နိုင်ငံတော်သို့ သွားရာလမ်းပေါ် ကျွန်ုပ်လျှောက်လှမ်းနေ
၁
ဝိုး.. ဝိုး..
နိုင်ငံတော်သို့လျှောက်လှမ်းရင်း၊
ဘုရား၏နှုတ်ကပတ်တော်များဖတ်ကာ၊ ကျွန်ုပ်သူ့ကိုမျှော်ကြည့်။
အို.. ထိုသို့သောအဓိပ္ပါယ်ရှိသော နှုတ်ကပတ်တော်များ၊
ကျွန်ုပ်၏နှလုံးသားပေါ်တွင် အလွန်လေးနက်စွာ ရိုက်နှိပ်ထား။
ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အား စာတန်၏လှည့်ဖျားခြင်း၊ ဖျက်စီးခြင်းခံရနိုင်သည်ကို စိတ်ပူပန်ပေးခဲ့၏။
ကိုယ်တော်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်ကို လမ်းညွှန်ခဲ့ပြီး၊
စစ်မှန်သောဘဝကိုပေးခဲ့ကာ ဤလမ်းကြောင်းပေါ်တွင် ရှိနေစေခဲ့၏။
၂
ဝိုး.. ဝိုး..
ကိုယ်တော်၏နှုတ်ကပါတ်တော်ရဲ့ အလုပ်အားဖြင့်၊
ဤလောက၏မကောင်းမှုနှင့်မိုက်မဲမှုကို ကျွန်ုပ်မြင်ခဲ့။
ဆိုးယုတ်သောခေတ်ရေစီးကြောင်းများအားဖြင့် အဆက်မပြတ်ရိုက်နှက်ကာ၊
ကျွန်ုပ်တွင် လူသားပုံစံမရှိတော့ပြီ။
ကျွန်ုပ်သည် မျှော်လင့်ခြင်းတစ်စမရှိ၊ မှောင်မိုက်အတိပြည့်သော ကမ္ဘာပေါ်တွင် တဝဲလည်လည်သွားသည့် ထိုနေရာမှာ။
ကိုယ်တော်သည် ကျွန်ုပ်ကိုကယ်တင်ခဲ့သူဖြစ်၏။
ကိုယ်တော်၏နှုတ်ကပတ်တော်ထဲတွင် ထုပ်ပိုးကာ၊ ကျွန်ုပ်ကြီးထွားပြီးသန်စွမ်းလာသည်။
၃
ဘုရားသခင်၏နှုတ်ကပါတ်တော်သည် သမ္မာတရားကို ထုတ်ဖော်၊
ကျွန်ုပ်၏ဒုစရိုက်နှင့် ရွံရှာဖွယ်များကိုထုတ်ဖော်၏။
အတ္တ၊လောဘ၊မာန၊ မုသာများနှင့်ပွထ၊ လူစိတ်ကင်းလို့နီး၊
ကျွန်ုပ်သည် ဘုရား၏ခြေတော်ရင်းမှာ လဲကျ၊
သူ၏တရားစီရင်ခြင်းကို ဦးညွှတ်ကာ နောင်တနှင့်ပြည့်နှက်နေခဲ့။
သမ္မာတရားကိုရှာဖွေရန်စိတ်ဆုံးဖြတ်ကာ၊
ဘုရား၏နှုတ်ကပတ်တော်များ လက်တွေ့ကျင့်ဆောင်ကာ လူသားပုံစံအသက်ရှင်နေထိုင်။
၄
နိုင်ငံတော်သို့ လျှောက်လှမ်းရင်း၊
ကျွန်ုပ်ဝမ်းမြောက်ဝမ်းသာ သတင်းကောင်းဝေငှ။
နေ့ရက်စဉ်တိုင်း ညှင်းပန်းနှိပ်စက်ခြင်းပိုကြီးထွားပြီး လျှောက်လှမ်းရန်ခက်ခဲသော လမ်းတစ်ခုဖြစ်၊
ကျွန်ုပ်ခြေတစ်လှမ်းမရွေ့နိုင်၊
ဘုရား၏နှုတ်ကပတ်တော်ကျွန်ုပ်ကို ဦးဆောင်ကာ ယုံကြည်ခြင်းနှင့် ခွန်အားကိုပေးခဲ့၏။
အဆုံးတိုင် ဘုရားသခင်နောက်လိုက်မည်၊
ဘုရားအတည်ပြုခြင်းရရှိသည့်အတွက် ကျွန်ုပ်သေပျော်ပါလိမ့်မည်။
အို.. အို.. အို..
ဘုရားအတည်ပြုခြင်းရရှိသည့်အတွက် ကျွန်ုပ်သေပျော်ပါလိမ့်မည်။