ အရှေ့အရပ်ကနေ အနောက်အရပ်ကို စစ်မှန်တဲ့ အလင်းလို တောက်ပသွားပါတယ်။ ပြီးတော့ သမ္မာတရားကို ချစ်ပြီး ဘုရားရဲ့ ပေါ်ထွန်းခြင်းကို တမ်းတသူတွေဟာ အလင်းဆီကို လာကြတယ်၊ ဘုရားရဲ့ အသံတော်ကို ကြားကြပြီး သိုးသငယ်ရဲ့ မင်္ဂလာဆောင်စားပွဲတော်ကို တက်ကြပါတယ်။ ဒီအချက်တွေက လူတိုင်းကို အံ့ဩသွားစေခဲ့တယ်- “အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက တကယ်ပဲ ဘုရားရဲ့ သရုပ်သကန်နဲ့ အမှုတော်လား။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက လူသားမျိုးနွယ်ကို စကားပြောနေတဲ့ ဖန်ဆင်းရှင်ရဲ့ အသံများ ဖြစ်နိုင်မလား။ ဘုရားက ဘာလို့ နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်းအမှု ပြုတာလဲ။ ကျွန်တော်တို့က ကိုယ့်အပြစ်တွေအတွက် ခွင့်လွှတ်ခံရပြီးပြီဖြစ်သလို ဘုရားက ဖြောင့်မတ်ရာ ရောက်စေပြီလေ၊ ဒီတော့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ဘာလို့ တွေ့ကြုံဖို့ လိုတာလဲ” လို့ပေါ့။ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်းရဲ့ ဒီအပိုင်းထဲမှာ ဒီအရာကို ကျွန်တော်တို့အတူ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး တရားစီရင်ခြင်းနဲ့ဆိုင်တဲ့ ဘုရားအမှုတော်ရဲ့ ရည်ရွယ်ချက်အကြောင်း ပိုပြီး သင်ယူလို့ရပါတယ်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။