ဘုရားသခင်၌ အောင်မြင်သော ယုံကြည်ခြင်း၏ လမ်းကြောင်းကျူး
၁ ပေါလုနှင့် ပေတရုတို့၏ ပန်းတိုင်များအား ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ခြင်း ရှိ၊ မရှိနှင့် တိုင်းထွာသည် ဖြစ်ပြီး၊ ၎င်းတို့၏ ပံ့ပိုးကူညီမှု အရွယ်အစားအရ တိုင်းထွာသည် မဟုတ်ပေ။ ၎င်းတို့၏ ပန်းတိုင်များသည် အစအဦးကတည်းမှ ၎င်းတို့ ဖွေရှာခဲ့သော အရာနှင့်အညီ သတ်မှတ်ခံရသည် ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များနှင့် သတ်မှတ်သည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းပင်ဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းကို ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်းပင် ဖြစ်သည်။ တစ်ယောက်သောသူ၏ ဟောင်းသော စိတ်သဘောထားအတွင်း ပြောင်းလဲမှုများနှင့် ဘုရားသခင်၏ သန့်စင် သော ချစ်ခြင်းကို ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းပင် ဖြစ်သည်။
၂ ထိုကဲ့သို့သော အောင်မြင် မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ နဂိုမူလ အသွင်အပြင်နှင့် နဂိုမူလ တာဝန်တို့ကို ပြန်လည်ရယူနိုင်မည့် လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်လည်ရယူသည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းသည် အစအဦးမှစ၍ အဆုံးတိုင်အောင် ဘုရားသခင် အလုပ်အားလုံး၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ အကယ်၍ လူ၏ လိုက်ခြင်းသည် မိမိ၏ အတောမသတ်နိုင်သော တောင်းဆိုမှုများနှင့် ယုတ္တိ ကင်းမဲ့သော တောင့်တခြင်းများနှင့် စွန်းထင်းနေပါက၊ ပြီးမြောက်အောင်မြင်သည့် ရလဒ်သည် လူ၏ စိတ် သဘောထား၌ ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည် မဟုတ်။ ဤအရာသည် ပြန်လည်ရယူသည့် အလုပ်နှင့် ဆန့်ကျင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လုပ်ဆောင်သည့် အလုပ် ဧကန်မုချ မဟုတ်ပေ၊ ထို့ကြောင့် ဤကဲ့သို့သော လိုက်ခြင်းမျိုးသည် ဘုရားသခင်၏ နှစ်သက်သည့်အရာမျိုး မဟုတ်ကြောင်း သက်သေပြနေသည်။ ဘုရားသခင်မှ မနှစ်သက်သော လိုက်လျှောက်ခြင်းသည် အဘယ်အရေးပါမှု ရှိမည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။