ပေတရုနှင့် ပေါလုတို့ လိုက်လျှောက်သည့် လမ်းကြောင်းများကို သင် သိသလော
၁ ပေါလု၏ လမ်းကြောင်းကို လိုက်ဖို့ သင် စီစဉ်ထားပြီး မဖြစ်နိုင်သော်လည်း၊ ဤလမ်းကြောင်း သင် လျှောက်လှမ်းကာ မရည်ရွယ်ဘဲနှင့် ထိုဦးတည်ချက်ထဲ သင် သွားရန် သင်၏ သဘာဝက ပြဋ္ဌာန်းထားသည်။ ပေတရု၏ လမ်းကြောင်းပေါ် သင် ခြေချလိုသော်လည်း၊ ယင်းကို လုပ်ဆောင်ရမည့်ပုံနှင့်ပတ်သက်၍ သင် မရှင်းလင်းလျှင်၊ ပေါလု၏ လမ်းကြောင်းပေါ် သင် အမှတ်တမဲ့ လျှောက်လှမ်းမိပေလိမ့်မည်။ ဤသည်မှာ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားဖြစ်သည်။ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းဆီသို့သွားသည့် လမ်းကြောင်းကို ဘုရားသခင်က ယခု သင်တို့ထံ ထုတ်ဖော်ပြပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချီးမြောက်ခြင်းဖြစ်ပြီး ပေတရု၏ လမ်းကြောင်းပေါ် သင့်ကို လမ်းပြသည်မှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းပေးခြင်းမရှိဘဲ၊ ပေတရု၏ လမ်းကြောင်းကို မည်သူမျှ လျှောက်လှမ်းနိုင်လိမ့်မည်မဟုတ်ပေ။ တစ်ခုတည်းသော ရွေးချယ်စရာမှာ ပျက်စီးခြင်းဆီသို့ ပေါလု၏ ခြေလှမ်းများကို လိုက်လျှောက်ရင်း ပေါလု၏လမ်းကြောင်းအတိုင်း လိုက်လိမ့်မည်။
၂ ပေါလု၏ လမ်းကြောင်းတွင် မိမိကိုယ်ကိုယ် သိရှိခြင်း သို့မဟုတ် စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို လိုက်စားခြင်း မပါဝင်ပေ။ မိမိ၏ ကိုယ်ပိုင်သဘာဝဗီဇကို သူ ဘယ်သောအခါမျှ မစိစစ်ခဲ့သကဲ့သို့ သူ မည်သည့်အရာဖြစ်သည်နှင့်ဆိုင်သော အသိပညာ မရှိခဲ့ပေ။ ယေရှု၏ နှိပ်စက်ညှဉ်းပန်းခံရခြင်းတွင် သူက အဓိကလက်သည်ဖြစ်ခဲ့သည်ကိုသာ သူ သိခဲ့သည်။ မိမိ၏ ကိုယ်ပိုင် သဘာဝဗီဇကို စိုးစဉ်းမျှ သူ သိနားလည်ခြင်း မရှိခဲ့ပေ၊ ပြီးလျှင် သူ၏ အလုပ်ပြီးစီးသည့်နောက်တွင်၊ သူက ခရစ်တော်ဖြစ်ပြီး ဆုလာဘ်ချီးမြှင့်ခံရသင့်သည်ဟု ခံစားခဲ့သည်။ ရှင်ပေါလု လုပ်ဆောင်ခဲ့သည့်အလုပ်မှာ ဘုရားသခင်ကို ပေးသည့် အစေခံမှုတစ်ခုမျှသာ ဖြစ်သည်။ ပေါလု ကိုယ်တိုင်အတွက်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဗျာဒိတ်အချို့ ရရှိခဲ့သော်လည်း၊ သူ၌ သမ္မာတရား သို့မဟုတ် အသက် လုံးဝ မရှိခဲ့ပေ။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်း မခံခဲ့ရပေ။ ဘုရားသခင် ပြစ်ဒဏ်ပေးသည်ကို သူခံခဲ့ရသည်။
၃ ပေတရု၏ လမ်းကြောင်းမှာ စုံလင်ခြင်းဆီသို့သွားသည့် လမ်းကြောင်းဖြစ်သည်။ သူ၏ လက်တွေ့လုပ်ဆောင်မှုတွင်၊ အသက်တာအပေါ်၊ ဘုရားသခင်နှင့် မိမိကိုယ်ကိုယ် သိရှိဖို့ ကြိုးစားခြင်းအပေါ် သူ အထူးသဖြင့် အာရုံစိုက်ခဲ့သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော သူ၏ အတွေ့အကြုံမှတဆင့်၊ မိမိကိုယ်ကိုယ်မိမိ သိရှိလာခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို သိနားလည်မှုတစ်ခု ရရှိခဲ့သည်၊ သူ၏ အားနည်းချက်များကို သဘောပေါက်ခဲ့ပြီး လူတို့ လိုက်စားသင့်သည့် တန်ဖိုးအရှိဆုံးအရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ဘုရားသခင်ကို သူ ရိုးသားစစ်မှန်စွာ ချစ်နိုင်ခဲ့သည်၊ ဘုရားသခင်ကို မည်သို့ကျေးဇူးဆပ်ရမည်ကို သူ သိခဲ့သည်၊ သမ္မာတရားအချို့ကို သူ ရရှိခဲ့ပြီး ဘုရားသခင် တောင်းဆိုသည့် စစ်မှန်မှုကို ပိုင်ဆိုင်ခဲ့သည်။ သူ၏ စမ်းသပ်မှုများအတွင်း သူ ပြောခဲ့သည့်အရာများအားလုံးမှ၊ ပေတရုသည် အမှန်ပင် ဘုရားသခင်ကို နားအလည်ဆုံးသော သူတစ်ဦးဖြစ်ခဲ့သည်ကို မြင်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားများစွာကို သူ အလွန်နားလည်သောကြောင့်၊ သူ၏ လမ်းကြောင်းက တောက်ပသထက် တောက်ပလာခဲ့ပြီး ဘုရားသခင်၏ အလိုတော်နှင့် ပိုမိုကိုက်ညီလာခဲ့သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်းလျှောက်လှမ်းနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။