သမ္မာတရားကို သင် မလိုက်စားသည့်အခါ ပေါလု၏ လမ်းကြောင်းကို သင်လျှောက်ပေသည်
၁ ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏ - “ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဆောင်ရွက်ရမည်။” ဤအရာကို ကောင်းချီးခံစားရခြင်း ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ ဆုလာဘ်များကို ရရှိုခြင်း ရည်ရွယ်ချက်အတွက်၊ သရဖူရရှိခြင်းအတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော ပုံဥပမာတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ နေရာတကာ ၎င်းတို့ ကြွားဝါကြသည့် အယူဝါဒနှင့်ဆိုင်သော စကားလုံးအချို့တို့သာ ဧကန်မုချ ပါရှိုလေသည်။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။
၂ ဘုရားသခင်၌ ထိုသို့သောလူတို့၏ ယုံကြည်မှုမှာ အတောမသတ်သော အလုပ် ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ထို့အပြင်၊ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေဖြစ်ကာ၊ ဘုရားသခင်၏ အိမ်တော်တွင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာကို ၎င်းတို့ သေချာပေါက် ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ ဥပက္ခာပြုနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ဘုရားသခင်၏ ကောင်းချီးအခံစားရဆုံးသူများ- အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများ- အလယ်တွင် ၎င်းတို့ ရှိကြလိမ့်မည်ဖြစ်ပြီး သရဖူကို သေချာပေါက် ရကြလိမ့်မည်ဟု ၎င်းတို့ ခံစားကြလေသည်။
၃ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထိုသို့သော အတွေးများနှင့် ရည်ရွယ်ချက်များက စာတန်၏ သဘာဝဗီဇမှ ပေါ်ပေါက်ပေသည်။ လူတို့သည် စာတန်ဆန်သော သဘာဝဗီဇတစ်ခု ရှိကြသည်၊ ထို့ကြောင့် အပြင်လောကထဲတွင်၊ အသိပညာ၊ အဆင့်အတန်း၊ သညာနှင့် လောကီရေးရာ အောင်မြင်မှုတို့ကို ၎င်းတို့ လိုက်စားကြလိမ့်မည်။ ဘုရားသခင်၏ အိမ်တော်ထဲတွင်၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် ၎င်းတို့ အသုံးခံဖို့၊ သစ္စာရှိဖို့ နှင့် နောက်ဆုံးတွင် သရဖူနှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သူများ ဖြစ်လာကြပြီးနောက် သမ္မာတရားကို မလိုက်စားသကဲ့သို့ ၎င်းတို့၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခု မရှိခဲ့ကြပါလျှင်၊ ဤလမ်းကြောင်းပေါ် ၎င်းတို့ သေချာပေါက်ရှိကြပေလိမ့်မည်။ ဤသည်မှာ မည်သူမျှ ငြင်းမရနိုင်သည့် လက်တွေ့အရှိတရားတစ်ခု ဖြစ်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်းလျှောက်လှမ်းနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။