Myanmar Sermon Series - နောက်ဆုံးသောကာလ သခင်ပြန်လာသည့်အခါတွင် အဘယ်ကြောင့် တရားစီရင်ခြင်းအမှုတော်ကို သူ ဆောင်ရွက်မည်နည်း

18.03.2022

လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ က သခင်ယေရှုသည် လူသားမျိုး နွယ်အား ၎င်းတို့၏အပြစ်များမှ ရွေးနှုတ်ကယ်တင်ရန် လူ့ဇာတိခံပြီး လက်ဝါးကပ်တိုင်တွင် အသတ်ခံခဲ့ကာ၊ အပြစ်များအတွက် ယစ်ပူဇော်ခံ ပြီး သူ၏ရွေးနှုတ်ကယ်တင်ခြင်းအမှုတော်အား ပြီးဆုံးအောင် ဆောင် ရွက်ခဲ့သည်။ သခင့်အား ယုံကြည်သူများသည် ၎င်းတို့၏အပြစ်များ အားလုံး ခွင့်လွှတ်ခံရပြီးဖြစ်သကဲ့သို့၊ ကိုယ်တော့်အနေနှင့် ၎င်းတို့အား အပြစ်သားများအဖြစ် မမြင်တော့ဘဲ၊ သူပြန်လာချိန်တွင် ၎င်းတို့အား ကောင်းကင်နိုင်ငံတော်ဆီ တိုက်ရိုက်ခေါ်ဆောင်သွားမည်ဟု ၎င်းတို့ က ထင်မြင်ယူဆကြသည်။ ထို့ကြောင့် လူတို့သည် ကောင်းကင်အား အမြဲမော့ကြည့်လျက် ရုတ်တရက် ၎င်းတို့အား ကောင်းကင်နိုင်ငံတော် ထံ ချီဆောင်သွားပြီး သခင်နှင့် တွေ့ခွင့်ရမည့်နေ့အား စောင့်နေကြ သည်။ သို့သော် ၎င်းတို့အား အကြီးအကျယ်အံ့ဩသွားစေသည်မှာ ၎င်း တို့သည် ဘေးဒုက္ခကြီးများ စတင်ဖြစ်ပွားသည်ကို ကြည့်နေကြချိန်တွင် သခင် တိမ်စီးပြီးလာသည်ကို ၎င်းတို့ မတွေ့ရသေးပါ။ ၎င်းအစား အရှေ့ အရပ်မှ လျှပ်ပြက်ခြင်းသည် သခင်ပြန်ကြွလာခဲ့ပြီ၊ သူသည် လူ့ဇာတိခံ ထားသည့် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သည်ဟု တသမတ်တည်း သက်သေခံလျှက်ရှိပြီး သူသည် သမ္မာတရားများအား ဖော်ပြလျှက်ရှိ ကာ ဘုရားသခင်၏အိမ်တော်မှ စပြီး တရားစီရင်ခြင်းအမှုတော်အား ဆောင်ရွက်နေသည့်အပြင်၊ သူသည် အောင်မြင်သောသူများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်းခဲ့ပြီးဖြစ်သည်ဟု သက်သေခံနေသည်။ ၎င်း သည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် လုံးဝဆန့်ကျင်နေ သည်။ ထို့ကြောင့် သခင်ယေရှုသည် လူသားမျိုးနွယ်အား ရွေးနှုတ် ကယ်တင်ပြီးဖြစ်၍ သူ၏ကြီးမားသည့်အမှုတော်သည် ပြီးစီးပြည့်စုံခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် တရားစီရင် ခြင်းအမှုတော်အား အဘယ်ကြောင့် ဆောင်ရွက်ရန် လိုအပ်သနည်းဟူ၍ လူအများက မေးကြသည်။ ယနေ့အပိုင်းဖြစ်သည့် စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်းကနေ သမ္မာတရားကို ရှာဖွေပြီး အဖြေကို အတူကတွ ရှာကြပါစို့။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။