၄၀ ဘုရားသခင်ကို ချီးမွမ်းခြင်း သီချင်းများ ထာဝရသီဆိုခြင်း

၁ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်အား သမ္မာတရားကို ဖော်ပြရန် နှင့် တရားစီရင်ရန်အတွက် တရုတ်ပြည်တွင် ပေါ်ထွန်းခဲ့သည်။ သူ့အသံတော်ကို ကျွန်ုပ်တို့ ကြားပြီး၊ သူ့ပလ္လင်တော်ရှေ့မှောက်သို့ ချီမခံရသည်။ ဘုရားသခင် နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ အိပ်မက်များတွင်ပင် မတွေးမိခဲ့ပါ။ နှစ်ပေါင်းများစွာသော တောင့်တမှုသည် တကယ် ဖြစ်ပေါ်လာလေပြီ၊ ပြီးလျှင် ကျွန်ုပ်တို့သည် ရွေးနှုတ်သူ၏ ပေါ်ထွန်းမှုကို တွေ့မြင်ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူ၏ အနန္တတန်ခိုးကို ပြသပြီး၊ သန်းပေါင်း ရာနှင့်ချီသော နှလုံးသားများကို သိမ်းပိုက်ခဲ့ပြီ။ ဘုရားသခင်၏ လူမျိုးများသည် သူ့နှုတ်ကပတ်တော်များ၏ ထိန်းကျောင်းမှုကိုခံရန် နှင့် ရေလောင်းခံရန် သူ့ပလ္လင်တော်ရှေ့တွင် စုဝေးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက လူသားမျိုးနွယ် ထာဝရ အသက်လမ်းခရီး ပေးသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို ရရှိသည်၊ ပြီးလျှင် ဘုရားသခင်ကို ချီးမွမ်းခြင်း သီချင်းများ ကျွန်ုပ်တို့ ထာဝရ အမှန် သီဆိုကြသည်။

၂ နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြပြီး၊ သမ္မာတရားကို မိတ်သဟာယ ပြုကြသည်၊ ပြီးလျှင် သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်ချက်နှင့် သန့်စင်ခြင်းကို လက်ခံကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေးကာ၊ ကျွန်ုပ်တို့ မိမိကိုယ်ကို သိလာကြပြီး၊ မိမိ၏ ဆိုးယုတ်သော သဘာဝများကို ရိပ်စားမိကြသည်။ ကျွန်ုပ်တို့သည် မာနထောင်လွှားသည်၊ မိမိကိုယ်ကို ရေးကြီးခွင်ကျယ်လုပ်သည်၊ အတ္တကြီးပြီး၊ စက်ဆုပ်ဖွယ်ဖြစ်သည်၊ ပြီးလျှင် မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် နောင်တတို့ဖြင့် ဘုရားသခင် ရှေ့တော်မှောက်သို့ ကျွန်ုပ်တို့ ပြိုလဲကြသည်။ ဇာတိပကတိကို စွန့်လွှတ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ ကျွန်ုပ်တို့ အသက်တာ စိတ်သဘောထားများ တဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ တရားစီရင်ခံရခြင်းနှင့် သမ္မာတရား သိနားလည်ခြင်းတို့မှတစ်ဆင့်၊ ဘုရားသခင်သည် အလွန် ဖြောင့်မတ်ကာ သန့်ရှင်းပြီး၊ ကျွန်ုပ်တို့၏ နှလုံးသားများတွင် သူ့အတွက် ကြောက်ရွံ့ခြင်း ဖြစ်ပေါ်သည်။ ဘုရားသခင်သည် မည်မျှ နှစ်လိုဖွယ်ဖြစ်ကာ ချစ်ခင်ဖွယ်ဖြစ်သည်ကို ကျွန်ုပ်တို့ သာ၍ပင် ခံစားရသည်။ သူ၏ တရားစီရင်ခြင်းမှတစ်ဆင့်၊ ကျွန်ုပ်တို့ သန့်စင်စေခြင်းခံရကာ ဘုရားသခင် ကျေနပ်ဝမ်းမြောက်သည့် ရိုးသားသော လူများ ဖြစ်လာကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အားလုံးကို ကျွန်ုပ်တို့ နှစ်သက်ခံစားပြီး ဘုရားသခင်ကို ချီးမွမ်းခြင်း သီချင်းများ ကျွန်ုပ်တို့ ထာဝရ အမှန် သီဆိုကြသည်။

၃ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်ဖြင့် စတင်နှင့်လေပြီ။ သူ၏ လူတို့သည် တရားစီရင်ခြင်းနှင့် သန့်ရှင်းစေခြင်းတို့ကို ကြုံနေကြသည်။ ကျွန်ုပ်တို့သည် အခက်အခဲများကို ကြုံရပြီး ဘုရားသခင်အတွက် ထူးကဲသော သက်သေကို ခံရင်း၊ ကျွန်ုပ်တို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ကြသည်။ အတိဒုက္ခနှင့် စမ်းသပ်မှု နှစ်ကာလများမှတစ်ဆင့်၊ ဘုရားသခင်သည် စာတ်ကို အနိုင်ယူရင်း၊ ဘုန်းအသရေကို ရယူရင်းနှင့် သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို ထုတ်ဖော်ပြရင်း အောင်မြင်သောသူတစ်စုကို ပြုလုပ်နှင့်ပြီးဖြစ်သည်။ နိုင်ငံတော် ဧဝံဂေလိတရားက မရှိစဖူးသော ထည်ဝါမှုကို ကြိုဆိုလက်ခံသည်။ ဘုရားသခင်၏ ကြီးမြတ်သော အမှုသည် အပြည့်အဝ ပြီးမြောက်ပြီဖြစ်ကာ သူ၏ ဖြောင့်မတ်ခြင်းသည် ချီးမွမ်းထိုက်သည်၊ ဘုရားသခင်၏ သန့်ရှင်းသော နာမတော်သည် အနှံ့အပြား ချီးမြောက်ခံရ၏။ ဘုရားသခင်၏ နိုင်ငံတော် ကမ္ဘာပေါ်တွင် ပေါ်ထွန်းပြီး၊ သူ၏လူမျိုးများ ကခုန်ကာ၊ သီချင်းသစ်များ သီဆိုကြသည်။ တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပြီး၊ ဘုရားသခင်ကို ချီးမွမ်းခြင်းသီချင်းများ ကျွန်ုပ်တို့ထာဝရ အမှန် သီဆိုကြသည်။

အရှေ့သို့- ၃၉ စကြဝဠာကြီးသည် ဘုရားသခင်ကို ချီးမွမ်းခြင်းအသံများဖြင့် မြည်ဟည်း

နောက်တစ်ခုသို့- ၄၁ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ချီးမွမ်းဆုံးမည်မဟုတ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။