၇၅၀ အောင်မြင်မှု၊ ဆုံးရှုံးမှုသည် လူလျှောက်သော လမ်းအပေါ်မူတည်၏ကျူး
၁ လူအများစုသည် ၎င်းတို့၏ အနာဂတ် ပန်းတိုင်အတွက်၊ သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့် ပြုပြင်ဆုံးမခြင်းကိုမျှ မခံယူကြသော ထိုသူတို့အတွက်မူ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့ ဝင်ရောက်ရန်အတွက်၊ ဆုလာဘ်များ ရရှိနိုင်ရန် အတွက်သာ ဖြစ်သည်။ ယင်းမှာ ပြီးပြည့်စုံလင်စေခြင်း ခံရရန်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အတွက်လည်း မဟုတ်ပါ။ ပြောရမည်ဆိုလျှင် လူအများစုသည် ၎င်းတို့၏ ဝတ္တရားကို ဖြည့်ဆည်းရန် အလို့ငှာ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ပြည့်စုံစေရန် အလို့ငှာ ဘုရားသခင်အား ယုံကြည်ကြခြင်း မဟုတ်ပေ။ လူများသည် အဓိပ္ပာယ် ပြည့်ဝသော အသက်တာကို နေထိုင် နိုင်ရန် ဘုရားသခင်အား ယုံကြည်ကြသည်မှာ ကြုံတောင့် ကြုံခဲပင် ဖြစ်ပြီး၊ လူသည် အသက်ရှင်သည့်အတွက် သူသည် ဘုရားသခင်အား ချစ်သင့်သည်၊ အကြောင်းမှာ ယင်းသို့ ပြုခြင်းသည် ကောင်းကင်ဘုံ၏ ဥပဒေသနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်သောကြောင့် ဖြစ်ပြီး၊ ယင်းသည် လူ၏ ပင်ကိုယ် လုပ်ငန်းဆောင်တာပင် ဖြစ်သည်ဟူ၍ ယုံကြည်သော သူများလည်း မရှိပါ။
၂ လွန်ခဲ့သော နှစ်ထောင်ချီများ အတွင်း၊ များစွာသော ယုံကြည်သူတို့သည် သေဆုံးခဲ့ကြပြီး ဖြစ်သည်၊ များစွာတို့ သည်လည်း သေဆုံးခဲ့လျက် တဖန်ပြန်လည် မွေးဖွားခဲ့ကြပြီး ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ရှာသောသူ တစ်ယောက် နှစ်ယောက်သာမဟုတ်၊ တစ်ထောင် နှစ်ထောင်ပင်လျှင် မဟုတ်ပေ၊ သို့သော် ဤလူအများစု၏ လိုက်ခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်အလားအလာများ၊ သို့မဟုတ် အနာဂတ်အတွက် ၎င်းတို့၏ ဘုန်းကျက်သရေ ရှိသော မျှော်လင့်ချက်များ အတွက်သာ ဖြစ်သည်။ ခရစ်တော်အား ဆည်းကပ်သော ထိုသူများမှာ အလွန်ပင် ရှားပါးသည်။ ဘုရားဝတ်၌ မွေ့လျော်သော ယုံကြည်သူ များစွာသည်ပင် ၎င်းတို့၏ ကိုယ်ပိုင် ကွန်များတွင် ကျော့မိလျက် သေဆုံးခဲ့ကြပြီး၊ ထို့အပြင် အောင်မြင်မှုကို ရရှိခဲ့သော လူအရေအတွက်မှာ အလွန်ပင် သေးနုပ် လှသည်။ ၎င်းတို့သည် ၎င်းတို့၏ လိုက်ခြင်းတွင် အပတ်တကုတ် ကြိုးထုတ်မှုများ ပြုကြသော်ငြားလည်း၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် ယခင်က ၎င်းတို့၏ အရင်ကျသောသူများမှ လျှောက်ခဲ့သော ရှုံးနိမ့်မှု လမ်းကြောင်းပင် ဖြစ်ပြီး၊ အောင်မြင်မှု လမ်းကြောင်း မဟုတ်ပေ။
၃ အဘယ်ကြောင့်ဆိုသော် လူသည် မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆည်းကပ်ခြင်း၌ မတော်သောကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ဖန်ဆင်းရှင်ထံ သူ၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် သမ္မာတရားကို တွေ့ပြီးသော်လည်း ၎င်းကို ရှောင်ဖယ်လျက် မိမိ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်ခြင်းကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ရှုံးနိမ့်ခဲ့သော ထိုသူတို့၏ လမ်းကြောင်းနောက် လိုက်ခြင်းဖြင့် အမြဲပင် ဖွေရှာသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် အမြဲပင် ကောင်းကင်ဘုံအား ဖီဆန် အန်တုသောကြောင့်ပင် ဖြစ်သည်၊ သို့အတွက်ကြောင့်၊ လူသည် အမြဲပင် ရှုံးနိမ့်ပြီး၊ စာတန်၏ လှည့်ကွက်၌ အမြဲပင် ကျရှုံးရကာ၊ မိမိ၏ ကိုယ်ပိုင် ကွန်တွင်ပင် ကျော့မိခဲ့ကြသည်။ သင်လိုက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်သည် ဆိုလျှင်၊ သင့်တွင် အောင်မြင်ရန် မျှော်လင့်ချက် ရှိ၏။ သမ္မာတရားအား လိုက်ခြင်းတွင် သင်နင်းလျှောက်သော လမ်းကြောင်းသည် မှားယွင်းသော လမ်းကြောင်းဖြစ်ပါလျှင်၊ သင်သည် အောင်မြင်ရန် ထာဝရ မတတ်စွမ်း နိုင်ပဲ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပေါလုကဲ့သို့ပင် တူညီသော နိဂုံးကို ကြုံရမည် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။